Friday, February 19, 2016

မီးဘေးအန္တရာယ် ကာကွယ်ရန် ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်အုပ်ချုပ်ရေးမှူးကို စာပို့

မဇ္ဈိမ

ဇန်နဝါရီလမှ စတင်ပြီး မြန်မာနိုင်ငံအနှံ့ မီးလာင်ကျွမ်းမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည့်အတွက် ကော့မှူးမြို့နယ်တွင်လည်း မီးဘေးအန္တရာယ် ကာကွယ်ရေး ကြိုတင်ဆောင်ရွက်ရန် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွက် ရွေးကောက်တင်မြောက်ခြင်း ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ ယနေ့ (ဖေဖော်ဝါရီ ၁၅ရက်)က စာပို့ကာ အကြောင်းကြားလိုက်သည်။

ကော့မှူးမြို့သည် နွေရာသီတွင် ရေရှားပါးမည်ဖြစ်၍ မီးဘေးအန္တရာယ်ကြုံပါက အရေးပေါ် အသုံးပြုနိုင်ရန် မြို့နယ်ကျေးရွာအုပ်စုအလိုက် အနီးဆုံး ရေရရှိနိုင်မည့် နေရာများအား ကွင်းဆင်းကြည့်ပြီး စီမံချက်တွင် ထည့်သွင်းဖော်ပြရန် အပါအဝင် အချက် ငါးချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်။ ယင်းညွှန်ကြားချက်များပါ လိုအပ်ချက်များအားလုံးကို မီးသတ်ဦးစီးဌာန နှင့် ညှိနှိုင်းကာ စီမံချက်ဖြင့် အမြန်ဆုံး ဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။

No comments:

Post a Comment