Thursday, February 18, 2016

ကျောက္ကာမီးဘေးတွင် အမျိုးသမီး နဲ့ ၁၈ နှစ်အောက်ကလေး စုစုပေါင်း ၁၀၀၀ကျော် မီးဘေးသင့်

မဇ္ဈိမ

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ရက်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၃၀၀ခန့် မီးလောင်ပျက်စီးကာ ဆုံးရှုံးခဲ့ပြီး အမျိုးသမီး ၅၄၅ဦး၊ ၁၈ နှစ်အောက် ကလေးငယ် ၅၀၄ဦး အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၆၄ဦး မီးဘေးသင့်ခဲ့ရသည်ဟု ပျက်စီးဆုံးရှုံးမှု စာရင်းဇယားများအရ သိရသည်။

ကျောက္ကာရွာရှိ အိမ်ခြေ ၇၀၀၊ အိမ်ထောင်စု ၇၉၈စုတွင် နေအိမ် ၂၉၇လုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၄၁၅စု မီးဘေးသင့်ခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၃၄လုံး လုံးဝပျက်စီးပြီး ၆၀,၄၅၂,၅၀၀ကျပ် ဆုံးရှုံးခဲ့သည်။ ယင်းအပြင် အထကခွဲကျောင်း နှင့် အမကခွဲကျောင်းတို့လည်း အဆောက်အဦးအချို့ ပျက်စီးခဲ့ပြီး တန်ဖိုးအားဖြင့် ၁၁၄,၆၅၀,၀၀၀ကျပ်ဖိုး ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးစုပေါင်းမှာ ငွေကျပ် သိန်း ၁၇၅၀ကျော် (၁၇၅,၁၁၂,၅၀၀) ဆုံးရှုံးခဲ့သည်။

ကျောက္ကာကျေးရွာမီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီ ၁၃ရက် နံနက် ၉နာရီက စတင်ခဲ့ပြီး မွန်းလွဲ ၂နာရီကျော်မှ မီးငြိမ်းခဲ့သည်။

No comments:

Post a Comment