ဦးလွင်
နိုင်ငံသားတစ်ဦးခြင်းစီ ပိုင်ဆိုင်မှု မြောက်များစွာ ထားရှိနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ဥစ္စာ ပစ္စည်းပိုင်ဆိုင်မှုအလိုက် နိုင်ငံတော်သို့ အခွန်နှစ်စဉ် ပေးသွင်းရသည့် ပိုင်ဆိုင်မှုအခွန်(Propet Tax) ထည့်သွင်း ရေးဆွဲသင့်ကြောင်း NLD အမတ် ဒေါ်စန္ဒာမင်းက ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပသည့် ပြည် ထောင်စု လွှတ်တော် အစည်းအဝေး၌ လက်ရှိအစိုးရကို အကြံပြုသည်။
“ ဒီစနစ်ကို ထည့်သွင်းရေးဆွဲမှသာ မိမိ ၀င်ငွေရလမ်း မဖော်ပြနိုင်ပဲ ပိုင်ဆိုင်ထားမှုအလိုက် နှစ်စဉ် နိုင်ငံတော်ကို အခွန်ပေးဆောင်စေခြင်းဖြင့် နိုင်ငံသားတစ်ဦးခြင်းစီ ပိုင်ဆိုင်မှု မြောက်များစွာ ထားရှိနေခြင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်မှာပါတယ် “ ဟု ၎င်းက အကြုံပြုခဲ့သည်။
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည် လွှတ်တော်တွင် အစိုးရ၏ ၂၀၁၅-၂၀၁၆ ခုနှစ် ပထမ ခြောက်လပတ် အမျိုးသားစီးမံကိန်းဆောက်ရွက်မှု အစီအရင်ခံစာပေါ် ပြည်ထောင်စုလွှတ်တော်၏ စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းက်ာမတီ၏ စိစစ်တွေ့ရှိချက်အစီအရင်ခံစာကို ဆွေးနွေးပြီး ပိုင်ဆိုင်မှုအခွန်(Propet Tax) ထည့်သွင်း ရေးဆွဲသင့်ကြောင်း အကြံပြုခဲ့သည်။
ပညာရေးကဏ္ဍ၊သစ်တောကဏ္ဍ၊အခွန်စနစ်နှင့်ကုန်သွယ်မှုကဏ္ဍများကိုလည်း အစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း NLD အမတ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်၌ ဝေဖန်ဆွေးနွေးခဲ့ သည်။
No comments:
Post a Comment