Friday, September 9, 2016

Cafe Orchid မှ အလုံခန်းများ စည်ပင်ဖမ်းဆီးမှု ဆိုင်ရှင်ကိုယ်တိုင် ပြန်ရှင်း

အောင်ကိုဦး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၆ လမ်းနှင့် ၆၇လမ်းကြား၊ ၄၃ လမ်းရှိ Cafe Orchid အား စည်ပင်သာယာ ရဲတပ် ဖွဲ့မှ အလုံပိတ်အခန်းများဖြင့် တရားမဝင်ဖွင့်လှစ်သည်ဟုဆိုကာ စက်တင်ဘာလ ၇ ရက်၊ မွန်းလွဲပိုင်းက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းကို မကျေနပ်၍ ဆိုင်ပိုင်ရှင် ဦးဇေယျာလွင်က စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် ၎င်းဆိုင်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"တရားမဝင်ဖွင့်နေတယ်ဆိုတာမဟုတ်ပါဘူး။ အခွန်ထမ်းပြီးဖွင့်ခဲ့တာပါ။ စည်ပင်မှာလည်း လုပ်ငန်း လိုင်စင်လုပ်ထား တယ်။ အားလုံးပြည့်စုံတယ်။ ကျွန်တော့်ဆိုင်မှာ အရက်ဘီယာလုံးဝမရောင်းဘူး။ အလုံပိတ်ခန်း ၇ ခန်းရှိပါတယ်။ အ လုံပိတ်ခန်းဆိုပေမယ့် မှန်ပဲတပ်ထားပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းညီအစ်ကို မောင်နှမတွေ သီးသန့် လွတ်လပ် စွာ ထိုင်လို့ရအောင်ပါ။ ဝင်ဖမ်းတော့လည်း ဘယ်သူမှမပါဘူး။ အဲဒီလိုလုပ်တာဟာ ကျွန်တော့် ပတ်ဝန်းကျင်ကို ဂုဏ် သိက္ခာ ထိခိုက်ပါတယ်"ဟု Cafe Orchid ဆိုင်ပိုင်ရှင် ဦးဇေယျာလွင်က ပြောသည်။

Cafe Orchid ဆိုင်ဖွင့်လှစ်သည်မှာ ၁၁ နှစ်ကြာပြီဖြစ်ပြီး ဥပဒေနှင့် အညီလုပ်ငန်း လိုင်စင်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်ဟု ဦးဇေယျာလွင်က ဆိုသည်။

ဆက်လက်၍ ဦးဇေယျာလွင်က မဟာအောင်မြေမြို့နယ်အတွင်းတွင် တရားမဝင်ဖွင့်လှစ်ထားသော KTVများ၊ အနှိပ် ခန်းများ၊ ပြည့်တန်ဆာနေရာများ၊ လောင်းကစားနေရာများ၊ စင်တင်တေးဂီတများ အားဖမ်းဆီးခြင်းမရှိဘဲ အခွန်ထမ်း ဆောင်နေသည့် ဆိုင်အားဝင်ရောက်ဖမ်းဆီးခြင်းကို နားမလည်ကြောင်း ဆိုသည်။

"ကျွန်တော်ကတော့ ဆိုင်ဆက်ဖွင့်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လုပ်ငန်းလိုင်စင်ရယ်၊ အခွန်စာရွက် တွေရယ်ရှိ တယ်။ လိုင်စင်လျှောက်ပြီဆိုကတည်းက စည်ပင်က ဆိုင်ကိုလာကြည့်စစ်ဆေးပြီးသားပါ။ သူတို့ သတ်မှတ်ချက်နဲ့ ညီလို့ လိုင်စင်ချထားပေးတာပါ "ဟု ဦးဇေယျာလွင် ကပြောသည်။

Cafe Orchid ဆိုင်အား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ မဟာအောင်မြေမြို့နယ်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးအောင်မျိုးသန့်က "စည်ပင်သာယာဥပဒေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်တာပါ။ စည်းမျည်း စည်းကမ်းနဲ့ ညီ ရင်တော့ ဖမ်းလို့မရပါဘူး။ မညီရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကနေ အရေးယူမှာပဲ"ဟု ပြောသည်။

စည်ပင်သာယာ ရဲတပ်ဖွဲ့မှ စီမံချက်ချ၍ မန္တလေးမြို့တွင်းရှိ အလုံပိတ်အခန်းများကို သြဂုတ်လ ၃၁ ရက်မှစ၍ စစ်ဆေး ဖမ်းဆီးမှုများ ဆောင်ရွက်လျှက်ရှိပြီး မန္တလေးမြို့ လူထုများအနေဖြင့် အလုံပိတ်ခန်းများ ဖွင့်လှစ်ထားရှိသည်ကို တွေ့ရှိပါ က ၀၂ ၆၄၇၅၄ ၀၉၂၅၉၀၄၉၈၉၂နှင့် ၀၉၂၅၉၉၉၉၅၅၄ သို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု စည်ပင်သာယာရေး ကော် မတီမှ သတင်းထုတ်ပြန်ထားသည်။

No comments: