Monday, May 23, 2016

နိုင်ငံတစ်ဝှမ်း ကျောင်း ၃၀၀၀ကျော်ကို အဆင့်တိုးမြင့်သတ်မှတ်ရန် ခွင့်ပြုထားပြီး

စည်သူမောင်မောင်

တစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၃၃၁၁ ကျောင်းကို ကျောင်းဖွင့်ချိန်အမှီ အဆင့်တိုးမြင့်သတ်မှတ်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း ပညာ​ရေးဝန်​ကြီး​ ဒေါက်​တာမျိုးသိမ်းကြီးက ပြောသည်။ "အထူးသဖြင့်​​ကျေးလက်​နဲ့ ဝေးလံ​ဒေသ​တွေကို​ ဖြေ​လျော့​ဆောင်​ရွက်​​ပေးခဲ့တာ။"ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ကျောင်းအဆင့်တိုးမြင့်သတ်မှတ်ရာတွင် မူလတန်းလွန်၊ အလယ်တန်းကျောင်းခွဲ၊ အထက်တန်းကျောင်းခွဲများကို ဖြေလျော့လုပ်ဆောင်ပေးထားပြီး ပတ်ကားအလယ်တန်းကျောင်းများ နှင့် အထက်တန်းကျောင်းများကို မူနှင့် ကိုက်ညီမှသာ ခွင့်ပြုပေးမည်ဟု ၎င်းက ပြောသည်။

 ကျောင်းများကို အဆင့်တိုးမြင့် သတ်မှတ်သည် ဆိုရာ၌ မူလတန်းလွန်ကျောင်းတွင် ဆဋ္ဌမတန်းအထိ ပညာသင်ကြားနိုင်ခြင်း၊ အလယ်တန်းကျောင်းခွဲတွင် အဋ္ဌမတန်းအထိ ပညာသင်ကြားနိုင်ခြင်း နှင့် အထက်တန်းကျောင်းခွဲတွင် ဒသမတန်းအထိ ပညာသင်ကြားနိုင်ခြင်းကို ဆိုလိုသည်။ ဧရာဝတီတိုင်းဒေသကြီးအတွက် အထက်တန်းကျောင်း ၁၀ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၃ကျောင်း၊အလယ်တန်းကျောင်း ၄ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၃၁ကျောင်း၊ မူလတန်းကျောင်း ၁၂၇ကျောင်း၊အမကကျောင်း၁၂ကျောင်းနှင့် အ.မ.ကကျောင်းခွဲ ၄၃ ကျောင်းကို အဆင့်တိုးမြှင့် သတ်မှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ကျောင်းများကို အဆင့်တိုးမြှင့် သတ်မှတ်ပေးမှုမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မကွေးတိုင်းက ဒုတိယအများဆုံးဖြစ်ကြောင်း နှင့် ဧရာဝတီတိုင်းမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ ​ မေလ ၂၁ရက်က ပုသိမ်​မြို့ ပညာ​ရေးမှူးများ၊​ ကျောင်းအုပ်​များ၊ မိဘဆရာအသင်းဝင်​များနှင့်​​ တွေ့ဆုံပွဲတွင်​ ကျောင်းဆရာ၊ ဆရာမများ လစာ​ငွေမဖြတ်​ရန်​နှင့်​ တာဝန်​ရှိသူများမှ ကြီးကြပ်​​ဆောင်​ရွက်​ရန်​ ဝန်ကြီးက တိုက်​တွန်း​ပြောကြားခဲ့သည်​။ ပြည်ထောင်စုဝန်ကြီးနှင့် ​တွေ့ဆုံပွဲအား ​မေလ၂၁ရက်​​က ပုသိမ်​မြို့၊ အ.ထ.က၁ ရတနာတန်​​ဆောင်​ခန်းမတွင်​ ပြုလုပ်ခဲ့ပြီး တိုင်း၊ခရိုင်​၊မြို့နှင့်​​ကျောင်းအုပ်​များ၊ မိဘဆရာအသင်းဝင်​များ​ တက်ရောက်ခဲ့သည်။

No comments:

Post a Comment