Saturday, December 19, 2015

တာဝန်လွှဲပြောင်းရေးအတွက် အစိုးရနှင့်NLD ပထမဆုံအကြိမ် အစည်းအဝေးပြုလုပ်

ဦးလွင်

နိုင်ငံတော်အကြီးအကဲ တာဝန်နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျ လွှဲပြောင်း ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ(၁၆) ရက်နေ့လည်ပိုင်းတွင် လွှတ်တော်ဝင်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ် အေးချမ်းရေးရာကော်မတီအဆောင်၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးစီးပြီး ပြုလုပ်ခဲ့ပြီး အစိုးရတာဝန်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာတွင်ရေးသားထားသည်။

လက်ရှိအစိုးရသည် နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီကို ဖွဲ့စည်း ထားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက် မှ အသွင်ကူးပြောင်းရေးအဖွဲ့တို့ကို အသီးသီးဖွဲ့စည်း ထား သည်။

အစည်းအဝေးသို့ အစိုးရဘက်မှ ကျွန်တော်၊ ဦးမောင်မောင်အုန်း ၊ ဦးဇော်ဌေး တို့ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်သူတို့ တက်ရောက် ကြောင်း အစိုးရ၏ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ ပါဝင်သည့် ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က ၎င်း ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

No comments:

Post a Comment