The Statesman
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အကျိုးဆက်ရလဒ်အဖြစ် ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်တက်လာမည် မျှော်လင့်လျက် ကုန်သွယ်မှုမျက်နှာပေးခြင်း Generalised System of Preferences (GSP) စနစ်အရ မြန်မာနိုင်ငံအား ကုန်သွယ်ရေးအကျိုးခံစားခွင့်များ ပြန်လည်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအား စီးပွားရေးမြှင့်တင်နိုင်ရေးအရ အမေရိကန်နိုင်ငံသည် သတ်မှတ်ချက်နှင့် ကိုက်ညီသော နိုင်ငံပေါင်း ၁၂၉ နိုင်ငံသို့ ထုတ်ကုန် ၄၈၀၀ အပေါ် GSP စနစ်အရ အခွန်ဖြေလျှော့ကင်းလွတ်ခွင့်များ ချမှတ်ပေးထားသည်။
မြန်မာနိုင်ငံအား ၁၉၇၆ ခုနှစ်က အမေရိကန်နိုင်ငံသည် GSP အရ အခွန်ဖြေလျှော့ကင်းလွတ်ခွင့်ပြုထားရာမှ ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က ဖြိုခွင်းလိုက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းသွားခဲ့ခြင်းဖြစ်သည်။
အထည်ချုပ်လုပ်ငန်းအတွက် အဓိကဈေးကွက်မှာ အမေရိကန်ဖြစ်ပြီး လာမည်နှစ်တွင် အမေရိကန်သို့ တင်ပို့မှု နှစ်ဆတက်လာမည်ဖြစ်ကြောင်း မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌဖြစ်သူ ဦးမြင့်စိုးက ပြောသည်။
၂၀၀၁ ခုနှစ်အတွင်းက မြန်မာနိုင်ငံသည် အဝတ်အထည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၈၁၇ သန်းအထိ ရရှိခဲ့ပြီး အမေရိကန်သို့ တင်ပို့မှုက ဒေါ်လာ သန်း ၅၀၀ နီးပါးရှိကြောင်း ၎င်းက ပြောသည်။ ၂၀၀၄ ခုနှစ်တွင် ဂျပန် စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဒေါ်လာ သန်း ၇၀၀ ဖိုးမျှသာ တင်ပို့နိုင်ခြင်း ရှိတော့သည်။
၂၀၁၃ တွင် အီးယူက မြန်မာနိုင်ငံအား ကုန်သွယ်ရေးမျက်နှာပေးမှု GSP ပြန်လည်ပေးအပ်ခဲ့ပြီး အထည်အဝတ်အစားတင်ပို့မှုသည် ၂၀၁၅ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
No comments:
Post a Comment