သျှမ်းသံတော်ဆင့်
အစိုးရတပ်မတော် စစ်ကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးဒေသခံ ရွာသူရွာသား ၂၀၀ ကျော် မိုင်းရှူးမြို့အနီး ရွာမကြီးတခုသို့ထပ်မံစစ် ဘေး ရှောင်နေရသည်ဟု သိရသည် ။
အာက်တိုဘာ ၁၆ -၁၇ ရက် အတွင်း သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် အနီး တပ်စခန်းတခု အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးသီး - မိုင်းရှူး မြို့နယ်ကြား ဝမ့်ဆော့ အုပ်စုဝင် မိုင်းအတ် ၊ ဝမ့်လွေ ၊ ဝမ့်ဆော့ ဒေသခံများ နေရပ်မှ စစ်ဘေးရှောင်နေရသည်ဟု ဆိုသည် ။
ဝမ့်ဆော့ရွာမ ရောက်စစ်ဘေးဒုက္ခသည်တဦးက - “ ကျမ ဘာမှ ရမလာဘူး ။ ကလေးတွေတောင် ဆော့ရင်းကစားရင်း ကြားက ချီလာရတာ ။ စားစရာတွေ ၊ အဝတ်အစားတွေဆို ပြောမနေနဲ့တော့ ယူချိန်တောင် မရလိုက်ဘူး ။ ပြောင်းဖူး သွားကောက်ပြီး ပြန်လာတာ လေ ။ ထမင်းဟင်းတောင် မချက်ရသေးဘူး ။ သေနတ် သံက ရွာနားပေါက်တော့ ကလေး တွေကို ကောက်ချီပြီး ထွက်ပြေးလာတာ ” - ဟု မျက်ရည်လည်ရွဲဖြင့် သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
အာက်တိုဘာ ၆ ရက် နောင်ခိတ် နားပေ ကျေးရွာ ၊ ဟိုင်းပါကျေးရွာအုပ်စု အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအားအစိုးရ စတင်ထိုးစစ်တိုက်ခိုက်မှု ကြောင့်လည်း ဒေသခံ ထောင်ကျော် စစ်ဘေးရှောင်ရသည် ။ ဟိုင်းပါဘုန်းကြီးကျောင်းတွင် ဒေသခံ ၇၀၀ ကျော် စစ်ဘေးရှောင် လျက်ရှိသည် ။
မိုင်းရှူးမြို့ ဆွေမျိုးများနေအိမ်များ၌သော်လည်းကောင်း ၊ တောတောင်အတွင်း၌ သော် လည်းကောင်း ပုန်းအောင်းနေထိုင်သူ ရာဂဏန်းရှိနေသည် ။ အစိုးရတပ်မတော်မှ သျှမ်း ပြည်တပ်မတော် SSPP/SSA အပေါ် ထိုးစစ်ဆင်မှုကြောင့် ဒေသခံ သုံးထောင်ကျော် စစ်ဘေးရင်ဆိုင်နေရသည်ဟု မိုင်းရှူးမြို့ခံ ရပ်မိ ရပ်ဖတဦးက ပြောသည် ။
အစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက် မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးတည် ဆောက်ထားသည့် သျှမ်းလက်နက် ကိုင် တပ်ဖွဲ့ ဖြစ်သည် ။
No comments:
Post a Comment