Wednesday, December 23, 2015

ဓာတ်မြေသြဇာနှင့်ဖိနပ်အောက်ခံဖြင့်ချက်သည့် အရက်စက်ရုံများကို ဖမ်းရန်ဦးခင်ရွှေတိုက်တွန်း

ဦးလွင်

မြန်မာပြည်၌ အရက်စက်ရုံအချို့တွင် ဖိနပ် အောက်ခံရာဘာအစုတ်များ၊ ဓာတ်မြေသြဇာများဖြင့် မမှန်မကန်အရက်ချက်နေသည့် စက်ရုံကိုများကို ဖမ်းရန်လိုကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၉)မှ ဦးခင်ရွှေက ဆွေးနွေးခဲ့သည်။

အစိုးရအနေဖြင့် အရက်၊စီးကရက်၊၀ိုင်များကို အခွန်တိုးကောက်မှုကို လက်ခံသော်လည်း ပြည်တွင်း၌ မမှန်မကန်အရက်ချက်နေမှု၊အရက်၊စီးကရက်၊၀ိုင်များတရားမ၀င်တင်းသွင်းကိုမှုလည်း ဖမ်းဆီးကြပ်မတ်သွားရန် လိုကြောင် ဦးခင်ရွှေက ဆွေးနွေးခဲ့သည်။

“အောက်ခြေလူ တန်းစားတွေက မသောက်နဲ့ ဆိုလဲ သောက်မှာပဲ၊အဲ့ဒါကို ကျွန်တော်တို့က ဘယ်လို ကာကွယ်မလဲ၊ အသက်တို တဲ့လူတွေက ငွေရေး၊ကြေးရေးအရ မချမ်းသာတဲ့ အတွက် ဈေးပေါတာ သောက်ရင်းနဲ့ အသက်သေသွားတဲ့လူ လဲ အများကြီးရှိတယ်၊တစ်ဖက်က အခွန်အခတွေ တိုးကောက်တဲ့ အတွက် ပိုပြီးတာဝန်ကြီးသွားပြီ အတုလုပ်တာ တွေလည်း လိုက်ဖမ်းဖို့လိုတယ်၊ မမှန်မကန် အရက်ချက်တာ တွေအစ အကုန်လုံး လိုက်ဖမ်းဖို့ လိုတယ် “ ဟု အထူးကုန်စည်းခွန်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း ၍ဆွေးနွေးရာတွင် ဦးခင်ရွှေက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဈေးကွက်အတွင်း၌ ရောင်းချသည့် ဆေးလိပ်များသည်လည်း အခွန်တံဆိပ်ခေါင်းမပါသည့် အတွက်ကြောင့် မှောင်ခိုတင်သွင်းလာသည့်ဆေးလိပ်နှင့်အခွန်ထမ်ဆောင်ထားသည့် ဆေးလိပ်ခွဲခြား ဟူ၍ ခွဲခြားမသိနိုင်ကြောင်းနှင့် အစိုးရကို တရားဝင်အခွန်ပေးပြီး မြန်မာပြည်တွင်းထုတ်သည့် ဆေးလိပ်စက်ရုံများ နစ် နာနေကြောင်းလည်း ၎င်းကဆွေးနွေးခဲ့သည်။

“ အဲ့တော့ အခွန်ယူစရာရှိယူပါ၊တဖက်ကနေပြည်ပကနေ ၀င်နေတဲ့ မှောင်ခိုတွေ အလုံးနဲ့ အရင်းနဲ့ ၀င်ပါတယ်၊ကိုးဆယ်ရာခိုင်လောက်ဝင်ပါတယ်၊အဲ့ဒါကို အစိုးရအဖွဲ့ကနေ(pro Tax) လုပ်ပေးပါ၊ တစ်ကယ်လို့ မားကတ်မှာတွေ့လိုရှိရင် တံဆိပ်ခေါင်းကပ်တာနဲ့ မကပ်တာနဲ့တွေ့ရင် ချက်ချင်းဖမ်းပါ၊အရေးယူ၊ထိုက်သင့်တဲ့ အပြစ်ကို အရေးယူပေးပါလို ကျွန်တော်တင်ပြချင်ပါတယ် “ ဟု ဦးခင်ရွှေက ဆွေးနွေးခဲ့သည်။

No comments:

Post a Comment