မဇ္ဈိမ
စက်တင်ဘာ ၁၁ရက်တွင် ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်သည့် အမျိုးသားရေးထိပါးနှောက်ယှက်သူများ ကန့်ကွက်ရှုတ်ချသည့်ပွဲတွင် ရပ်ကွက်နေပြည်သူအချို့နှင့် ဆန္ဒဖော်ထုတ်သူများကြား ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ကာ ဝင်ထိန်းခဲ့ရသည်။
ဆန္ဒပြပွဲတွင် ဗိုလ်စိန်မှန် ရပ်ကွက်နေပြည်သူ အချို့နှင့် ပွဲစီစဉ်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အင်အား ၂၀ လောက်က ၀င်ရောက်တားဆီးခဲ့ခြင်းဖြစ်သည်။
အမျိုးသားရေး လှုပ်ရှားတက်ကြွသူများ နှင့် မဘသ အဖွဲ့ဝင်အချို့ ဦးဆောင်သည့် အမျိုးသားရေးထိပါးနှောက်ယှက်သူများ ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွင် ဇာတိမာန် သီချင်းကို မဆိုသင့်ဟု ပြောဆိုခဲ့သည့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ကိုယ့်စကားကို တာဝန်ယူရန် နှင့် ကန့်ကွက်ရှုတ်ချခြင်း ၊ ပြည်တွင်းရေးပြဿနာကို ကိုဖီအာနန်အားဖြေရှင်းပေးရန် တာဝန်ပေးအပ်မှု့ကို ကန့်ကွက်ခြင်း၊ ခိုးဝင်ဘင်္ဂလီများ အမြန်ဆုံးဖော်ထုတ်အရေးယူပေးပါရန် နှင့် လူသတ်တရားခံများ အမြန်ဆုံးဖမ်းဆီးပေးရန်တောင်းဆိုခြင်းတို့ကို ကြွေးကြော်တောင်းဆိုခဲ့သည်။
ဆန္ဒပြပွဲကို ဗိုလ်စန်မှန် ရပ်ကွက်အတွင်း နေထိုင်သူများက ၎င်းတို့ ရပ်ကွက်ပိုင် ဘောလုံးကွင်းအတွင်း ဆန္ဒပြပွဲများ မလုပ်ရန် တားမြစ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့မပြုလုပ်ရန်လည်း လက်မှတ်များကောက်ခံကာ အစိုးရကို တင်ပြထားကြောင်း သိရသည်။
အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ဗွီဒီယို မှတ်တမ်းတွေကို မီဒီယာတွေပေါ်မှာ မပြန့်နှံ့စေရန် မီဒီယာသမားများ၏ ကင်မရာများကို လုယူခြင်း၊ သတင်းသမားအချို့ကို ထိုးနှက်ရန်ပြုမှုများလည်း ရှိခဲ့သည်။
အမျိုးသားရေးထိပါးနှောက်ယှက်သူများ ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅နာရီထိ ပြုလုပ်ခဲ့သည်။
No comments:
Post a Comment