Wednesday, September 7, 2016

တိုင်းလိုင် (ရှမ်းနီ) နှင့် လီဆူ ကိုယ်စားလှယ် ၂ ဦးမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်း

Kachinnews


အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (T.N.D.P) နှင့် လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (L.N.D.P) တို့ ကချင်ပြည်နယ်မှ မြို့နယ် အချို့ကို ၄င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ အဖြစ် တောင်းဆိုခဲ့ ကြသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသား တိုးတက်ရေး ပါတီမှ စိုင်းဌေးအောင် က ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် အပါအဝင် ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဦးရွှေမင်းက ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအို၊ မချမ်းဘော၊ ဆော့လော်၊ ခေါင်လန်ဖူး နဲ့ ချီဖွေ မြို့နယ်များကို လီဆူ အထူးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသအဖြစ် တောင်းဆိုခဲ့ပါသည်။

လီဆူ ပါတီ (ဒူးလေးပါတီ) ၏ ၂၁ ရာစုပင်လုံ ညီလာခံတွင်း ‘လီဆူ အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ’ တောင်းဆိုမှုကို ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့က ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြပါသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာ မှ “ကချင်ပြည်နယ် ကို ယခင် ကချင်ပြည်နယ် စ သတ်မှတ်ပေးချိန်က နယ်နမိတ် အတိုင်း ပြန်ဖြစ်စေချင်သည်” ဟု၂၁ ရာစု ပင်လုံ ညီလာခံ တွင် ပြောခဲ့သည်။

No comments: