ဧရာဝတီ
လာမယ့် ရွေးကောက်ပွဲ ၀င်ဖို့ လျှောက်ထားတဲ့ ကိုယ်စားလှယ်လောင်း ၁၀၀ ခန့် ပယ်ချခံရခြင်းနှင့် ပတ်သက်၍ အမေရိကန် အစိုးရက စိုးရိမ်မကင်းဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။ ပယ်ချခံရတဲ့ အထဲမှာ လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေအပြင် မွတ်ဆလင်ကိုယ်စားလှယ် လောင်းတွေလည်း ပါဝင်နေပြီး၊ ပယ်ချခံရတဲ့အကြောင်းကို တိတိကျကျ ပြောဆိုရှင်းလင်းထားခြင်းမရှိဘူးလို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ John Kirbyက မွတ်ဆလင်ကိုယ်စားလှယ်လောင်းတော် တော်များများ ပယ်ချခံခဲ့ရတာကို သတိပြုမိကြောင်း၊ မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီလိုအခြေအနေတွေ ကို ကြိုးစားဖြေရှင်းသွားဖို့၊ လာမယ့် ရွေးကောက်ပွဲကနေ တိုင်းပြည်တိုးတက်အောင်လုပ်ဆောင်ဖို့လည်း ပြောဆိုသွားပါတယ်။
U.S. Campaign for Burma အဖွဲ့မှ Simon Billenness ကတော့ မြန်မာအစိုးရအပေါ်မှာ အမေရိကန်အစိုးရ အနေနဲ့ ပိုမို ဖိအားပေးဖို့ တိုက်တွန်းပြောကြားကြောင်း Los Angleles Times သတင်းစာမှာ ရေးသားထားပါတယ်။

No comments:
Post a Comment