မဇ္ဈိမ
ရေဘေးသင့်သူများအတွက် MPT SMSမှတစ်ဆင့် မိုဘိုင်းသုံးစွဲသူက တစ်ဦး ၅၀၀ဖြင့် လှူဒါန်းငွေမှာ သိန်း ၁၇၅၀ကျော် ရရှိဟု MPTက ထုတ်ပြန်ထားသည်။
"၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၀)ရက်၊ နံနက်(၉)နာရီအထိ မိဘပြည်သူများထံမှ ရေဘေးအတွက် SMS ပေးပို့ လှူဒါန်းခြင်းမှ ရရှိသည့် အလှူငွေမှာ စုစုပေါင်း ၁၇၅,၅၅၅,၅၀၀ကျပ် ဖြစ်ပါတယ်။ အခုလို SMS တစ်စောင်ခြင်းဆီမှတဆင့် စေတနာသဒ္ဓါအပြည့်နဲ့ လှူဒါန်းတဲ့ MPT သုံးစွဲသူများဟာ တစ်စုတစ်စည်းထဲ ရှိနေတယ်ဆိုတာကို သိရှိခွင့်ရခဲ့ပါတယ်ခင်ဗျာ။"ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။
MPTက ၎င်း၏ မိုဘိုင်းဖုန်းအသုံးပြုသူများကို သြဂုတ်လအတွင်းကမှ စတင်ကာ ရေဘေးသင့်ပြည်သူများအတွက် ပူးပေါင်းလှူဒါန်းနိုင်ရန် “၅၀၀”ကျပ် လှူဒါန်းနိုင်သည့် အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ရေဘေးသင့်ဒေသများအတွက် ငွေလှူဒါန်းလိုသူများက ၅၀၀ ဟုရိုက်ပြီး 2001 သို့ SMS အခမဲ့ပေးပို့ကာ ဖုန်းဘေလ်မှတစ်ဆင့် လှူဒါန်းနိုင်သည်။
ထိုသို့ မက်ဆေ့ပေးပို့လှူဒါန်းမှုကို အကြိမ်ရေ ကန့်သတ်ထားခြင်းလည်း မရှိပေ။ ထိုမှရရှိသည့် အလှူငွေများကို မြန်မာနိုင်ငံ အနှံ့ရှိ ရေဘေးသင့်နေသည့် ဒေသများသို့ သွားရောက် လှူဒါန်းမည်ဖြစ်သည်။
No comments:
Post a Comment