Monday, July 18, 2016

Viber က အခမဲ့ စတေကာအသစ်များဖြင့် အာဇာနည်နေ့ကို ဂုဏ်ပြုမည်

DVB


“အာဇာနည်နေ့” စတေကာတွေကို Viber မှာ စာရင်းသွင်းအသုံးပြုသူတွေအတွက် ဖြန့်ဝေသွားမယ်လို့ ဇူလိုင် ၁၆ ရက်နေ့ ကြေညာပါတယ်။

“အာဇာနည်နေ့”စတေကာတွေကို ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ပြီး Viber အက်ပလီကေးရှင်းရဲ့ စတေကာ စတိုးမှ အခမဲ့ရယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသစ်ဖြန့်ချိမယ့် “အာဇာနည်နေ့” စတေကာ ၂၁ ခု ပါဝင်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်ပုံတွေ၊ အာဇာနည်ကြီးတွေရဲ့ ဂူဗိမာန်မှာ မြန်မာနိုင်ငံတော်အလံကို တဝက်လွှင့်ထူထားတဲ့ ပုံ၊ တနိုင်ငံလုံးရဲ့ အရိုအသေပေးမှုကိုပြသဖို့ ဓလေ့ထုံးစံအတိုင်း ဇူလိုင်လ ၁၉ ရက်နေ့ ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် တစ်မိနစ်ကြာ ငြိမ်သက်ပေးရန် သတိပေးတဲ့ပုံတွေ ပါဝင်မယ်လို့ သိရပါတယ်။

“အာဇာနည်နေ့” စတေကာတွေထဲမှာ အများစုအသုံးပြုလေ့ရှိတဲ့ စကားလုံးတွေဖြစ်တဲ့ “အလေးပြု”၊ “မြန်မြန်လာ”၊ “တွေ့ချင်လိုက်တာ”၊ “လာနေပြီလား”နဲ့ “ကြိုးစားထား” စတဲ့ မြန်မာပြည်မှ Viber အသုံးပြုသူတွေရဲ့ နေ့စဉ်ပြောစကားတွေကို ပိုမိုထောက်ပံ့ပေးနိုင်မာ်ါ စတေကာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။။

“Viber အနေနဲ့ မြန်မာပြည်နဲ့ မြန်မာပြည်သူတွေကို အာဇာနည်နေ့လို နေ့ထူးနေ့ရက်မှာ အထူးဂုဏ်ပြုချင်ပါတယ်။ ကျွန်မတို့ ဝန်ဆောင်မှုကို သုံးစွဲနေတဲ့ ၂၆ သန်းသော စာရင်းသွင်းအသုံးပြုသူတွေရဲ့ ကြီးမားတဲ့အားပေးထောက်ပံ့မှုကို တကယ်ကိုကျေးဇူးတင်ပါ တယ်။ ဒါ့အပြင် Viber ကို မြန်မာပြည်သူတွေဘဝကို ပိုမိုတိုးတက်အောင်ထောက်ပံ့ပေးနိုင်တဲ့ အလွယ်ကူအကောင်းမွန်ဆုံးဆက်သွယ်ရေး အက်ပလီကေးရှင်း တစ်ခုဖြစ်လာစေဖို့လည်း သန္နိဌာန်ချလုပ်ဆောင်နေပါတယ်”လို့ Viber ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဌာနေမန်နေဂျာ Crystal Lee က ပြောပါတယ်။

မြန်မာ့အာဇာနည်နေ့ စတေကာတွေကို ဒေါင်းလုပ်ပြုလုပ်ဖို့ Viber အက်ပလီကေးရှင်းရဲ့ စတေကာဈေးကွက် သို့လွယ်ကူစွာသွားရောက်ပြီး အခမဲ့ခေါင်းစဉ်အောက်ရှိ “မြန်မာ့အာဇာနည်နေ့” ကို ရွေးချယ်ပြီး ရယူနိုင်ပါတ်။

တကမ္ဘာလုံးမှာ Viber အသုံးပြုသူပေါင်း ၇၅၄ သန်းရှိပြီး လူအများကို ကောင်းဆုံး နည်းလမ်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ ဖန်တီးပေးထားပြီး တဦးခြင်းစာပို့စနစ်၊ ရုပ်သံဖုန်းခေါ်ဆိုမှု၊ အဖွဲ့လိုက် စကားပြောတာနဲ့ အမှတ်တံဆိပ်တွေနဲ့ အောင်မင်ကျော်ကြားသူတွေကို Public Chats ကို following ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Viber ကို iPhone®, iPad®, Android™ phones and tablets, Windows Phone, Windows®, Windows 8®, Mac, Linux and Symbian တွေမှာ လွယ်လင့်တကူ အသုံးပြုနိုင်ပြီး 3G/4G နဲ့ Wi-Fi ကွန်ရက်တွေမှာ ချိတ်ဆက်နိုင်ပါတယ်။

No comments: