Tuesday, September 6, 2016

မြန်မာနိုင်ငံ၏ ဟိုတယ် စီမံကိန်းများတွင် စင်ကာပူနိုင်ငံမှ အများဆုံးရင်းနှီးမြုပ်နှံထား

စိုးသူအောင်

အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း စီမံကိန်းများတွင် အများဆုံးပါဝင်နေပြီး စင်ကာပူနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုမှာ အများဆုံးဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

“ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက စုစုပေါင်း သန်း ၂၉၁၈ သန်းကျော်ရှိတာပေါ့နော် အဲဒီထဲမှာမှ စင်ကာပူက အ များဆုံးပေါ့ “ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်း/ပြင်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ညွှန် ကြားရေးမှူး ဦးမြင့်ထွေးက မဇ္စျိမသို့အတည်ပြုပြောကြားသည်။

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံ ဟိုတယ်စီမံကိန်းများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆၂၄ သန်းကျော် ရှိ နေပြီး ဟိုတယ်ဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု အများဆုံးဟု ၄င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး စီမံကိန်းများတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၆၃ သန်း ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၄ဝ သန်း ဖြင့် တတိယအများဆုံး ရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘုတ်တွင်ဖော်ပြထားချက်အရ သိရသည်။

လက်ရှိ အချိန်ထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြုပ်နှံမှုအပါအ၀င် ဟိုတယ်စီမံကိန်း ၅၂ ခုခွင့်ပြုထားပြီး ရင်း နှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၁၈ သန်းခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြးမှု ဦးစီးဌာန စိမံကိန်း ဌာနခွဲ (Project ဌာနခွဲ) ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ပြောသည်။

၂၀၁၅ ခုနှစ်ကုန်ထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပေါင်း ၄၈ ခုရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၀၀ ကျော်ရှိခဲ့ ကြောင်း ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

No comments: