Wednesday, September 14, 2016

ကရင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ကျော် နေရပ်စွန့်ခွာ

စောရန်နိုင်


ကရင်ပြည်နယ်တွင် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA) ခွဲထွက် အဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါနှင့် မြိုင်ကြီးငူ ဒေသတွင် နယ်ခြားစောင့်တပ်နှင့် အသတ်ခံရသူ တပ်မှူး ဗိုလ်နားမကြား၏ အမည်ကို အဖွဲ့အမည် အဖြစ်ခံယူထားသော DKBA ခွဲထွက်အုပ်စုတို့ တိုက်ပွဲ များဖြစ် ပွားနေခြင်းဖြစ်ကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာနေကြကြောင်း သိရှိရသည်။

DKBA ခွဲထွက် အဖွဲ့က ထိုးစစ်ဆင်မည်ဟု ကြေညာပြီးနောက် မဲသဝေါနှင့်မြိုင်ကြီးငူဒေသသို့ နယ်ခြား စောင့်တပ်နှင့် တပ်မတော်သားများ သယ်ဆောင်သွားသည့် ထရပ်ကား နေ့စဉ် သွားရောက် နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မြ၀တီမြို့ ဆက်ဆံရေးရုံးမှ အရာရှိတဦးက ပြောသည်။

KNU နှင့် DKBA နှစ်ဖွဲ့လုံးသည် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားပြီး မြန်မာ့ တပ်မတော်နှင့် ဆက်ဆံရေးကောင်းနေသောအဖွဲ့များဖြစ်သည်။

မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တပ်များသည် မဲသဝေါတွင် စေတီ တဆူတည်နေမှု အပြီး သတ်ဆောင်ရွက် ရန် မြိုင်ကြီးငူဆရာတော်ကိုစောင့်နေကြပြီး ယင်းနောက်ပိုင်းတွင် တိုက်ပွဲများပိုမိုဖြစ်လာနိုင်သည် ဟု KNU ဆက်ဆံရေး အရာရှိက ပြောသည်။

မြိုင်ကြီးငူဆရာတော်ဦးသုဇနသည်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးဖြစ်ပြီး ၁၉၉၄ ခုနှစ်က ခရစ်ယန် ကြီးစိုး လွှမ်း မိုးသော KNU အဖွဲ့မှ ဗုဒ္ဓဘာသာအုပ်စုခွဲထွက်ပြီး DKBA ထူထောင်ရန်ကူညီခဲ့သော ဆရာတော်ဖြစ် သည်။ ဆရာတော်သည် DKBA နှင့် နယ်ခြားစောင့် BGF အဖွဲ့များအပေါ်ကြီးမားစွာသြဇာရှိနေဆဲဖြစ်သည်။

ဆရာတော်သည် ယခုနှစ်အစောပိုင်းက မွတ်စလင်နှင့် ခရစ်ယန်ဝတ်ပြုသောနေရာများ၏ခြံဝင်းများအတွင်း ဘုရားများတည်ရန် အားကိုးကွယ်သူများကို ညွှန်ကြားခြင်းဖြင့် ကရင်ပြည်နယ်အတွင်း သာသာရေး တင်းမာမှု များဖြစ်ပွားစေခဲ့သည်။

လတ်တလောမြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တပ်များ၏အင်အားဖြည့်တင်းခြင်းသည် မြန်မာစစ်တပ်က အလိုရှိ နေသော ထို DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးး စောဆန်းအောင်ကို ရှာဖွေရန်သာမက ပိုမိုကျယ်ပြန့်သောထိုးစစ်ဆင်ရန်လည်းရည်ရွယ်သည်ဟု ထိုင်းမြန်မာနယ်စပ်မှ KNU အဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်များ ကပြောသည်။

“သူတို့ကထိုးစစ်ရဲ့အကျိုးအမြတ်နဲ့ဆုံးရှုံး ရနိုင်ခြေတွေကို အကုန်တွက်ထားပြီးပြီ” ဟု KNU အရာရှိကပြော သည်။

မြန်မာ့တပ်မတော်မှ တပ်မ ၂၂ ၊ ၄၄ နှင့်နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ၊ ရင်းပိုင်၊ မဲဆိတ်၊ ဝါးဘိုးတောင်နှင့် မဲသဝေါ ဒေသများရှိရှေ့တန်း စစ်မျက်နှာများတွင်ဖြန့်ကျက်ထားကြောင်း၊ တပ်မ ၄၄ နှင့် ကျိုက်ကော်မှ ၂၀၇ အမြှောက်တပ်သည် နယ်ခြားစောင့်တပ်နှင့်ပူးပေါင်းထားကြောင်း ၊ တချို့ သော တပ်များ သည် KNU တပ်မဟာ ၅ နယ်စပ်ရှိ အုန်းတောင်နှင့်ကမမောင်းဘက်မှလာနေကြကြောင်း DKBA မှ ဗိုလ်မှူးစောဆန်းအောင်က ဧရာဝတီသို့ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်တခုတွင် ကျေးရွာဒေသခံ ၂၀၀၀ ခန့် သည်တိုက်ပွဲများဆက်လက်ဖြစ်ပွားမည်ကို ကြောက်လန့်၍ဆရာတော် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၏ အကူအညီဖြင့် နေအိမ်များကိုစွန့်ခွာပြီးထရပ်ကားများဖြင့် မြိင်ကြီးငူတွင်ခိုလှုံရန်ထွက်ခွာသွားကြသည်ကို တွေ့ရသည်။

မဲသဝေါနယ်စပ်ကျေးရွာဒေသခံဒါဇင်များစွာတို့သည်ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်ခိုလှုံနေကြကြောင်း၊မြဝတီမြို့ မှ ဘားအံသို့ဆက်သွယ်သော အာရှအဝေးပြေးလမ်းမကြီးတလျှောက်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော နယ်ခြားစောင့်တပ်များကိုဖြန့်ချထားကြောင်း၊ အဝေးပြေး လမ်းမကြီး မှာ ဆက်လက် ဖွင့်ထား ဆဲဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ တပ်မတော်နှင့်နယ်ခြားစောင့်တပ်များသည် သံလွင်မြစ်ပေါ်ရှိ ရပ်ဆိုင်းနေသော ဟက်ကြီးရေဆည်စီမံကိန်းနေရာကို ရရှိရန်နှင့် ယခင် KNU ဌာနချုပ်ဟောင်း မဲသဝေါကို ထိန်းချုပ်ရန် ရည်ရွယ်ရှိပုံ ရကြောင်း ခန့်မှန်းမှုများရှိနေသည်။ ဟက်ကြီးဆည်ကို KNU တပ်မဟာ ၅ ကဆန့်ကျင်ပြီး မိုရိနှင့်သံလွင်မြစ်များတလျှေက် မဲသဝေါဒေသအနီးတွင် တပ်ဖွဲ့များအခြေစိုက်ထားသည်။

KNU တပ်ဖွဲ့များသည် တိုက်ပွဲများတွင်မပါဝင်သေးဘဲ ခေါင်းဆောင်ပိုင်က တစုံတရာ ညွှန်ကြားချက် မရှိကြောင်း KNU အရာရှိတဦးက ဆိုသည်။

No comments: