Friday, September 18, 2015

ဝါတွင်း အလှူပွဲ အတွင်း အစိုးရတပ် လက်နက်စုံ ဖြင့်ပစ်ခတ် ၁ ဦးသေ ၆ ဦးဒဏ်ရာရ

သျှမ်းသံတော်ဆင့်

စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်မည့် ဝါခေါင်လ ကွယ်နေ့ ဥပုပ်နေ့ အလှူ အတွက် လွယ်လင် မြို့နယ် အတွင်း ဘုန်းကြီးကျောင်း တွင် ဆွမ်းဟင်း ချက်ရန် ဝိုင်း ကူနေ ကြ သော ရွာသား များထံ အစိုးရ စစ်ကြောင်း မှ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ၁ ဦးသေကာ ၆ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည် ။

စက်တင်ဘာလ ၁၂ ရက်နေ့က လွယ်လင် မြို့နယ် မိုင်းပွန် တောင်ဘက် ၁၈ မိုင်ခန့် အကွာရှိ နောင်လိုင် အုပ်စု နောင်ပါတက်ရွာ ဘုန်းကြီးကျောင်း အတွင်း ဆွမ်းဟင်းချက်ရန် ရောက်ရှိ နေကြသော ရွာသားများ ထံသို့ လှုပ်ရှား သွားလာနေသော အစိုးရ စစ်တပ်က လက်နက်ကြီး ငယ် မျိုးစုံဖြင့် ပစ်ခတ်သဖြင့် ရွာသူတဦး ပွဲချင်းပြီးသေကာ ရွာသား ၆ ဦး ထိခိုက် ဒဏ်ရာရ ခဲ့ကြောင်း ဒေသခံ စိုင်းလုံ ကပြောသည် ။

“ ၁၂ ရက်နေ့ မနက် ၁၁ နာရီလောက်ကပါ ။ ရွာသားတွေ ဆွမ်းဟင်း ချက်ဖို့ ပြင်ဆင်နေတုန်း လက်နက်ကြီး ကျည်ကျလာ တယ် ။ သေနတ်တွေနဲ့ ပစ်ခတ်ခံ ရလို့ ပါကြာ ဆိုတဲ့ အသက် ၆၀ အရွယ် အဖွားကြီး လက်နက်ကြီး ကျည်ထိပြီး ပွဲချင်းပြီး သေတယ် ။ ” - ဟု ဆိုပါသည် ။

လုံးတောင် (၄၀နှစ်) ဆိုသူမှာ ညာဘက်လက်နှင့် ခြေထောက် ပြတ်သွားကြောင်း ၊ စိုင်းဆန်ဆွေ (၃၀ နှစ်) မှာ ဝမ်းဗိုက်တွင် ကျည်စထိမှန် ကြောင်း ၊ နန်းခမ်းမိုး (၃၀ နှစ်) မှာ လက်တွင် ထိမိပြီး ၊ စိုင်းအိုက်ဖေမှာ ခြေထောက်တွင် ဒဏ်ရာ ရရှိကြောင်း ၊ စိုင်းမေးမှာ တကိုယ်လုံးတွင် ကျည်စ ထိမှန်ကြောင်း ဒေသခံ ရွာသားများက ရှင်းပြသည် ။

“ ဒဏ်ရာ ရတဲ့သူ တွေကို တောင်ကြီး စဝ်စံထွန်း ဆေးရုံကို ပို့ဆောင်ထားတယ် ။ ပစ်ခတ်မှုကြောင့် လန့်ကုန်ကြလို့ ဒဏ်ရာ ရတဲ့သူနားကို ဘယ်သူမှ မကပ်ရဲလို့ ဒီနေ့မှ တောင်ကြီးဆေးရုံ ကိုရောက်တာ ။” - စိုင်းခွန်ဆန် ကရှင်းပြသည် ။

အဆိုပါ ဖြစ်ပွါးမှု ကိစ္စ ဟုတ်မှန်ကြောင်း ၊ ဖြစ်ပွါးခဲ့သည့် တိုင်ကြားမှု သတင်း အချက် အလက်များလည်း ရရှိထားကြောင်း ဆက်လက်၍ စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း RCSS ၏ တောင်ကြီး ရုံးအရာရှိ တဦးက ပြောသည် ။

အစိုးရ တပ်မတော်နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့သည် ပြီးခဲ့သည့် ၇ ရက်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွါးခဲ့သည် ။ အစိုးရဘက်က ၃ ဦးကျကာ ၄ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့သည် ။ ယခုကဲ့သို့ ဖြစ်ပွါးခြင်းသည် ငြိမ်းချမ်းရေး အတွက် အဟန့် အတားကြီး ဖြစ်စေကြောင်း ၊ အစိုးရတပ်၏ နယ်မြေ စိုးမိုးရေး နယ်မြေ ရှင်းလင်းရေး လှုပ်ရှားမှုကြောင့် ဖြစ်ကြောင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် ဘက်က ပြောပါသည် ။

RCSS/SSA သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက် နေသည့်အဖွဲ့ ဖြစ်ပြီး တပြည်လုံး အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန် အတွက် သဘော တူထားသည့် အဖွဲ့ ဖြစ်ပါသည် ။

No comments: