Monday, February 1, 2016

သေဆုံးနိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုဆုငွေချီးမြှင့်မည်

မျိုးသူအောင်

အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများတွင် သေဆုံးသွားကြသော နိုင်ငံရေးအကျဉ်းသားများအား မတ်၂၃ရက်နေ့တွင် တွင် ဂုဏ်ပြုပွဲ ကျင်းပ၍ တစ်ဦးလျှင် (၅)သိန်းကျပ်စီဖြင့် အကျဉ်းသား ၅၀ ဦးကို ချီးမြင့်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့် ရှောက် ရေးအသင်းမှ သိရသည်။

" ပထမအကြိမ်က ကျွန်တော်တို့ (၅၄)ယောက်ကို လုပ်ပြီးသွားပြီ။ အခု ဒုတိယအကြိမ်က အယောက်(၄၀) ဒါ မှ မဟုတ်ရင် (၅၀)ကို ကျွန်တော်တို့ လုပ်မယ်။ နောက်ထပ် ကျန်တာက (၁၀၀) ပတ်ဝန်းကျင်လောက် ကျန် ဦးမယ်"ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ တွဲဘက်အတွင်းရေးမှူး ကို ဘိုကြည်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကျဆုံးနိုင်ငံရေး အကျဉ်း သား ၄၀ အတွက် ကျပ် သိန်း၂၀၀ မတည်ထားကြောင်း သိရသည်။

" ကောင်းပါတယ်။ ဒါမျိုးက ဖြစ်သင့်တာ ကြာပါပြီ။ နိုင်ငံရေးအကျဉ်းသားဆိုတာက ဒီမိုကရေစီ အပြောင်းအလည်းအတွက် ၀ိုင်းပြီးတော့ ကြိုးစားပေးကြတဲ့ လူတွေပဲလေ။ သူတို့တွေက တစ်ခါမှ အသိအမှတ်ပြုမခံရဘူးလေ။အခုလိုမျိုး ဂုဏ်ပြုတယ်ဆိုတာ သူတို့ကိုအသိအမှတ်ပြုရာ ရောက်ပါတယ်"ဟု ၇၄ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင် ဦးရာကျော်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းမှတ်တမ်းများအရ အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေးစခန်းများတွင် ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀ ကျော်ရှိပြီး၊ ၂၀၁၄ခုနှစ် ဇန်န၀ါရီ ၂ တွင် ပထမအကြိမ်အဖြစ် ကျဆုံးသူရဲကောင်း ၅၄ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀သိန်းနှင့် ဂုဏ် ပြုလက်မှတ် တစ်ခု စီအား ၄င်းတို့၏ မိသားစုဝင်များအား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments: