Saturday, September 19, 2015

SMART Myanmar သင်တန်းဆင်းပွဲ အီးယူသံအမတ် တက်ရောက်

မဇ္ဈိမ

ရန်ကုန်မြို့၊ ရွှေပြည်သာ ရွှေရည်စံပယ်အထည်ချုပ်စက်ရုံ၌ စက်တင်ဘာ ၁၈ တွင် ကျင်းပသည့် SMART Myanmar ဥရောပအထောက်အပံ့စီမံကိန်းဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန် ကိုဘီးယားတက်ရောက်ခဲ့သည်။

SMART Myanmar စီမံကိန်းသည် ဥရောပသမဂ္ဂ-EU ၏ ငွေကြေးဖြင့်လည်ပတ်သည့် SWITCH-Asia အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံထွက် အထည်များကို "မြန်မာပြည်တွင် ထုတ်လုပ်သည်" ဟု တံဆိပ်ကပ်နိုင်ရေး အရည်အသွေးမီရန် ကူညီနေသည့် အစီအစဉ်လည်းဖြစ်သည်။

SMART Myanmar Compliance Academy သည် လူမှုရေးဆိုင်ရာတာဝန်ခံမှုရှိသော တစ်နိုင်အထည်ချုပ်လုပ်ငန်းမှ ကော်ပိုရေးရှင်းအဆင့် ဖွဲ့စည်းပုံမခိုင်မာသေးသည့် အထည်ချုပ်စက်မှုလုပ်ငန်းများ အတွက် သင့်လျှော်စေရန် သင်ရိုးညွှန်းတမ်းများဖြင့် စီစဉ်ထားသည့် သင်တန်းများဖြစ်သည်။ SMART Myanmar သည် ယခုအခါ အထည်စက်ရုံ ၆ ရုံကို ကြီးကြပ်သင်ကြားနေပြီး ဟောပြောပွဲ၊ ပြောင်းလဲတိုးတက်မှု များကို လေ့လာခြင်းတို့ပါဝင်ပြီး စနစ်ကျစေရန် ကူညီခြင်းဖြင့် လုပ်ငန်းခွင် တိုးတက်မှုကို ရေရှည်တည်တံ့စေနိုင်ရန် ဖြစ်သည်။

ဥရောပသမဂ္ဂ သံအမတ်ကြီး က "အထည်ချုပ်လုပ်ငန်းဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပြီးရင် အဓိကထုတ်ကုန်အဖြစ် အလျင်အမြန်ဖြစ်ပေါ်လာနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တင်ပို့မှုဟာ နှစ်ဆလောက် တက်လာပါတယ်။ မြန်မာကနေ အဓိက ၀ယ်ယူနေသူဖြစ်တဲ့ အီးယူကနေ ခွင့်ပြုထားတဲ့ ကုန်သွယ်မှုဦးစားပေးစနစ်ကြောင့်လည်း ထပ်ပြီးတိုးတက်လာဖို့ ရှိပါတယ်။" ဟု ပြောဆိုသည်။ "ဥရောပဈေးကွက်သို့ ၀င်ရောက်နိုင်ရန် လိုအပ်ချက်များကို SMART Myanmar စီမံကိန်းအစီအစဉ် အကူအညီနဲ့ လေ့လာသင်ယူခွင့် ရရှိခဲ့သည်။" ဟု ရွှေရည်စံပယ် အထည်ချုပ်လုပ်ငန်း ကုမ္ပဏီမှ ဒေါ်အေးအေးဟန်ကပြောသည်။

No comments: