Thursday, April 21, 2016

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း နှစ်နှစ်ပြည့်အခမ်းအနား ရန်ကုန်တွင်ပြုလုပ်

မျိုးသူအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် စာရေးဆရာ၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၂နှစ်ပြည့် အောက်မေ့ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက် ဆိုင် တွင် ဧပြီလ ၂၁ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သရဦးတင်ဦးနှင့် ပါတီဝင်များ၊ ရန်ကုန်တိုင်း ဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာတော်များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ ပုဂ္ဂိုလ်များ၊ သတင်းစာဆရာများ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

 " ဒီနေ့ ၀မ်းနည်းမိတဲ့ ခံစားရတဲ့ ကိစ္စက တခြားမဟုတ်ဘူး။ ခုအခြေနေမျိုးကို ရောက်နေတာကို သူမြင်ရမယ် တွေ့ရမယ်ဆိုရင် သူသည် အင်မတန်မှ ၀မ်းမြောက်ဖွယ်ရာ ကိစ္စတွေ ဖြစ်မယ်။ သူ့ရဲ့စိတ်ထဲမှာ ကြည်နူးစရာ နှစ်သက်စရာတွေဖြစ်မယ်။်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြော ကြားခဲ့သည်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေး ဆောင်ရွက်မှုများ ကြောင့် စစ်အာဏာရှင် အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်းခံခဲ့ရပြီး ထောင်အတွင်း၌ ၁၉ နှစ်ကျော် နေခဲ့ရ သူ တစ်ဦး ဖြစ်သည်။ "အဘအနေနဲ့ အရမ်းလွမ်းတာပေါ့။ သူနဲ့ ဘ၀တစ်လျှောက်လုံး လက်တွဲ လုပ်ခဲ့ကြတာ။ အရမ်းလွမ်းတယ်။

 အခု သူ့တာဝန်တွေ အဘ ဆက်လုပ်နေပါတယ်။ အဘ ဦးဝင်တင်မရှိတော့ အရမ်းနှမျောဖို့ ကောင်းတာပေါ့။ အကြံဥာဏ်ပေးနိုင်မယ့်လူ၊ ဝေဖန်ပေးနိုင်မယ့်လူ ပြောဆိုနိုင်မယ့်လူ နည်းသွားတာပေါ့"ဟု ဆရာကြီးဦးဝင်တင် တည်ထောင်ခဲ့သည့် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း နာယက ကဗျာဆရာ မောင်းမိုးသူက ပြောသည်။ ဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ၂၀၀၁ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီး၏ Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု၊ World Association of Newspaper (WAN) မှ Golden Pen of Freedom Award ဆု၊၂၀၀၆ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက် အဖွဲ့၏ Journalist Prize ဆု၊ ၂၀၀၈ ခုနှစ်တွင် Leip-zing Germany မှ Prize For the Freedom and the future of the media ဆု၊ ကွယ်လွန်ပြီး ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံရှိ The Truth Foundation မှ လူ့အခွင့်အရေးဆု စသော ဂုဏ်ပြုဆုများ ချီးမြှင့် ခံခဲ့ရပြီး ပြင်သစ်နိုင်ငံရှိ လမ်းတစ်လမ်း၏ အမည်ကိုလည်း ၀င်းတင်လမ်းဟု ခေါ်ဆိုကာ ဂုဏ်ပြုခံခဲ့ရသည်။ ဆရားကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၀၈ခုနှစ်တွင် ထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ပြီး အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ကာ ၂၀၁၄ခုနှစ် ဧပြီလ ၂၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

No comments: