Wednesday, September 7, 2016

ကိုယ်ဝန်ဆောင် အမျိုးသမီးများ ချင်းမိုင်သို့ မလာရောက်ရန် ကောင်စစ်ဝန်ရုံး သတိပေး

ဖနိဒါ

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသည့် မိခင်လောင်းများအနေဖြင့် ယခုရက်ပိုင်းအတွင်း ချင်းမိုင်မြို့သို့ လာရောက်ခြင်းကို ဆိုင်းငံ့ထားရန် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက စက်တင်ဘာလ ၇ ရက်က အသိပေးစာ ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၅ ရက်က ချင်းမိုင်ပြည်နယ် ဆန်ဆိုင်းခရိုင်တွင် အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန် ၈ လရှိသော မြန်မာ နိုင်ငံသား အမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားနေရကြောင်း သတင်းရရှိသဖြင့် မြန်မာကေင်စစ်ဝန်ချုပ်ရုံးမှ ဆက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ စုံစမ်းမေးမြန်းရာတွင် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး ဖီကာဗိုင်းရပ်ပ်ကူး စက်ခံရ ကြောင်း တွေ့ရှိရသဖြင့် ဆန်ဆိုင်းပြည်သူ့ဆေးရုံ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ်ကုသရေးဌာတွင် အနီးကပ် စောင့်ကြည့် ကုသပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

“ဇီကာဗိုင်းရပ်စ်က ကမ္ဘာမှာလည်း သတိထားရမဲ့ ဗိုင်ရပ်စ်တခုအနေနဲ့ မပြန့်ပွားအောင်ဆိုပြီးတော့ ထိန်းချုပ်နေ တယ် ပေါ့လေ။ စင်္ကပူမှာလည်း တွေ့တယ်။ ထိုင်းမှာလည်း မြောက်ပိုင်း ၄ ခရိုင်မှာ တွေ့ရှိတယ်။ ဒီဗိုင်းရပ်စ်မပြန့်ပွားရေးကို ထိန်းချုပ်နိုင် အောင်လို့ သတင်းထုတ်ပြန်တာပေါ့။ ဗိုင်းရပ်စ်ပိုး ဒီမှာရောက်နေပြီ။ ကာကွယ်သတိထားကြဖို့ ထုတ်ပြန် တာပါ”ဟု ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန် ဦးကောင်းစံလွင်က ပြောသည်။

အဆိုပါ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူများသည် ကိုယ်အပူချိန်တက်၍ အဖျားတက်ခြင်း၊ အရေးပြားယာယံခြင်း၊ မျက် လုံးနီခြင်း၊ ခန္ဒကိုယ်ကိုက်ခဲခြင်း၊ ပုံမှန်မဟုတ်သော ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ရောဂါ လက္ခ ဏာများ ခံစားရတတ်ကြောင်း သိရသည်။

လူနာနေထိုင်ရာ နေအိမ်အတွင်း၊ အပြင်နှင့် ပတ်ဝန်းကျင်နေရာများအား ခြင်နှိမ်နှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး ထားပြီး လူနာ၏ သဘောတူညီမှုမရရှိဘဲ ၄င်း၏ ကိုယ်ရေးအချက်အလက်နှင့် ကျန်းမာရေးဆိုင်ရာ အချက် အ လက်များ ကို ပြောကြားနိုင်ခြင်း မရှိပါကြောင်း ချင်းမိုင်ပြည်သူ့ကျန်းမာရေးဌာနမှ အကြောင်းကြားလာကြောင်း ဖော်ပြထားသည်။

“ရောဂါပိုးတွေ့ရှိတယ်ပေါ့နော်။ ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးကို အထူးကြပ်မတ်ဆောင်မှာ ကုသနေတယ်ပေါ့။ ဒါဘဲ သိရတယ်။ ကျန်တာက ဘာမှပြောလို့မရဘူးဆိုပြီး အကြောင်းပြန်ထားတယ်၊ စိုးရိမ်ရတဲ့အခြေအနေတော့ မပြောဘူး”ဟု ဦးကောင်းစံလွင်က ပြောသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် မြန်မာနိုင်ငံသားများအနေဖြင့် လိုအပ်သည့် အကူညီစောင့်ရှောင်မှုများအတွက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ ဖုန်းအမှတ် ၀၅၂ ၀၀၄၂၁၁ နှင့် ၀၆၁၂၇၂၇၇၇၅ သို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၂ ရက်ကလည်း မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင် မိခင်များနေဖြင့် ဇီကာဗိုင်းရပ်စ်ရောဂါး ကူးစက် နေ သောကြောင့် စင်္ကပူနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း မလာကြရန် စင်္ကပူနိုင်ငံရှိ မြန်ာမသံရုံးက အသိပေးထုတ်ပြန်ထား သည်။

No comments: