Kachinnews
နေ့လည် ကချင် ပြည်နယ် မိုးညှင်းမြို့ အနီး မိုင်း ပေါက်တစ်လုံး ပေါက်ကွဲမှုတွင် လူ ၂ဦး သေဆုံး ခဲ့သည်။
လယ်တော၌ ဒေသ စံတော်ချိန် ၁၂နာရီ မိနစ် ၂၀ ခန့်မှာ မိုင်း နှင်းမိပေါက်ကွဲခြင်း ဖြစ်ပြီး သေဆုံးသူ ၂ဦးမှာ သာမန် ပြည်သူ ဗမာ လူမျိုးဖြစ်သည်ဟု ဒေသခံများ ပြောပါသည်။
မည်သည့်အဖွဲ့၏ မိုင်းဖြစ်ကြောင်းကို မသိရသေးပါ။
ကချင် ပြည်နယ် တောင်ပိုင်း မိုးညှင်းမြို့နယ်တွင် မြန်မာအစိုးရတပ်၊ ရှမ်းနီပြည်သူ့စစ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၈) တပ်ဖွဲ့များ ရှိပါသည်။
၂၀၁၁ ခုနှစ်မှ စပြီး မြန်မာအစိုးနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကြား တကျော့ပြန် စစ် ဖြစ်လာပြီး နှစ်ဖက် တိုက်ပွဲများသည် လွန်ခဲ့သည့် ဧပြီလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ် တက်လာချိန်မှ ကချင်ပြည်နယ် အနှံ့ တိုက်ပွဲ ဖြစ်ပွဲနှုန်း သိသိသာသာ မြှင့်တက် လာနေပါသည်။
No comments:
Post a Comment