ဇော်နီ
လာမည့် အောက်တိုဘာ(၁)ရက်၌ ကျရောက်မည့် (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးတင်ထွန်း ဦးစီး၍ သန့်ရှင်းရေး အမှိုက်ရှင်းလင်းခြင်းများ စက်တင်ဘာ ၁၀ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ၊ မြိ့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊အမှတ်(၇၆)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲမှူးဦးကိုကိုနှင့်အဖွဲ့ဝင်များ ၊ ရေ ကြောင်းရဲတပ်ဖွဲ့စု(မြိတ်)၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(မြိတ်)၊ မူးယစ်အထူး တပ်ဆွယ်(မြိတ်)တို့ ပါဝင်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်အင်အား (၈၀)ကျော်ဖြင့် မြိတ်မြို့အထက်ရေပုန်းရပ်၊ စပါးရွှေဝါလမ်းရှိ ပြည်သူ့ဆေးရုံကြီးတွင် ယင်းကဲ့သို့ ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
No comments:
Post a Comment