Friday, December 18, 2015

ဘူးသီးတောင်တွင် ကူးတို့ပို့သူ တစ်ဦး၏ အလောင်း ရေထဲတွင် တွေ့ရှိ

ခိုင်ခန့်အောင်(ဘူးသီးတောင်)


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ပြင်ကျေးရွာမှ ကူးတို့ ပို့သူ တစ်ဦး၏ အလောင်းကို ဒီဇင်ဘာ ၆ နေ့တွင် ကျောက်ပြင် ကျေးရွာ ချောင်းထဲတွင် သေဆုံးလျက် တွေ့ရှိသည်ဟု ရွာသားများက ပြောသည်။

သေဆုံးသူမှာ ကညင်ချောင်းကျေးရွာအုပ်စု ကျောက်ပြင်ကျေးရွာမှ ဦးအောင်မြကျော်(ဘ) ဦးဦးသာအေး ဖြစ်သည်။

သူသည် နိုဝင်ဘာ ၄ ရက်နေ့တွင် ထိပ်ထူးပေါက်ကျေးရွာမှ ဘင်္ဂလီ ၁၀ ဦးကို ချောင်း တစ်ဖက်ကမ်း သို့ ကူးတို့ပို့ရာမှ ပျောက်ဆုံးသွားခဲ့ပြီးနောက် သူ့ရုပ်အလောင်းကို ဒီဇင်ဘာလ ၆ ရက် နံနက် ၁၀ နာရီခန့်တွင် ကျောက်ပြင်ချောင်း နဘေးတွင် တွေ့ရရှိခဲ့သည်ဟု ပြင်ချောင် ကျေးရွာနေ ဦးစိန်လှမောင်က ပြောဆို သွားပါသည်။

“သူက အဲဒီနေ့မှာ စားသောက်မူးယစ်တာလည်း မရှိဘူး။အရင်တော့ နည်းနည်းပါးပါးသောက်တတ်တယ်။ သူက အဲဒီနေ့မှာ ၀ါးခုတ်သမား ဘင်္ဂလီ (၁၀)ယောက်ကို ကူတိုးပို့တယ်။ ဒါပေမယ့် ပြန်မလာတော့ဘူး။ ကူးတို့လှေကိုတော့ ချောင်းတစ်ဖက်ကမ်းမှာ ပြန်တွေ့တယ်။ ကျန်တာကို သူ ဇနီးဘဲ သိမယ်။ ကျွန်တော်က ဒါလောက်ဘဲသိတယ် ”ဟု ဦးစိန်လှမောင်က ပြောသည်။

အဆိုပါ ကျေးရွာမှာ ဖုံညိုလိပ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပိုင်နယ်မြေဖြစ်သဖြင့် ယင်းရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျရဲအရာရှိမှ သေဆုံးသည်မှာ ဟုတ်မှန်ကြောင်း၊ ရေနစ်၍ သေဆုံးသည်ဟု သတင်းရရှိကြောင်း၊ ညောင်ချောင်းရဲစခန်းမှ သေမှုသေခင်းအမှတ် စဉ် (၁၅) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော် အနိုင်ရ အမတ် ဦး ထွန်းအောင်သိန်းအား မေးမြန်းရာ သေဆုံးသူမှာ စိုင်းတင်ချောင်းအတွင်းရှိ ကျေးရွာတစ်ခုမှ ဒိုင်းနက်အမျိုးသား ဖြစ်ကြောင်း သိရှိရသည်ဟု ဆိုသည်။

No comments:

Post a Comment