Saturday, May 21, 2016

ရန်ကုန်မြို့တွင်း ၅၄မြို့နယ်၌ ဒစ်ဂျစ်တယ်မီတာတပ်ဆင်မှုစီမံချက် ၂နှစ်ကျော်အတွင်း ၅မြို့နယ်သာပြီးစီး

ဝါဆို

ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၅၄ခုတွင် ၂၀၁၃ခုနှစ်မှ စတင်ပြီး ဒစ်ဂျစ်တယ်မီတာ တပ်ဆင်မှု စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ယခုချိန်ထိ ငါးမြို့နယ်သာ ပြီးစီးသေးဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

ရန်ကုန်မြို့ပေါ်ရှိ ဒစ်ဂျစ်တယ်မီတာ တပ်ဆင်ခြင်းအခြေနေကို သုံးခွ၊ ခရမ်း၊ တောင်ဥက္ကလာ၊ တွံတေး၊ဒေါပုံမြို့နယ်များတွင် အပြီးစီးတက်ဆင်ထားပြီး ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းထွန်းဆွေက မဇ္ဈိမကို ပြောသည်။

ဒလ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ္က၊ သင်္ကန်ကျွန်း၊ ရန်ကင်း၊ ဒဂုံမြောက် မြို့နယ်များတွင် သုံးပုံနှစ်ပုံ တပ်ဆင်ထားပြီးဖြစ်သည်။

“မီတာ တစ်လုံးတန်းဖိုးက ကိုးသောင်းဝန်းကျင်ကျတယ်။ အဲအတွက် ဘက်ဂျက်ကို အစိုးရဘက်က မရတော့ဘူး၊ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတဲ့ အခါကျတော့ စီမံချက်နဲ့တပ်တဲ့အတွက် ဖြည်းဖြည်းမှန်မှန်တော့ တပ်ပါမယ်။ မြို့နယ်အလိုက်ကို တပ်မယ့်စနစ်ပေါ့”ဟု ၎င်းကပြောသည်။

စီမံချက် မြို့နယ်အလိုက် တပ်ဆင်မှုကို အခမဲ့တပ်ဆင်ပေးမည်ဖြစ်သော်လည်း တစ်ဦးချင်း လာရောက်လျှောက်ထားမှုကိုမူ မီတာစတင်လျှောက်ထားသူ၏ လုပ်ထုံးလုပ်နည်းအတိုင်း ကျသင့်သည့် ငွေပမာဏကို ပေးသွင်းရမည်ဟု ၎င်းကပြောသည်။ ဒစ်ဂျစ်တယ်မီတာ တစ်လုံးကို တစ်ဦးချင်း လျောက်ထားပါက ကျပ်ကိုးသောင်းဝန်းကျင် ကျသင့်မည်ဟု သိရသည်။

“အခုတပ်ထားတာ နည်းသေးတယ် ဒစ်ဂျစ်တယ်တက်တာက အများပြည်သူ မှန်မှန်ကန်ကန် မီတာသုံးစွဲရင်သုံးစွဲနိုင်အောင် သိအောင် ဦးစားပေးတပ်နေတာပါ၊ အခက်ခဲကတော့ ဘက်ဂျက်ကြောင့် တစ်ဖြည်းဖြည်းချင်း ဆောင်ရွက်မှာပါ”ဟု ဦးထွန်းထွန်းဆွေက ပြောသည်။

အိမ်သုံးမီတာ အဖြစ် ၁ယူနစ်မှ ၁၀၀ယူနစ်သုံးစွဲမှုနှုန်းထားကို ၁ယူနစ်ကို ၄၅ ကျပ်နှုန်း၊ မီတာယူနစ် ၁၀၀ မှ ၂၀၀ယူနစ်အထိ သုံးစွဲမှုကို ၁ယူနစ်ကို ၄၀ နှုန်း၊ ယူနစ် ၂၀၀ အထက်ကို ၅၀ကျပ်နှုန်း သတ်မှတ်ထားသည်။

No comments:

Post a Comment