Tuesday, September 22, 2015

၁၃ နှစ်ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်

မဇ္ဈိမ

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရန် နယ်စပ်ဂိတ်တစ်ခုကို မကြာမီဖွင့်လှစ်ရန် ရှိကြောင်း ထိုင်းအကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ဆင်ဟွာသတင်း တွင်စက်တင်ဘာ ၁၈ ရက်က ဖော်ပြသည်။

လုံခြုံရေးကြောင့် ၁၃ နှစ်ကြာ ပိတ်ထားခဲ့သည့် The Baan Lak Tang နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် ထိုင်းမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ကြား ကီလိုမီတာ ၂၂၇ လမ်းမကြီးပေါ်ရှိ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

WiangHaeng နှင့် တောင်ကြီးကြား၊ Keng Tung နှင့် တာချီလိတ်ကြား ကုန်သွယ်ရေးနှင့် ခရီးသွားရေး လမ်းကြောင်း ပြန်လည်လမ်းပွင့်လာမည်ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

No comments: