သျှမ်းသံတော်ဆင့်
သျှမ်းပြည် တောင်ပိုင်း လွယ်လင်မြို့ မိုင်းပွန် အရှေ့ဘက်တွင် သျှမ်းပြည် တပ်မတော် RCSS / SSA နှင့် အစိုးရ တပ်တို့ကြား ယမန်နေ့က တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားပြီး နှစ်ဘက် တပ်များ အကျ အဆုံး ရှိသည်ဟု ဆိုသည် ။
စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီကျော်မှ ည ၆ နာရီကျော် အထိ လွယ်လင် မြို့နယ် မိုင်းပွန်မြို့ အရှေ့ဘက် ၁၀ မိုင်အကွာ နမ့်မော်လင် လိန်ရွာ အနောက်ဘက် ဆမ်ပူး ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ၊ သျှမ်း ပြည်တပ်မတော် RCSS/SSA ၏ စစ်ကြောင်းအား အစိုးရ တပ်မတော် အရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လွယ်လင် ခလရ ၁၂ က လိုက်လံ ပိတ်ဆို့ရာမှ နှစ်ဘက် တိုက် ပွဲ ဖြစ်ပွား ရကြောင်း ၊ တိုက်ပွဲ ကြောင့် နှစ်ဘက်တပ် သေကြေ ထိခိုက် ဒဏ်ရာ ရရှိသူ ၈ ဦးထက် မနည်းရှိကြောင်း ဒေသအတွင်း သတင်း ရပ်ကွက်က ပြောသည် ။
“ အစိုးရတပ် ဘက်က ၇ ဦး ဒဏ်ရာ ရရှိတယ် ။ အဲဒီ အထဲမှာ သူတို့ရဲ့ အရာရှိ တဦးနဲ့ တပည့် ၂ ဦး ကျတယ် ။ RCSS ဘက်က တယောက် ကျတယ် ပြောတယ် ။ ” - ဟု နီးစပ်သည့် အသိုင်း အဝိုင်းက ပြောသည် ။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ သျှမ်းပြည် တပ်မတော် RCSS / SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက ဟုတ်မှန်ကြောင်း ဤကဲ့သို့ အတည် ပြုသည် ။
“ အခု ဖြစ်တာက တပ်မတော် ကနေ နယ်မြေ စိုးမိုးရေးကြောင့် ဖြစ်တာ ၊ ဒီဟာတွေ လုပ်နေသရွေ့ တော့ တိုက်ပွဲ က ဖြစ်ပွား နေမှာဘဲ ။ ဒီကိစ္စက UPWC ကိုလဲ ပြောထားတယ် ။ အဓိက ကတော့ ဒီငြိမ်း ချမ်းရေး ဖြစ်စဉ် သွားနေစဉ် အတွင်း နှစ်ဘက်တပ် နေရာ အတည် တကျ မထားနိုင် သေးခင်အထိ တိုက်ပွဲမဖြစ်ဖို့ အဓိက ရှောင်ရှား ကြဖို့ ပြောတယ် ။ အခုလဲ ရှောင်ရင်း ဖြစ်ရတယ် ။ တပ်မတော်ရဲ့ နယ်မြေ စိုးမိုးရေး ကြောင့်ပဲဖြစ်တာ” - ဟု ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။
တိုက်ပွဲကြောင့် နှစ်ဘက် အကျအဆုံး နှင့်ပတ်သက်၍ သျှမ်းပြည် တပ်မတော် ဘက်က အတည်ပြု ပေးခြင်း မရှိပေ ။ တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွင် အစိုးရ တပ်မတော် ဘက်မှ တပ်ဆုတ် ပေးလိုက်ရသည့် အပေါ် နယ်မြေ ပြန်လည် စိုးမိုးမှု ရရှိရေး အတွက် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ် အပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် ခံတပ်များက အဆိုပါ ဒေသဘက် အင်အား ထပ်ဖြည့် နေကြောင်း ဒေသခံများက ပြောသည် ။
ဩဂစ်တ် ၁၇ ရက် နေ့တွင် အစိုးရ နှင့် တတိုင်းပြည်လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်လက် မှတ်ရေး ထိုးရန် သျှမ်းပြည် တပ်တော်က အဆင့်သင့် ဖြစ်နေပြီဟု KNU , KNLA – PC , DKBA စသည့် ကရင် လက်နက်ကိုင် တပ်ဖွဲ့များ နှင့်အတူ ပူးတွဲ ကြေငြာချက် ထုတ်ပြန် ထားသည် ။
ထို့နောက်ပိုင်း တွင်လည်း သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင် ကျေးရွာအုပ်စု ဘက်တွင်လည်း တိုက်ပွဲ ပထမ အကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့သည် ။ တိုက်ပွဲကြောင့် ဒေသခံ လူထု ၇ ဦးအားလည်း အစိုးရတပ်ဘက် က ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးသည် ။
No comments:
Post a Comment