စည်သူမောင်မောင်
လူငယ်ကွန်ရက် ကျောင်းတွင် ရွှေဝါရောင် ၇ နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ဆုတောင်းပွဲကို စက်တင်ဘာ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် "တပည့်တော်တို့ရဲ့ မေတ္တာဓာတ်ကြောင့် တပည့်တော်တို့ရဲ့ တော်လှန်မှုကြောင့် အာဏာရှင်တွေဟာ အရောင်ပြောင်းသွားရပါတယ်။ ဒါ့ကြောင့် တပည့်တော်တို့ရဲ့ မေတ္တာဓာတ်တွေဟာ သူတို့ရဲ့ လက်နက်တွေထက် စွမ်းတယ်ဆိုတာကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပည့်တော်တို့ သံဃာတော်တွေဟာ အာဏာရှင်တွေရဲ့ လက်နက်ထက်စွမ်းတဲ့ မေတ္တာ လက်နက်ကို ပြခဲ့ပြီးပါပြီ။ တပည့်တော်တို့ ပြည်သူပြည်သားတွေ ကောင်းစားစေချင်တဲ့ ဆန္ဒတွေဟာ တစ်စက်ကလေးမှ လျော့မသွားခဲ့ပါဘူး" ဟု ဦးဆောင်သူ ဆရာတော် တစ်ပါးက မိန့်ကြားသွားသည်။
No comments:
Post a Comment