ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အိုးအိမ်မရှိသူများ ရန်ကုန်တိုင်း အစိုးရထံ လျောက်ထားလျက် အိမ်ငှားရမ်း နေထိုင်နိုင်ပြီဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးက သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စု စာရင်းရှိသူ၊ အိုးပိုင်အိမ်ပိုင် မရှိသူ၊ မည်သူမဆို အငှားအိမ်ရာ လျှောက်ထားနိုင်ပြီ” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဖြစ်သူ ဦးဇော်ဋ္ဌေးက ဆိုထားသည်။
လိုအပ်ချက်များအဖြစ် အောက်ပါ အချက်များ လျောက်လွှာတွင် ဖြည့်သွင်းရန် လိုမည်ဖြစ်သည်။
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စုစာရင်းရှိသူဖြစ်ကြောင်း ပုံစံ ၈၈/၆ အိမ်ထောင်စု စာရင်းရှိရမည်။
၂။ အိုးပိုင်၊ အိမ်ပိုင် မရှိသူ ဖြစ်ရမည်။
၃။ အငှားစနစ် ဖြစ်ပြီး လက်လဲငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုရပါ။
၎။ မဟာဗန္ဓုလအိမ်ရာတွင် တိုက်ခန်း စုစုပေါင်း (၁၂၀၀) ရှိပါသည်။ တစ်ခန်းလျှင် (၅၆၉.၅) စတုရန်းပေ အကျယ်အဝန်း ရှိပါသည်။
၅။ လစဉ်ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်နိုင်မည် ဖြစ်ပါသည်။
၆။ လျှောက်လွှာ မရောင်းပါ။ ၇။ မြို့နယ်ထွေအုပ် ရုံးများတွင် လျှောက်လွှာပုံစံ ကူးယူ၍ (လက်ရေးဖြင့် ရေး၍ဖြစ်စေ၊ ကွန်ပျူတာ စာစီ၍ဖြစ်စေ) လျှောက်ထားနိုင်ပါသည်။
၈။ တိုင်းဒေကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ ကော်မတီ/အဖွဲ့ဖြင့် လျှောက်လွှာများ စိစစ်ခြင်း ပြုလုပ်၍ ငှားရမ်းပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment