Thursday, December 17, 2015

ကျောက်စိမ်းတူးဖော်ရေး မြင့်တက်လာမှု ဖားကန့်ဒေသခံများ ဆန္ဒပြ

ဇာနည်မာန်


ဒါဇင်ပေါင်းများစွာသော မြေသယ်ကားများ သွားလာနေသည့် လမ်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ပိတ်ဆို့ ဆန္ဒပြခဲ့ရာတွင် ပါဝင်ခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ဒေသခံများကို ဒေသအာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အစိုးရနှင့် ကန်ထရိုက် စာချုပ်သက်တမ်း ပြည့်ခါနီး ဖားကန့်ဒေသအတွင်းတွင် ကျောက်စိမ်းတူးဖော်မှုများ သိသိသာသာ မြင့်တက်လာနေခဲ့သောကြောင့် ဒေသခံများက ထိုကဲ့သို့ လမ်းပိတ်၍ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူတို့က ပြောသည်။

“ကျမတို့ကို ဖမ်းဆီးတရားစွဲလို့ ရတယ်လို့ သူတို့ကပြောတယ်။ ဒါပေမယ့် ကျမတို့က လမ်းကို ပြန်မဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ရွာနားမှာ မြေကြီးတွေလာထပ်ပြီးတော့ ပုံနေတာကို မလိုချင်တော့ဘူး” ဟု ဖားကန့် အနီးရှိ ဆန်လ ရွာသူ တဦးဖြစ်သော ဒေါ်ကိုင်ရွယ်က ဧရာဝတီသို့ တယ်လီဖုန်းမှ တဆင့် ပြောဆိုသည်။

စည်ပင်သာယာရေးဌာနမှ အရာရှိများ အပါအ၀င် ဒေသအာဏာပိုင်များက ဒေသခံများနှင့် တွေ့ဆုံ၍ စည်ပင်သာယာရေး ဥပဒေများအရ တရားစွဲဆို အရေးယူနိုင်သည့်အတွက် လမ်းပိတ်ဆို့မှုကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက တူးဖော်လိုက်သည့် မြေစာများကို ဆန်လ၊ မဇွပ်ပြန်၊ အောင်လရန် နှင့် ဆန်ခ ကျေးရွာများအနီးတွင် စွန့်ပစ်နေပြီး ပြီးခဲ့သည့် ရက် သတ္တပတ်များအတွင်း တွင် စွန့်ပစ်မှုက အလွန်များပြားလာခဲ့ကြောင်းလည်း ဆန္ဒပြသူတို့က ဆိုသည်။

“ကျောက်စိမ်း ကုမ္ပဏီတွေက မြေစာတွေ ကျမတို့ရွာတွေနားမှာ လာစွန့်ပစ်တာ ပိုများလာတယ်။ အဲဒါက ကျမတို့ သီး နှံတွေ အပင်တွေကို ထိုခိုက်စေပါတယ်။ ပြီးခဲ့တဲ့ရက်တွေထဲမှာ မြေသယ်ကား ၁၀၀ ကျော်လာပြီးတော့ မြေကြီးတွေ စွန့်ပစ်ကြပါတယ်။ ကျမတို့ လက်မခံနိုင်တော့ပါဘူး” ဟု ဒေါ်ကိုင်ရွယ်က ပြောသည်။

ကျေးရွာများ အနီးတွင် မြေစာစွန့်ပစ်မှုများ ရပ်တန့်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့ပြင် ဒေသတွင်းတွင် သွားလာလှုပ်ရှားနေသော မြေသယ်ကား အရေအတွက်မှာလည်း ရုတ်တရက် အလျှင်အမြန် တိုးလာပြီး တူးဖော်ရေးဒေသတွင်လည်း အကြီးစား စက်ယန္တယားများဖြင့် အပူတပြင်း တူးဖော်နေကြသည့် အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ အတွက် ဒေသခံများက စိုးရိမ်ခဲ့ကြသည်။

ဖားကန့်ဒေသသည် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ မကြာခနဆိုသလို ဖြစ်ပွားတတ်သည့် ဒေသဖြစ်ပါသည်။ ကျောက်စိမ်းတူးဖော်ရာမှ ထွက်ရှိလာသည့် မြေစာများက ဒေသအတွင်း ဖြတ်သန်းစီးဆင်းနေသည့် ဥရုချောင်း၏ ရေစီးကြောင်းကို ပိတ်ဆို့နေခြင်းက ရေလျှံရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ဖားကန့်ဒေသ၌ မြေပြိုမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး မြေစာပုံများအတွင်း တွင် ကျောက်စိမ်း အကျွင်းအကျန်များ လာရောက်ရှာဖွေနေသူ ရာနှင့် ချီ၍ သေဆုံးခဲ့ရသည်။

“ရာနဲ့ ချီတဲ့မြေသယ်ကားတွေက ဒေသအတွင်းမှာ ချက်ချင်းကြီးရောက်လာတာက ပုံမှန်မဟုတ်ဘူး။ တချို့ စက်ယန္တရား ကြီးတွေဆိုရင် ကျနော်တို့ တသက်မှာ တခါမှ မမြင်ဖူးဘူး။ ကုမ္ပဏီတွေက အစိုးရသစ် အာဏာလွှဲ မယူ ခင် အလောအကြီးနဲ့ အားလုံးကို တူးဖော်ဖို့ ကြိုးစားနေတာများလားလို့ ကျနော်တို့ သံသယ ဖြစ်မိပါတယ်” ဟု ဖား ကန့်မှ ဒေသခံ ကျောက်စိမ်း ကုန်သည် တယောက်ဖြစ်သည့် ဦးအောင်ဆိုင်း ကပြောသည်။

“တချို့ကားတွေပေါ်မှာ တရုတ်စကားလုံးတွေ ပါနေတဲ့ အတွက် နံပါတ်မပါတဲ့ အဲဒီ မြေသယ်ကားတွေက တရုတ်နယ် စပ်ကနေရောက်လာတယ်လို့ ယူဆရပါတယ်။ သူတို့တွေကို အခုလို ကျောက်တူးဖော်တဲ့ ဒေသအထိ လွတ်လွတ်လပ် လပ် ၀င်ရောက်ခွင့် ပေးထားသလားဆိုတာ ကျနော်တို့ သိချင်ပါတယ်” ဟု သူက ထပ်ပြောသည်။

ဒေသခံ ကျောက်စိမ်းကုန်သည်များထံမှ ရရှိသည့် အချက်အလက်များအရ အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်း များ အပါအ၀င် ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်နေသော ကုမ္ပဏီ ၅၀၀ ကျော်ရှိသည်ဟု သိရသည်။

“ဒီလို အကြီးအကျယ်တူးဖော်တာက ရွေးကောက်ပွဲပြီးခါစ နိုဝင်ဘာလ အစောပိုင်းလောက်ကထဲက ဖြစ်ပါတယ်။ ဒါ ကို ရပ်တန့်ပေးဖို့ ပြည်နယ်အစိုးရကို ကျနော်တို့ တိုင်ကြားခဲ့ပါတယ်။ အခု ကျနော်တို့ ပြည်ထောင်စု အစိုးရကို တိုင်ကြား မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်တာက တရားမ၀င်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဖားကန့်မှ ဒေသခံ လူမှုရေး လုပ်သားတဦး ဖြစ်သည့် ဦးလထုအောင် ကပြောသည်။

No comments:

Post a Comment