ရဲနိုင်(လောက်ကိုင်)
ရွှေဝါရောင် သမိုင်းမှတ်တမ်းစာအုပ်ကို သမိုင်းမှန်ဖြစ်မြောက်ရေးအတွက် သမိုင်းပညာရှင်များအပါအဝင် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူများကို ကော်မတီဖွဲ့စည်း၍ တစ်နှစ်အတွင်း ရေးသားထုတ်ဝေ သွားမည် ဖြစ်ကြောင်း ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ တစ်ပါးဖြစ်သူ ဦးစန္ဒာသီရိက မိန့်ကြားသည်။
စက်တင်ဘာလ ၁ ရက်၊ မွန်းလွဲ ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောင်းလမ်း၊ ရွှေကျောင်းတိုက်ရှိ ရွှေဝါရောင် ပညာဒါနကျောင်းတွင် ၉ နှစ်မြောက် ၂ဝဝ၇ရွှေဝါရောင်တော်လှန်ရေးနေ့ ကျင်းနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းရန် သံဃာတော်များ၊ နိုင်ငံရေးအင်အားစုများ၊ ဗကသ၊ တကသ၊ အကသများ၊ နိုင်ကျဉ်းဟောင်းများ၊ ၈၈ ငြိမ်းပွင့်များ၊ အမျိုးသမီးကွန်ယက်များ၊ ၇၄ - ၇၅ - ၇၆ နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံစဉ် မီဒီယာများ၏ မေးမြန်းမှုကို မိန့်ကြားခဲ့ခြင်းဖြစ်သည်။
" ဒီသမိုင်း မှတ်တမ်းစာအုပ်က ဘာ Massage ကိုပေးချင်တာလဲဆိုတော့ နောင်မျိုးဆက် ရဟန်းသံဃာတွေကော၊ လူပု ဂ္ဂိုလ် တွေကော ပေးချင်တာကတော့ အာဏာရှင်စရိုက်ကို နောင်မျိုးဆက်များ လုံးဝလက်မခံဖို့ ၊ အာဏာရှင်စရိုက်သည် အင်မတန်ကြမ်းကြုတ်သည်၊ ဘာသာတရားကို ကိုးကွယ်ရကောင်းမှန်း တန်ဖိုးထားရကောင်းမှန်း မသိဘူး၊ မိမိအာ ဏာရ ရှိမယ်ဆိုရင် ဘာသာတရားကိုလည်း ဖျက်ဆီးမှာပဲ၊ ဘာသာတရားရဲ့ သားတော်တွေကိုလည်း သတ်ဖြတ်မှာပဲ၊ အဲ့တော့ မိမိတို့ လက်ထက်မှာ အဓိကတော့ အာဏာရှင် လူတန်းစားမပေါ်ပေါက်အောင် မိမိတို့အသိအတွေး ဥာဏ်မီသလောက်နဲ့ တတ်နိုင်သလောက် ခုခံကာကွယ်တဲ့ Massage တစ်ခုရမယ်လို့ ယူဆပါတယ်၊"ဟု ဆရာတော်က မိန့်ကြားသည်။
စက်တင်ဘာလ ၁၈ရက်နေ့တွင် ကျင်းပမည့် ၉ နှစ်မြောက် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးနေ့တွင်လည်း ရွှေဝါရောင် တော်လှန်ရေးသမိုင်းမှတ်တမ်းစာအုပ်ရေးသားမည့်အကြောင်းကို ထည့်သွင်းမိန့်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment