Friday, September 9, 2016

ရန်ကုန် အမှတ်(၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်တစ်ဦး ကြိုးဆွဲချသေဆုံး

စောမင်းဦး (ရွှေပြည်သာ)


ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်တွင် အမှတ်(၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်တစ်ဦး ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ ဒုရဲအုပ်မှာ သူရငြိမ်း(၃၅) နှစ်(ဘ)ဦးစံငြိမ်း၊ ဗမာ/ဗုဒ္ဓ ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရသည်မှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၁၄) ရပ်ကွက်အောင်စေတနာလမ်းမ / ၁၁၉၈ (ခ) တွင် လူတစ်ဦးသေဆုံးနေသည်ဟု ပတ်ဝန်းကျင် ဒေသခံများမှ သတင်းပေးပို့၍ လှော်ကားနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်လှမြင့်မှ သွားရောက်စစ်ဆေးရာ အဆိုပါ အိမ်ရှေ့ရှိ ဗန်ဒါပင် (အမြင့် ၇ ပေ) ရှိ သစ်ကိုင်းမှ (၂) ပေခွဲ အရှည်ရှိ ပိတ်စကြိုးဖြင့် ဒုရဲအုပ် သူရငြိမ်းကို ဒူးကွေးလျက် ကြိုးဆွဲချ သေဆုံးကို တွေ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

၎င်းသည် (၅-၉-၂၀၁၆) နေ့မှစ၍ အစာအိမ်ရောဂါကြောင့် ရွှေပြည်သာဆေးရုံမှ ဆေးခွင် (၁) လရ၍ ဖခင်ဦးစံငြိမ်းထံတွင် နေထိုင်စဉ် ထိုသို့ ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

၎င်းအမှုအား သေမှုသေခင်း အမှတ်စဉ် (၁၆/၂၀၁၆) ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ် သန်းဌေးမှ တရားလိုလုပ်ကာ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း လှော်ကားရဲစခန်းမှ တစ်ဆင့် သိရသည်။

No comments: