Sunday, September 11, 2016

ခန္တီးမြို့နယ်တွင် လက်လုပ်ဗုံးပေါက်ကွဲ တစ်ဦးသေဆုံး

အောင်ကိုဦး

စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ နန်းစီပွန်ဒေသ၊ မှော်သစ်သွားသည့် လမ်းမတွင် စက်တင်ဘာလ ၉ ရက်၊ နံနက် ၄ နာရီခန့်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ခန္တီးမြို့မြို့မ ရဲ စခန်းမှ သိရသည်။

အဆိုပါ ပေါက်ကွဲသည့် နေရာသို့ ခန္တီးအခြေပြု ဗျူဟာမှူးနှင့် အဖွဲ့သွားရောက်ရှာဖွေစစ်ဆေးလျှက်ရှိရာ ပေါက်ကွဲသည့် လမ်းမတစ်လျှောက်တွင် ထောင်ထားသည့် လက်လုပ်ဗုံး ၆ လုံး ထပ်မံရှာဖွေသိမ်းဆည်းရမိသည်ဟုလည်း ခန္တီးမြို့မရဲ စခန်းမ ဒုရဲမှူး သန်းထွေးက မဇ္စျိမကို ပြောသည်။

ဗုံးပေါက်ကွဲရာတွင်၍ သေဆုံးခဲ့သည့် အမျိုးသားအား စက်တင်ဘာလ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီက ခန္တီးမြို့သုဿန်တွင် သဂြိင်္ိုလ်ခဲ့ကြောင်းလည်း သိရသည်။

"ကျွန်တော်တို့စခန်းကပဲ သင်္ဂြိုလ်လိုက်တာပါ။ ဒီက လူမှုရေးအသင်းနဲ့ ပူးပေါင်းပြီးပေါ့။ ပိုင်ရှင်မဲ့အနေနဲ့ပါ။ ရုပ်ကပျက် နေတယ်"ဟု ဒုရဲမှူး သန်းထွေးက ပြောသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒုရဲမှူး သန်းထွေးက ဆိုသည်။

No comments: