Kachinnews
ဧရာဝတီ မြစ်ဆုံ စီမံကိန်း ကြောင့် ရွေ့ပြောင်းခံနေရသည့် ဒေသခံ ပြည်သူများ၏ အခက်အခဲ အသံများ ထုတ်ဖော်သည့် အခမ်းအနား ကို မနက်ဖြန် စက်တာဘာလ ၉ ရက်နေ့ မြစ်ဆုံ နံဘေးတွင် ပြုလုပ်မည်ဟု သိရပါသည်။
သတင်း စာရှင်းလင်းပွဲ အစီစဉ်ကို နံနက်ပိုင်း ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြစ်ဆုံနှင့် ပတ်သက်သည့် လက်ရှိ အခြေအနေများကိုလည်း သဘောထား ထုတ်ပြန်သွားမည်ဟု ပွဲ စီစဉ်သူများက ပြောပါသည်။
ယခင် စစ်အစိုးရ လက်ထက် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီ နှင့် မြန်မာအစိုးရတို့ကြား မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရန် သဘောတူညီခဲ့သည့်အတွက် ယင်းဒေသတစ်ဝိုက် ပြည်သူများသည် နေရာဒေသ အသစ်ကို ပြောင်းရွေ့ခံထားနေရခြင်း ဖြစ်ပါသည်။
အသစ်ရွှေ့ပြောင်းခံထားရသည့် နယ်မြေတွင် နဂို မြစ်ဆုံဒေသထက် အဆင်မပြေမှုများသည့်အတွက် ဒေသခံများ သည် အဘက်ဘက်မှ အခက်အခဲ ကြုံနေရကြောင်း ပြောပါသည်။
သမ္မတ ဦးသိန်းစိန် လက်ထက် ရပ်နားခဲ့တဲ့ အဆိုပါ စီမံကိန်းကို ယခု NLD အစိုးရလက်ထက်မှာလည်း တရုတ်နိုင်ငံဘက်မှ မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း ပြောလာသည့်အတွက် ဒေသခံပြည်သူများအပါအဝင် စီမံကိန်း ကန့်ကွက်သူများမှ စိုးရိမ်နေရချိန်ဖြစ်ပါသည်။
No comments:
Post a Comment