မဇ္ဈိမ
ရွေးကောက်ပွဲ မဲပေးမည့်နေ့တွင် မဲဆန္ဒရှင်စားရင်း၌ အမည်မပါဝင်သူများက မဲရုံပတ်ဝန်းကျင် များတွင် မဲပေးခွင့် မရရှိမှုအကြောင်းပြ၍ ပြဿနာ စတင်ဖြစ်ပွားမည်ကို စိုးရိမ်သည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဦးစိုးညွှန့်က ပြောသည်။ -
ယင်းအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားပြီး မဲရုံမှူး၏ ဆုံးဖြတ်ချက်မှာ အဓိက ကျသည်ဟု ပြောသည်။ “မဲရုံမှူးက အင်းအားတောင်းခံလာရင်လည်း မဲရုံမှူးရဲ့ဆုံးဖြတ်ချက်ပဲ။ ကိုက်ငါးရာအတွင်း မှာပါ၊ ဒီလူတော့ ဖမ်းပေးပါ။ ဒီလူတော့ အမှုဖွင့်ပေးပါ။ ဒီလူတော့ ဘာလုပ်ပေးပါဆိုရင် ကျွန်တော်တို့ ရဲက ဝင်ပြီးတော့ ဆောင်ရွက်ပေးမှာ” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲကာလတွင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲလက် မှတ် သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံရေး ဆောင်ရွက်ခြင်းများ၊ ပုံသေလုံခြုံရေး၊ မိုင်းရှာရဲတပ်ဖွဲ့ ဝင်များ၊ မိုင်ရှာခွေးများဖြင့် ဗဟိုစည်း၊ အနီးစည်၊ အဝေးစည်း၊ အတွင်းစည်း၊ အပြင်စည်းဟူ၍ အုပ်စုခွဲ၍ အသင့်စုဖွဲ့ ဆောင်ရွက်မည်ဟုလည်း သိရသည်။
နေပြည်တော်တွင် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကာလကို လုံခြုံရေး လိမ္မော်ရောင်အဆင့် သတ်မှတ်ထား၍ ဆောင်ရွက်သွားမည် ဖြစ်သည်။ လိမ္မာရောင် လုံခြုံရေးအဆင့် တွင်နေပြည်တော်၌ နိုဝင်ဘာ ၈ ရက်နေ့ မဲပေးသည့်နေ့၌ အထူး ရဲ ခြောက်ရာကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို သက်ဆိုင်မြို့နယ်ရှိ မဲရုံများ၏ ကိုက် ၅၀၀ နယ်နိမိတ် ပတ်လည် နေရာများတွင် တာဝန်ချထား မည်ဖြစ်ကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးမှ ဒုရဲမှူးဦးစိုးညွှန့်က အောက်တိုဘာ လဆန်းတွင် ပြောသည်။
“မဲရုံ ၆၁၄ ရုံအတွက် ဗဟိုစည်းအနေနဲ့ သတ်မှတ်ပြီးတော့မှ အဲ့ဒီမှာ ဗဟိုစည်းအင်အားကို ကျွန်တော်တို့ အထူးရဲနဲ့ အရန်မီးသတ်ကနေပြီးတော့မှ အဓိက ဆောင်ရွက်သွားဖြစ်ပါတယ်။ အထူး ရဲကတော့ ဒီအငြင်းပွားမှုပါတ်သက်ပြီး သူရဲ့သတင်းရရှိမှုကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုရဲမှူးစိုးညွှန့်က ပြောသည်။ မဲဆွယ်စည်းရုံးကာလ စက်တင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ လုံခြုံရေး အပြာရောင်အဆင့် သတ်မှတ် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ရွေးကောက်ပွဲ အလွန်ကာလကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန် ကြေညာပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီးစီးသည့် အချိန်အထိ လုံခြုံရေးအဆင့် အစိမ်းရောင်ကာလ သတ်မှတ်၍ ဆောင်ရွက်မည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ အရာရှိက ပြောသည်။
No comments:
Post a Comment