Khonumthung
နက်ဖန် အောက်တိုဘာ ၁၅ ရက်နေ့တွင် တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့နှင့် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးမည့် ချင်းအမျိုးသား လက်နက်ကိုင်အဖွဲ့ CNF အား အစိုးရက သတင်းထုတ်ပြန်ချက် အမှတ် ( ၉ / ၂၀၁၅) ဖြင့် မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့စာရင်း တွင် အကျုံးဝင်မှုမရှိတော့ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ က ကြေညာချက် ထုတ်ပြန်လိုက်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရမှ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် တိုင်း ရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့အား ဖိတ်ခေါ်ခဲ့ရာမှ စာချုပ်လက်မှတ်ရေးထိုးမည့် CNF အပါအ၀င် တခြား တိုင်းရင်း သားလက်နက်ကိုင် KNU, KNU- PC, DKBA, RCSS, ALP, PNLO , ABSDF (၈) ဖွဲ့တို့ အား မတရား အသင်းမှ၎င်း၊ အကြမ်းဖက် အဖွဲ့မှ ၄င်း ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်းသည် အဆင့် ၇ ဆင့် ရှိသော NCA ပါ နိုင်ငံရေး လမ်းပြမြေပုံ၏ ပထမအဆင့်သာဖြစ်ပြီး ၄င်းမှ တဆင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ သို့ တက်လှမ်းပြီး CNF ၏ ရည်မှန်းချက်ဖြစ်သော ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရက် တစ် ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူများနှင့် အတူတကွ လက်တွဲ ဆောင် ရွက်သွား မည် ဖြစ်ကြောင်း CNF က အောက်တိုဘာလ (၂) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းမှ ကြိုးပမ်းမှုများရှိခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း ထို့ကြောင့် CNF အနေဖြင့် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေး ပွဲများမှတဆင့် ပြည်ထောင်စုသ ဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦး (CNF) သည် အောက်တိုဘာလ (၁၀) ရက်နေ့က အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး မည့် ကိစ္စ နှင့် ပါတ်သက်ပြီး ရန်ကုန်မြို့၊ Summit Park View ဟိုတယ်တွင် ချင်းလူထု အား ရှင်းလင်းသည့် အခမ်းအနား တခု ပြုလုပ်ခဲ့သည်။
No comments:
Post a Comment