Tuesday, July 19, 2016

ဘားကမ့် (ပြည်) ၂၀၁၆ ကို တယ်လီနောက ပံ့ပိုး

မဇ္ဈိမ

ဘားကမ့် (ပြည်) ၂၀၁၆ ကို ပြည်မြို့ အထက (၁) တွင် ဇူလိုင်လ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ရာ တယ်လီနောမြန်မာက အဓိက ပါဝင်ထောက်ပံ့သူအဖြစ်ပံ့ပိုးပေးခဲ့သည်။

တယ်လီနောအနေဖြင့် အိုင်စီတီနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ တိုးတက်လာသော အင်တာနက် အသုံးပြုမှုများတွင် လူငယ်များ အကျိုးရှိရှိ အသုံးချနိုင်ရေးတို့ကို ရည်ရွယ်ပြီး ဘားကမ့်ကို အဓိကပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း တယ်လီနောက သတင်းထုတ်ပြန်ထားသည်။

ဘားကမ့် (ပြည်) ၂၀၁၆ ဖွင့်ပွဲအခမ်းအနားတွင် တယ်လီနော မြန်မာ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက Social Media Marketing ၊ Social Media and Online Security၊ တယ်လီနော၏ အလင်းအိမ် အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးရေး စင်တာများအကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သော app တစ်ခုဖြစ်သည့် MATE အကြောင်းများကို တက်ရောက်လာသည့် လူငယ်များအားပြန်လည်မျှဝေ ပြောကြားခဲ့သည်ဟု သိရသည်။

တယ်လီနောသည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့သော ဘားကမ့်များကိုလည်း ပံ့ပိုးပေးခဲ့ပြီး ယခုနှစ် ဘားကမ့်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံသားတိုင်း အတွက် အဓိက အကာအကွယ်ပေးနိုင်သော တရားဥပဒေများအား အသိပေးဟောပြောခြင်း၊ ကွန်ပျုတာနှင့် မိုဘိုင်း အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ သိကောင်းစရာများ၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း စသည့် ကဏ္ဍများတွင် ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရပါသည်။

No comments: