ဖနိဒါ
၁၇ လကြာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(AA)တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက် ပြေး တိမ်းရှောင်နေရသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ပြင်စိုကျေးရွာသား စစ်ပြေး ဒုက္ခသည် များကို ချင်းပြည်နယ်အစိုးရက နေရပ်ပြန်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဧပြီလမှ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ဒုက္ခသည် ၃၀၀ ကျော်သည် ပလက်ဝမြို့နယ် လောင်းတင် ကျေးရွာ အနီး ယာယီစခန်းချနေထိုင်နေရာမှ နေရပ်ရင်း ပြင်စိုကျေးရွာသို့ မြေမြှုပ်မိုင်းများ ရှင်း လင်းပေးခြင်း၊ အောက်တိုဘာလမှ စတင်၍ နေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ပေးနေသည်ဟု ချင်းပြည် နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောသည်။
“တိုက်ပွဲရှောင်တဲ့ လူတွေက အရင်လ၂၃၊ ၂၄ ရက်နေ့မှာ ပလက်ဝမှာ ပြည်နယ်ဝန်ကြီးနဲ့ အစိုးရအဖွဲ့တွေသွား ပြီးတော့ စစ်ဘေးရှောင်လူထုနဲ့ သွားညှိတယ်။ သူတို့ အရင်နေရာပြန်နိုင်ဖို့ လိုအပ်တဲ့ အိမ်တွေပြန် ဆောက်ပေး ပြီး ပို့ပေးမယ်။ ပြင်လို့ရတဲ့အိမ် ပြင်ပေးမယ်။ မိုင်းတွေ ရှင်းပေးနေတယ်။ အရေးကြီးတာကတော့ သူတို့ သွားရေး လာရေး တတ်နိုင်သလောက် ကူညီပေးမယ်။ လုံခြုံရေးကလည်း ကောင်းပါတယ်”ဟု မဇ္စျိမကို ပြောသည်။
စစ်ပြေး ဒုက္ခများကလည်း မိမိနေရပ်ပြန်နိုင်ရေးအတွက် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မည်ဆိုပါက နေရပ်ရင်းသို့ ပြန် ရန် သဘောတူညီခဲ့သည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးအဖွဲ့မှ ဦးကျော်အောင်က ပြောသည်။
“ဝန်ကြီးချုပ် ကိုယ်တိုင် လူထုနဲ့ညှိနိုင်းတယ်။ လူထုတွေကလည်း တင်ပြတယ်၊ ဆွေးနွေးပြီးတော့ ဂုဏ်သိက္ခာရှိ စွာနဲ့ နေရပ်ကို ပြန်နိုင်ရေးအတွက် ကျနော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးရယ်၊ စစ်ပြေးရှောင်ကော်မတီတွေ ပူး ပေါင်းပြီးတော့ ချင်းပြည်နယ် အစိုးရကို စာတင်လိုက်တယ်။ စီမံချက်အတိုင်းတာ အစိုးရက ကောင်းကောင်း မွန် မွန် လုပ်ပေးမယ်ဆိုရင် စစ်ပြေးရှောင်ပြည်သူတွေ ပြန်မယ်ဆိုတဲ့ သဘောတူတဲ့အနေအထားတော့ ရှိတယ်”ဟု သူက ပြောသည်။
ချင်းပြည်နယ် အစိုးရက စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ပေးနေချိန် လက်ရှိ အခြေအနေတွင် လုံခြုံရေး တည်ငြိမ်နေသော်လည်း အဆိုပါ ပြင်စိုကျေးရွာသည် အင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးစပ်သလို၊ ရက္ခိုင်တပ်မတော်(AA)ကလည်း ဝင်ထွက် သွားလာနိုင်သည့် နေရာဖြစ်၍ လုံခြုံရေး စိုးရိမ်မှုတော့ ရှိနေသည်ဟု ဆိုသည်။
အဆိုပါ စစ်ပြေးဒုက္ခသည်များအတွက် အလှူရှင်များ တခါတရံသာရောက်ရှိသဖြင့် လက်ရှိတွင် စားဝတ်နေရေး လိုအပ်ချက်များ ရှိနေသည်ဟု သူက ပြောသည်။
လာမည့် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အထိ အပြီးတိုင် ပြောင်းရွှေ့ရန် ချင်းပြည်နယ် အစိုးရက စစ်ပြေးရှောင် ပြည်သူများအတွက် နေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။
No comments:
Post a Comment