Tuesday, March 8, 2011

ဦးတေဇ ရဟတ်ယာဉ်ပျက် မသယ်နိုင်သေး

ကျော်ခ

ကချင်ပြည်နယ်မြောက်ဖျား ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်တွင် ကျွံကျနေသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရဟတ်ယာဉ်ကို ပြန်မသယ်နိုင်သေးကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူများက ပြောသည်။

အမြင့်ပေ တသောင်းနှစ်ထောင်နီးပါးအမြင့်ရှိ ရေခဲတောင်ပေါ်တွင် ၁၅ ရက်ကြာမြင့်ပြီဖြစ်သော ရဟတ်ယာဉ်ပျက်ကို တစချင်း ဖြုတ်သယ်ရမည့် အခြေအနေဖြစ်သည်။

ရေခဲတောင်ပေါ်သို့တက်ရောက်မည့် လမ်းကြောင်းကို လေ့လာစဉ် ဦးတေဇအပါအဝင် လူ ၆ ဦးမှာ ရဟတ်ယာဉ်ကျွံသွား၍ သုံးရက်ကြာ သောင် တင်ခဲ့ပြီး ထိုင်းနိုင်ငံမှ ငှားရမ်းသော ရဟတ်ယာဉ် တစီးမှ ကြိုးချ ကယ်ခဲ့ရသည်။

“ရဟတ်ယာဉ်ကတော့ တောင်ပေါ်မှာပဲ။ သယ်လို့မရသေးဘူး ဖြစ်နေတယ်။ အစီးလိုက် ဆွဲထုတ်ဖို့အတွက်က ကျနော်တို့ဆီမှာ ဒါကို သယ်ထုတ်နိုင်တဲ့ ရဟတ်ယာဉ် မရှိဘူးပြောတယ်။ ကိုယ်ထည်ကို ဖြုတ်သယ်ဖို့ကလည်း တောင်ပေါ် အဆင်းအတက် ခရီးက မလွယ်ဘူးလို့ ပြောတယ်။ သယ်ဖို့အတွက်တော့ စီစဉ်နေတယ်” ဟု ထူးကုမ္ပဏီ မန်နေဂျာ တဦးက မဇ္ဈိမကို ပြောသည်။

ရဟတ်ယာဉ် ကျွံကျတိမ်းဆောင်းစဉ် အချို့ ခြေထောက် နာကျင်ဒဏ်ရာရသဖြင့် ရန်ကုန်သို့ရောက်ပြီး နောက်တနေ့ ၂၅ ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်၍ ၃ ရက်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ကြသည်။

“ရဟတ်ယာဉ်က ကျွံကျတုန်းက တုံးလုံးလဲပြီး ကျွံတာဆိုတော့ မ’ထုတ်ဖို့ တော်တော်ခက်ခဲတယ်။ ပေ အဲလောက် မြင့်သွားရင်လည်း ရဟတ်ယာဉ်တွေက အလုပ်လုပ်နိုင်မှု အားနည်းသွားတယ်။ ဟိုတနေ့က လူကယ်တာတောင် တဦးချင်း ကဲ့ယူရတာလေ။ မရတဲ့အဆုံးတော့ ကိုယ်ထည်တွေ တစစီ ဖြုတ်ယူပါလိမ့်မယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ သွားရောက်ဖြုတ်ယူလျှင် တောင်ပေါ်ရောက်ရန် ရက်သတ္တတပတ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိကာ၊ နှင်းတောလမ်းကို ဖြတ်၍ ပစ္စည်းများ သယ်ယူရန်မှာလည်း ခက်ခဲလိမ့်မည်ဟု သူက ဆိုသည်။

မောင်တော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမူ သေနတ်ပစ်၍ လူစုခွဲ

နိရဉ္စရာ

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် စစ်မြေပြင် အင်ဂျင်နီတပ်မှ လမ်းလုပ်နေသော ကားတစီး ဒေသခံ တစ်ဦးအား မတော်တဆ တိုက်မိသေဆုံး ပြီးနောက် ဒေသခံ လူထုအတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး လမ်းလုပ်နေသူများကို တိုက်ခိုက်သဖြင့် နစက တပ်ဖွဲ့မှ သေနတ် ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။

“ ဖြစ်တာက ငခူရ ကျေးရွာမှာ တနင်္လာနေ့ နံနက်မှာ ဖြစ်ပွားတာပါ။ လမ်းလုပ်နေတဲ့ ဘီအီးကကား တိုက်တဲ့ အတွက် မွတ်ဆလင် တစ်ဦးသေသွားတယ်။ အဲဒါကို မကျေနပ်တဲ့ ဒေသခံ မွတ်ဆလင်တွေက ဘီအီးတပ်က လူတွေကိုရော၊ လမ်းလုပ်တဲ့ သူတွေကိုပါ တုတ်တွေ၊ ဂဲတွေနဲ့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့ လူအုပ်က အရမ်းများလာတော့ အနီးအနားစခန်းက နစကတွေက သေနတ်တွေ ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ သေနတ် ခုနှစ်ချက်တောင် ပစ်ဖေါက်ခဲ့ရပါတယ်” ဟု ငခူရ ကျေးရွာ မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

ငခူရ ကျေးရွာမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ယခုအခါ ဘီအီးခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ အဆိုပါ ကျေးရွာ အနီးတွင် လမ်းဖေါက်နေကြောင်း သိရသည်။

“ အခုတော့ အခြေအနေကို သက်ဆိုင်ရာက ထိန်းသိမ်းထားလိုက်ပါပြီ။ ဒါပေမယ့် ကိုယ့်အိမ်တွင်းမှာ ကိုယ်နေထိုင်ကြဖို့ ရွာသားတွေကို သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ တိုက်တဲ့ကားနဲ့ တိုက်တဲ့ ကားမောင်းတဲ့ လူကိုလည်း အခု ကြိမ်ချောင်းမှာ ထိန်းသိမ်းထားပြီး လမ်းလုပ်တဲ့ သူတွေကို တိုက်ခိုက်တဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ငခူရ ကျေးရွာ အနီးတ၀ိုက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ပြီး ဘီအီး တပ်သားများကို တိုက်ခိုက်သူ မွတ်ဆလင်များအား တစ်ဦးပြီး တစ်ဦး လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

သေဆုံးသူ အလောင်းအား အနီးအနား ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ယနေ့တွင် မိသားစုထံ လွဲပေးဖွယ်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

နအဖတပ်နှင့် ကေအင်ယူ တိုက်ပွဲဖြစ်၊ ရွာသားများ ပေါ်တာဆွဲခံရ

ဂျူရီချိုင်း

တိုက်ပွဲအတွင်း ဒဏ်ရာရသူများနှင့် ၎င်းတို့၏ စစ်လက်နက် ရိက္ခာများကို သယ်ဆောင်ရန်အတွက် မတ်လ ၅ ရက်နေ့တွင် စစ်အစိုးရတပ်မှ ဘုရားသုံးဆူမြို့နယ်ရှိ တဒိန်ရွာသား ၃၀ ကျော်ကို အထမ်းသမားအဖြစ် ခေါ်ဆောင်သွားကြောင်း ရွာခံများက ပြောသည်။

မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် သုံးဆူအခြေစိုက် ရှေု့တန်းတပ်ရင်း ခလရ ၂၈၃ နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၁၆ မှ တပ်ခွဲ ၂ တို့ ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၁၈ မိုင်အကွာ တဒိန်ရွာအနီး သက်ကယ်ရွာတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“နအဖ စစ်ကြောင်းက တဒိန်ရွာကနေ မဲဇလီကို အဆင်း၊ ကေအင်ယူကလည်း သတင်းမရလားတော့ မသိဘူး၊ သက်ကယ်ရွာ အရောက်မှာ ထိပ်တိုက် တိုက်ပွဲဖြစ်တာပဲ။ နအဖဘက်က ဒဏ်ရာရတဲ့သူတွေ များတယ်၊ ဒါ့ကြောင့် ရွာသားတွေကို ပေါ်တာခေါ်သွားတယ်” ဟု တဒိန်ရွာသူတဦးက ပြောသည်။

စစ်အစိုးရတပ်မှ ၂ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကာ KNLA ဘက်မှ ကျဆုံးဒဏ်ရာရရှိသူစာရင်းကို မသိရှိကြောင်း ပြောသည်။

သက်ကယ်ရွာသည် တဒိန်ကျေးရွာ အနောက်ဘက် မိုင်ဝက်ခန့်တွင် ရှိပြီး အိမ် ၁၀ လုံးခန့်သာ ရှိသည့် ခြံရှင်များ စုစည်းနေထိုင်သည့် ရွာငယ်ဖြစ်သည်။

ရွာသားများအပြင် သုံးဆူမြို့မှ မော်တော်ကား ၆ စီးကိုလည်း ချောဆွဲသွားခဲ့ကြောင်း သုံးဆူမြို့ခံတဦးက ပြောသည်။ မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မော်တော်ကားအချို့နှင့် အထမ်းသမားအချို့ ပြန်ရောက်လာသော်လည်း အချို့မှာ ပြန်မရောက်သေးကြောင်း သူက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ အပလုံကျေးရွာအနီးတွင် ခမရ ၅၆၆ တပ်ရင်းကို ကေအင်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ က ခြုံခိုတိုက်ခိုက်ခြင်းကြောင့် တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းပြင် လက်နက်ခဲယမ်းနှင့် ရိက္ခာများကို သယ်ဆောင်ရန် ငှားရမ်းထားသည့် ကားမောင်းသမားတဦး သေဆုံးပြီး နောက်လိုက်တဦးလည်း ဒဏ်ရာ ရရှိခဲ့သည်။

မြန်မာ့ အင်တာနက် ပိုနှေးလာနေ

လင်းသန့် Tuesday, 08 March 2011

အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံတွင် ရိုက်ခတ်လာမည် စိုးရိမ်သောကြောင့် စစ်အာဏာပိုင်များက လုံခြုံရေးအရေ နည်းမျိုးစုံဖြင့် ဟန့်တားကာကွယ်နေရာ အင်တာနက် ၀န်ဆောင်မှုကိုလည်း ယခင် ထက် ပိုမိုထိန်းချုပ်နေသည်။

မြန်မာ့ ဖေ့စ်ဘွတ် တော်လှန်ရေး (Face Book Revolution) ဟု လှုံ့ဆော်နေသော Just Do It. (JD) များနှင့် မြန်မာနိုင်ငံတွင်း အင်တာနက် သုံးစွဲသူများအကြား ဖေ့စ်ဘွတ် (Face Book) စာမျက်နှာများ၌ ယခုလ ၁၃ ရက်နေ့နံနက် ၈ နာရီ တွင် အီဂျစ် အစရှိသည့် အာဏာရှင် နိုင်ငံ တချို့၌ ဖြစ်ပွားသည့် လူထု လှုပ်ရှားမှုမျိုး လုပ်ဆောင်ရန် လှုံ့ဆော်မှုများကြောင့် အစိုးရက ပိုမိုထိန်းချုပ် လာသည့် အတွက် ယခုရက်ပိုင်းအတွင်း အင်တာနက် မြန်နှုန်းများ သိသာစွာ နှေးကွေးသွားကြောင်း အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များက ဧရာဝတီကို ပြောသည်။

“အခုကျနော်တို့ JD တွေ အနေနဲ့ အရင်ကထက် အင်တာနက် ဖေ့စ်ဘွတ်တွေက တဆင့် လူထုလှုပ်ရှားမှု ဖြစ်လာဖို့ လုပ်နေတာမှာ သူတို့ (အစိုးရ) က အင်တာနက်ကို ပိုထိန်းချုပ်လာတာ သတိထားမိတယ်”ဟု JD တဦးက ဧရာဝတီသို့ ပြောသည်။

Just Do It. (JD) အင်တာနက် စာမျက်နှာကို တက်ကြွ မြန်မာ လူငယ်များက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တပတ်ကျော် ကာလအတွင်း ပူးပေါင်းပါဝင်သူများ တထောင်ကျော် အထိ တမုဟုတ်ချင်း များပြားလာကာ တချို့မြို့များတွင် လှုံ့ဆော်စာဝေခြင်း၊ ပိုစတာများ ကပ်ခြင်းများ အထိပင် ကျယ်ပြန့်လာကြောင်း သိရသည်။

“အင်တာနက် က မြန်မာနိုင်ငံမှာ လိုင်းပုံစံအားဖြင့် ADSL Broadband, Wi-Max ဆိုတာအပြင် အခု CDMA 800 MHZ ဖုန်းနဲ့ သုံးတဲ့ပုံစံ၊ နောက်ဖုန်းတလုံးပါတဲ့ Mac- Wall ဆိုတာ တမျိုးပေါ့၊ နောက်တခု က Sky –Net လို့ခေါ်တဲ့ ဂြိုဟ်တု စလောင်းဖမ်းစက်နဲ့ တွဲသုံးတဲ့စနစ် ဆိုပြီးရှိတယ်။ Broadband Cable က အရင်က စစ်တပ်အရာရှိကြီးတွေပဲ ချပေးခဲ့တာ၊ သူက လိုင်းအကောင်းဆုံးပဲ၊ နောက်ပိုင်း မချပေးတော့ဘူး၊ အခု နောက်ထပ် အင်တာနက်လိုင်းတွေကို အများကြီး ချပေးလိုက်တာလဲ ပိုနှေးစေတယ်”ဟု မြန်မာ ကွန်ပျူတာ ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အင်တာနက်ဆိုင် လုပ်ငန်းများလည်း ယခင်ကထက် သုံးစွဲသူ နည်းပါးလာခြင်းသည် မြန်နှုန်းကျခြင်း၊ လုံခြုံရေး ကင်မရာများ တပ်ဆင်ထားခြင်းနှင့် တချို့ဆိုင်များတွင် Spy Software များ အသုံးပြုခြင်းများကြောင့် ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ စာရင်းမှာ၂၀၀၀ ခုနှစ်က သုံးစွဲသူ ၁၀၀၀ ၀န်းကျင်သာ ရှိခဲ့ရာက ၂၀၁၀ ပြည့်နှစ် တွင် တသိန်းတသောင်း အထိရှိလာပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၀.၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်သေးကြောင်း၊ ယခုနှစ်တွင် နောက်ထပ် အင်တာနက် လိုင်းများ တိုးချဲ့ချထားပေးခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည်။

မြို့သစ်တည်ရန်အတွက် ဝန်ထမ်း များ လုပ်အားပေးသွားရ

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မုလအိတောင်ခြေရှိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည့် ချူကလိဒေသတွင် နအဖ စစ်အာဏာပိုင်မှ မြို့သစ်တည်မည့်စီမံကိန်းအတွက် လုပ်အားပေးရန် မြဝတီမြို့နယ်ရှိ ဝန်ထမ်းအချို့ကို ယမန်နေ့က ခေါ်ဆောင်သွားခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မြဝတီမြို့နယ်ရှိ ကျောင်းဆရာ၊ ဆေးဆရာ၊ ရဲ၊ ရယက .. စသည့် စစ်အစိုးရ ဝန်းထမ်းများသည် ချူကလိမြို့ သစ်အတွက် လုပ်အားပေးရန် လျှို့ဝှက်မဲနှိုက်စနစ်ဖြင့် ရွေးချယ်ကာ မဲပေါက်သူများကို စစ်တပ်က ယမန်နေ့ မနက် ၉နာရီခန့်တွင် ဒုတိယအသုတ်ဖြင့် ခေါ်ဆောင်သွားကြောင်း မြို့ခံတဦးက ပြောသည်။

သူမက “မနေ့က ထွက်သွားပြီ။ စစ်တပ်ကားနဲ့ ပါသွားတယ်။ ဘယ်သူမှ မသွားချင်ကြပါဘူး။ ကြောက်ကြ တာပေါ့နော့။ ရွှေတွေ ပုံပေးတာတောင် မသွားချင်ကြဘူး။ တိုက်ပွဲတွေ ဖြစ်တော့လေ။ မဲစနစ်နဲ့ လုပ်ရ တယ်။ ပေါက်တဲ့သူ သွားရတယ်။” ဟု ကေအိုင်စီကို ပြောသည်။

ယမန်နေ့က လိုက်ပါသွားရသည့် ဝန်ထမ်းများသည် အရေအတွက် ဘယ်နှစ်ဦးသွားသည်ကို အတိအကျ မသိရသော်လည်း ထိုဝန်ထမ်းများတွင် အမျိုးသမီးများ မပါဘဲ အမျိုးသားများသာ ရွေးချယခေါ်သွား ကြောင်း ထိုမြို့ခံက ဆက်လက်ပြောသွားသည်။

“နေရာက ကြမ်းတော့ အမျိုးသမီးတွေကို ပေးမသွားဘူးထင်တယ်။ အခုတခေါက်က အမျိုးသားတွေချည်းပဲ။ ဆေးဝန်ထမ်းတယောက်ဆိုရင် သူ့မိန်းမ ကိုယ်ဝန် ၈လတောင်ရှိနေပြီ။ မတတ်နိုင်ဘူး။ မဲပေါက်တော့ သွားရ တာပဲ။ သူတို့ ထွက်သွားတာကို ကြည့်ပြီး ကျမတို့ စိတ်မကောင်းဖြစ်နေတာ။” ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလက ပထမသုတ်အဖြစ် သွားခဲ့ရသည့် မြဝတီမြို့ရှိ ဝန်ထမ်းများတွင် အမျိုးသမီးများ ပါဝင်သော်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့သို့ အရောက်တွင် လုံခြုံရေး အခြေအနေကြောင့် အမျိုးသမီးများကို ချန်ထားခဲ့သည်ဟု အခြားမြို့ခံ တဦးကလည်း ပြောသည်။

မြို့သစ်တည်မည့် ချူကလိကျေးရွာအနီးအနားတွင်ရှိ ဒေသခံတဦးကတော့ “အခုလက်ရှိ ဘာမှ ဖြစ်မလာ သေးဘူးရော။ ကျောင်းတလုံးတော့ ဆောက်ထားတယ်။ ၀ါလုံးတွေနဲ့ပဲ။ အမိုးတောင် ကာလို့မပြီးသေး တယ်။ အခြားဘာမှ မတွေ့ရသေးဘူး။ ကျောင်းဆရာအချို့နဲ့ အခြားဝန်ထမ်းအချို့တော့တွေ့တယ်။” ဟု ကေအိုင်စီကို ပြောသည်။

၂၀၁၀ခုနှစ် ရွေးကောက်ပွဲမကျင်းပခင်ကတည်းက မြန်မာစစ်အစိုးရသည် ထိုင်းအာဏာပိုင်နှင့် ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံရှိ ဒုက္ခသည်များကို နေရာပြန်လည်ချထားရန်အတွက် ချူကလိ မြို့သစ်စီမံကိန်းကို စတင်လာ ခြင်းဖြစ်သည်ဟု BKBA တပ်မဟာ (၅) မှ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

သူက “အဲဒီနေရာက ရွာသုံးလေးရွာပဲရှိတယ်။ အဲဒီမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည်တွေကို ထားဖို့ ရည်ရွယ် ထားတာ။ မြေလွတ်မြေရိုင်းတွေများတယ်။ လုပ်ကိုင်စားသောက်လို့ ရအောင်ပေါ့။ ” ဟုပြောသည်။

ယခု မြို့သစ်တည်သည့် နေရာသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မုလအိတောင်ခြေတွင် တည်ရှိ ပြီး ယခင်က ဗိုလ်မှူး ချုပ်စောလားပွယ် ဦးစီးသည့် DKBA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များ အဓိက အခြေစိုက် လှုပ်ရှားရာနေရာဖြစ်သည်။

သို့သော်လည်း ရွေးကောက်ပွဲကျင်းပပြီး နိုဝင်ဘာ ၈ရက်နေ့မှစ၍ ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် DKBA တပ်မဟာ (၅)တပ်ဖွဲ့ဝင်နှင့် နအဖတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ရာမှ ယခုအချိန်ထိ အဆိုပါ ချူကလိဒေသတွင်လည်း တိုက်ပွဲများ မကြခဏဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

အစိုးရစစ်တပ် ချုံခိုတိုက်ခိုက် ခံရပြန်

စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဝေါ်လေဒေသတွင် ယမန်နေ့က ရိက္ခာသယ်လာသည့် အစိုးရစစ်တပ်အား ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များက ၂ကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် အစိုးရ တပ်ဘက်မှ ၄ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ၆ဘီးကားတစီးလည်း ပျက်ဆီးသွားသည်ဟု သိရသည်။

ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ တပ်ရိက္ခာပို့ ဆောင်ရန် ၆ဘီးကားတစ်စီးနှင့်အတူ သွားခဲ့ရာ ယမန်နေ့ ညနေ ၄နာရီခွဲခန့်အချိန်၌ ဖောမုဘောထာနေရာ သို့ ရောက်ရှိစဉ် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁တို့မှ ချုံခိုတိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း (၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။

၎င်းက “ကျနော်တို့ လူတွေ သူတို့ (နအဖ)အလာကို စောင့်ပြီး တိုက်ခိုက်တာ။ အဲဒီမှာ တပ်ကြပ်ကြီး တစ် ယောက်အပါအ၀င် ၃ ယောက်သေဆုံးခဲ့ပြီးတော့ ၂ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ နောက် မိနစ် ၂၀ခန့် အကြာမှာ အဲဒီတပ်ကို အူပူးနီမှာ ကျနော်တို့လူတွေ နောက်တခါထပ်ပစ်ရာမှာ တပ်သား ၁ယောက်သေ တယ်။ ၂ယောက် ထပ်မံ ဒဏ်ရာရရှိခဲ့တယ်။ ကျနော်ဘက်က ထိခိုက်တာမရှိဘူး”ဟု ပြောသည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်တွင် ဝေါ်လေဒေသ အူကလေ့ထာ့စခန်းရှိ အစိုးရစစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၃ တပ်ရင်းမှ တပ်သားတဦးသည် စခန်းမှနေ၍ တောင်ကုန်းအောက်သို့ ရေ ဆင်းချိုးနေစဉ် ကရင်တပ်ဖွဲ့များထောင်ထားသည့် မြေမြှုပ်မိုင်းတလုံးတက်နင်းမိခဲ့ရာ ခြေနှစ်ဘက်စလုံး ပေါင်ရင်းအထိ ပြတ်သွားခဲ့သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်တော် DKBAမှ တပ်မှူး တဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် KNLA တပ်ရင်း ၁၇ နှင့် ၁၈ တို့ပူးပေါင်း၍ ကျိုက်ဒုံမြို့ ၏ အရှေ့ဘက် (၅) မိုင်ခန့်အကွာအဝေးရှိ ပူးရေးနှင့် ရှိုးကျိုးကြားတွင် အစိုးရစစ်တပ် ခမရ (၃၇၁)အား ချုံခို တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်မှ ၁ဦး သေဆုံးကာ ၅ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကားတစီး တိမ်း မှောက်ခဲ့သည်။ မတ်လ ၁ရက်နေ့ တွင်လည်း ၎င်း KNLA တပ်ဖွဲ့များက ရွာသစ်ကျေးရွာစခန်းရှိ အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ခလရ(၉၇) အား သွားရောက်ပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်မှ စခန်းမှူး တဦးကျဆုံး ခဲ့သည် ဟု ကေအဲန်ယူက ပြောသည်။

ဖွဲ့စည်းပုံ ခုံရုံးနှင့် အာဏာရှင်

ဦးမျိုး (ဥပဒေ)

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (နအဖ ဥပဒေ အမှတ် ၂၁/၂ဝ၁ဝ) ကို ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့စွဲအရ (ပုံ) သန်းရွှေ လက်မှတ်ဖြင့် ထုတ်ပြန်ပိုင်ခွင့် ရှိပါသလား။ နိုင်ငံ တနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စကို အဆုံးအဖြတ်ပေးရမည့် ခုံရုံးကို မည်သူတဦးတယောက်၏ အမိန့်နှင့်မျှ ပြဋ္ဌာန်းရိုး မရှိပါ။

ပြည်ထောင်စုစစ်စစ် လွှတ်တော်မျိုးကသာ ဥပဒေပြဋ္ဌာန်းပိုင်ခွင့် ရှိပါသည်။

အကယ်၍ ယခုလို ဥပဒေမျိုးကို ဥပဒေပြုလွှတ်တော်ကသာ ပြဋ္ဌာန်းလျှင် ဘာဖြစ်သွားပါမည်နည်း။ မရောင်ရာ ဆီလူး၊ မဟုတ်တာ အနာလုပ်တာမျိုးက တိုင်းပြည်ကို ချောက်ထဲရောက်အောင် လုပ်ခြင်းသာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ဤခုံရုံးဥပဒေပုဒ်မ ၁၂ (က) အရ လုပ်ငန်းတာဝန် ဆောင်ရွက်ရပါမည်။ ပုဒ်မ ၁၂ (ဆ) တွင်လည်း တရားရုံးတရုံးက စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ နှင့် ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့် အငြင်းပွားမှုကို အဆုံးအဖြတ်ပေးခြင်း ဟုလည်း ပါရှိပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ က ခုံရုံး၏ အဆုံးအဖြတ်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဟု ဖော်ပြခြင်း ဖြစ်သည်။

ဤဥပဒေ ပုဒ်မ ၁၇ တွင် - ”တရားရုံးတရုံးသည် အမှုတမှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိမရှိ၊ ညီညွတ်မှု ရှိမရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ခုံရုံးကလည်း တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးလျှင် အဆိုပါတရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး၊ မိမိသဘောထားနှင့်အတူ ပြည်ထောင်စု တရားသူကြီးချုပ်ထံ စောလျင်စွာ တင်ပြရမည်။ ပြည်ထောင်စု တရားသူကြီးချုပ်သည် အဆိုပါတင်ပြချက်ကို မိမိသဘောထားနှင့်အတူ ခုံရုံးသို့ တင်သွင်းရမည်” ဟု ပါရှိသည်။

အကယ်၍ တရားရုံးတရုံးရုံးတွင် နအဖ စစ်အုပ်စု တည်ဆဲဥပဒေတခုခုနှင့် ယခု ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ တခုခုတို့ အငြင်းပွားမှု စစ်ဆေးစီရင်ရာတွင် ပေါ်ပေါက်သည်ဆိုပါက ခုံရုံးသို့တင်ပြရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆ (ဃ) တွင် နိုင်ငံတော်သည် - စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုရဟု ဖော်ပြထားသည်။ သို့သော် နအဖ စစ်အုပ်စု တည်ဆဲဥပဒေ ဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ (နအဖ ဥပဒေ အမှတ် ၉/၈၉) ပုဒ်မ - ၃ တွင် အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည်။ (က) မှ (ဌ) အထိ ဖော်ပြထားသည်။ အတိုချုပ် ဖော်ပြအပ်ပါသည်။

(က) ကျွန်းသစ်
(ခ) သစ်တော
(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့
(ဃ) ပုလဲ။ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာများ
(င) ငါး၊ ပုဇွန်
(စ) စာတိုက်နှင့် ကြေးနန်း
(ဆ) လေကြောင်းနှင့် ရထားပို့ဆောင်ရေး
(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း
(ဈ) အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လုပ်ခြင်းလုပ်ငန်း
(ည) သတ္တုရှာဖွေထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း
(ဋ) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
(ဌ) လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်းတို့ ဖြစ်ပါသည်။

အစိုးရကသာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုပြီး၊ အခြားမည်သူ့ကိုမျှ စီးပွားရေးလုပ်ပိုင်ခွင့် မပေးဘဲ အစိုးရ အကြောင်းပြချက်ဖြင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နအဖ ဥပဒေ အမှတ် (၉/၈၉) ဖြင့် နိုင်ငံပိုင် သိမ်းယူခြင်း ပြုလုပ်ထားသည်ကို တွေ့ရပေသည်။

ကြံ့ဖွံ့အစိုးရကသာ နိုင်ငံပိုင်သိမ်းယူခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည့် နအဖ စစ်ခေါင်းဆောင်၏ ဥပဒေမှာ ရယ်ရွှင်ဟားတိုက်ဖွယ်ရာ ဟာသတပုဒ်နှင့် တူနေပေတော့သည်။ အကယ်၍ ငါးဖမ်းတံငါသည် တဦးမှာ ကရုကမာ ကောင်ထဲမှ ပုလဲကြီးတလုံးကို ရရှိသည်ဆိုပါစို့။ ထိုတံငါသည်က ဈေး၌ ဝယ်ယူသူတဦးဦးကို ငွေအမြောက်အမြားဖြင့် ရောင်းချလိုက်သည်တွင် နိုင်ငံပိုင် စီးပွားရေးဥပဒေ ပုဒ်မ ၉ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ပါတော့မည်။ ထို့ပြင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ပြည်သူလူထုမှာ နိုင်ငံပိုင်အဖြစ် မြေယာအမြောက်အမြား လုယက်သိမ်းယူခြင်း ခံနေရပါသည်။ ဘယ်သူ့ထံတွင်နည်း။ နအဖ စစ်အုပ်စုထံတွင် ဖြစ်သည်။ စစ်အုပ်စု ကြံ့ဖွံ့အစိုးရက နိုင်ငံပိုင်သိမ်း ယူနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေများကို မည်သည့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ပါမည်နည်း။ ဤသို့ဆိုလျှင် -

ဘာလုပ်ကြမည်နည်း။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,8th,2010

( 42 )Heroin use up as supply goes unchecked

( 41 )နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်

( 40 )Myanmar says one-sixth of its opium destroyed

( 39 )မန္တလေးတွင် နားရွက်ပြာ ဝက်ရောဂါ ပထမဆုံးဖြစ်ပွား

( 38 )Myanmar to play Olympic soccer qualification match with India

( 37 )အန်အယ်ဒီ စိတ်ပညာသင်တန်းပေး

( 36 )Burmese angry at ‘KNLA enclave’

( 35 )ကျောက်တော် ဒုတိယအကြိမ် မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံး

( 34 )Dancing for Burma in London

( 33 )နှစ်(၁၀၀) ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

( 32 )Burma Returns 15 Acres of Border Land to Bangladesh

( 31 )Burmese Nobel laureate speaks to Berkeley audience by phone

( 30 )တီးတိန်တွင် ခရီးသည်တင်ဂျစ်ကားမှောက် ၁ ဦးသေ၊ ၄ ဦးပြင်းထန်စွာဒဏ်ရာရရှိ

( 29 )Burma's Air Bagan Eyes Phuket; Thailand Tops for Women; Phuket Push on Public Property

( 28 )ကာတွန်းဆရာ ကန်တော့ပွဲ ရန်ပုံငွေ ကယ်ရီကေးချားဆွဲကြမည်

( 27 )Aung San Suu Kyi

( 26 )အစိုးရ ဘတ်ဂျက်မှာ ပညာရေးနှင့် ကျန်းမာရေး သုံးစွဲမှုနည်းပါးလွန်း

( 25 )Thai rice players urged to join neighbours to achieve growth

( 24 )ဧရာဝတီတိုင်းမှာ ရေရှားမည့် အခြေအနေရှိ

( 23 )Parliamentary Debates to Be Concluded Before April

( 22 )ဖို့ဝိန်းညီလာခံ အရေးပါကြောင်း ဖြစ်မြောက်ရေးအဖွဲ့ဝင်ပြောဆို

( 21 )'Four Cuts' Forcing Shan Villagers from Homes

( 20 )အစိုးရ စိစစ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာအေးမောင် ဖြစ်လာ

( 19 )Outbreak of Blue-Ear Disease Found in Myanmar

( 18 )တရုတ်-အိန္ဒိယဆက်သွယ်မည့် ဧရာဝတီမြစ်ကူးတံတား အပူတပြင်း ဆောက်လုပ်

( 17 )Arrests, torture follow Muslim insurgency talks

( 16 )သမ္မတ အသုံးစရိတ် ပြည်သူကျခံရမည်

( 15 )Politicians decry military budget

( 14 )မြန်မာပြည် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ICG အဖွဲ့ အစီရင်ခံ

( 13 )Tay Za, USDP Secure IT Monopoly

( 12 )မြ၀တီမြို့တွင် ဗုံးပေါက်ကွဲ

( 11 )Myanmar reports progress in opium destruction

( 10 )စည်းရုံးရေးလုပ်ငန်း အားစိုက်လုပ်ဖို့ NLD ဆုံးဖြတ်

( 9 )Executed Burma railway prisoner honoured

( 8 )အငှားယာဉ်များတွင် မီတာတပ်ဆင်ရေး မအောင်မြင်သေး

( 7 )Myanmar (Burma): Time to go back?

( 6 )မြန်မာတွေ သေဆုံးခဲ့တဲ့ ရုရှားလေယာဉ် ပျက်ကျမှု စတင်စုံစမ်း

( 5 )Free Burma: 'Prayer is the Air We Breathe'

( 4 )စစ်အစိုးရအပေါ် ဒဏ်ခတ်မှု ပြန်လည်သုံးသပ်ရေး ICG တိုက်တွန်း

( 3 )Phuket Boatpeople 'Vanish' from Phang Nga

( 2 )ဒီမိုကရေစီ လိုလားသူ ကိုယ်စားလှယ် လွှတ်တော်ကော်မတီ တခုမှာ ဥက္ကဋ္ဌဖြစ်လာ

( 1 )Burma activists 'must develop army amity'

Monday, March 7, 2011

နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အလှူရှင် ပိုများပြားလာ

မင်းနိုင်သူ Monday, 07 March 2011

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ကို ကူညီထောက်ပံ့မည့် အလှူရှင်များ ထပ်မံ ရရှိထားပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က “ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာပဲ NLD က စာရင်းရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်စာရင်းကို မဲဖောက်ပြီး ကူညီစောင့်ရှောက်မှုတွေ လုပ်သွားဖို့ စီစဉ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲစနှိုက်တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေ တိုးလာတယ်” ဟု ပြောသည်။

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများအနက် လွတ်လပ်ရေးနေ့တွင် ပါတီရုံးချုပ်၌ NLD က စာရင်းပြုစုထားသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်၏ ဓာတ်ပုံ၊ အမည်နှင့် ထောင်ကျမှတ်တမ်းအကျဉ်း ပါရှိသော ရင်ထိုးတံဆိပ်များကို ဖလားတလုံးအတွင်း ထည့်ကာ ပါတီဝင်များက မဲနှိုက်၍ မိမိကူညီစောင့်ရှောက်ရမည့် နိုင်ငံရေးအကျဉ်းသားများကို ရွေးချယ်ခဲ့ကြသည်။

အဲဒီနေ့က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်လောက်ကို ကူညီစောင့်ရှောက်မှုပေးဖို့ ရွေးချယ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်တွင်း ပြည်ပက အလှူရှင်တွေကပါ သူတို့ကိုယ်စား မဲနှိုက်ပြီး ရွေးချယ်ပေးဖို့ တောင်းဆိုလာကြလို့ မဲနှိုက်လိုက်တာ။ အခု မဲမနှိုက်ရသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ကျန်ပါတော့တယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုကို ၁၉၉၃ ခုနှစ်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား တဦးလျှင် တလ ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးနေရာမှ အလှူငွေတိုးမြင့် ရရှိလာမှုကြောင့် မကြာမီတွင် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

NLD က ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ပါတီသို့ ဆက်သွယ် အမည်စာရင်းပေးထားသည့် နိုင်ငံရေးအကျဉ်းသား စာရင်းသာဖြစ်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ရှိနေသည်။

နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသည့် သံဃာတော်များကို ကူညီထောက်ပံ့ရေး လုပ်ဆောင်နေသည့် သာသနာ့ဥသျှောင်အဖွဲ့မှ ပြည်တွင်းတာဝန်ခံ ဦးဇ၀နက “ဦးပဉ္ဇင်းတို့ ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေတဲ့ သံဃာ ၂၅ ပါးစာရင်းကို မကြာမီကပဲ ထုတ်ပြန် အလှူခံထားတယ်။ တကယ်ဆို လူထုဆင်းရဲကြပ်တည်းမှုကို လျစ်လျူမရှုနိုင်လို့ မေတ္တာပို့ လမ်းလျှောက်ရာကနေ ဖမ်းဆီးခြင်းခံရတဲ့ သူတို့တွေဟာ မမေ့သင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့အတွက် အမည်ဖော်ပြီး လှူနိုင်သလို အမည်မဖော်ဘဲလည်း လှူနိုင်ပါတယ်” ဟု မိန့်သည်။

သာသနာ့ဥသျှောင်အဖွဲ့က ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေသည့် သံဃာ ၂၅ ပါး စာရင်းကို မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယခုအခါ ပြည်ပမှ တသီးပုဂ္ဂလအလှူရှင်များက သံဃာ ၈ ပါးအတွက် တာဝန်ယူထားပြီဖြစ်ကြောင်း သိရသည်။

“ဒီသံဃာ ၂၅ ပါးက NLD စာရင်းမှာလည်း မပါဘူး။ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း စာရင်းမှာလည်း မပါသေးတဲ့ သံဃာတွေပါ။ စစ်အစိုးရက သံဃာတချို့ကို နိုင်ငံရေးပုဒ်မ မတပ်ဘဲ တခြားပုဒ်မတွေတပ်ပြီး ထောင်ချထားတာတွေလည်း ရှိတော့ တချို့သံဃာတွေက နိုင်ငံရေးအကျဉ်းသားစာရင်းထဲက လွတ်နေတာတွေလည်း ရှိတယ်” ဟု ဦးဇ၀နက မိန့်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း ကျောင်းတိုက်၌ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို စုစည်းတွေ့ဆုံ အားပေးစကား ပြောဆိုခဲ့ပြီးနောက် မန္တလေးတိုင်းတွင်လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို အလှူရှင်များက ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရသည်။

မန္တလေးတိုင်း NLD စည်းရုံးရေးမှူး ဦးကိုကိုလေးက “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေးတွေ လုပ်နေတာကို ရေဒီယိုကတဆင့် ကြားသိရလို့ဆိုပြီး လာလှူကြတဲ့သူတွေ ရှိလာပါတယ်။ အလှူငွေလည်း တိုးမြှင့်ရရှိလာပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးရှိနေရာ NLD မှ ပေးအပ်သည့် တဦးလျှင် တလ ကျပ် ၅၀၀၀ အပြင် ဦးကိုကိုလေး သီးသန့်စုဖွဲ့ထားသည့် နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ယက်မှလည်း တဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးနေကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ကတော့ လစဉ်ထောက်ပံ့တာတော့ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ တလုံးတခဲတည်း ရရှိနိုင်ပါစေတော့ဆိုပြီး တဦးကို ၅၀၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးတာပါ။ အခု ကူညီပေးပြီးတာ နိုင်ငံရေးအကျဉ်းသား ၃၀ ရှိသွားပါပြီ။ အလှူငွေတွေ ထပ်ရရင်လည်း ထပ်တိုးပေးသွားမှာပါ” ဟု ဦးကိုကိုလေးက ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် မြန်မာရေးရာအဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လစဉ်ထောက်ပံ့သွားရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီး စင်ကာပူရောက် မြန်မာမိသားစုများကလည်း နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် နိုင်ငံရေးအကျဉ်းသား ကူညီရေး ဆောင်ရွက်နေသူတဦးက “စင်ကာပူမှာ ရှိနေတဲ့ မြန်မာမိသားစုတွေကလည်း အရင်ကတည်းက ထောက်ပံ့ပေးနေပါတယ်။ အခုလည်း NLD က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသား ၃၀ ကို လစဉ်ထောက်ပံ့ပေးသွားဖို့ ရှိပါတယ်။ အလှူရှင်ပိုများလာရင် ပိုထောက်ပံ့ပေးသွားမှာပါ” ဟု ပြောသည်။

နအဖစစ်အစိုးရကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားပြီး မကြာသေးမီက ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် ပြည်ပရောက် မြန်မာအတိုက်အခံများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အဆိုနှစ်ခုကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဦးသိန်းညွှန့်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်အမတ်တချို့က တင်သွင်းခဲ့သော်လည်း တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိပေ။

ပြင်ဦးလွင်တောမီး MCC နည်းပညာကျောင်းအထိ ကူးစက်

သင်းအောင် Monday, 07 March 2011

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ MCC Training Institute (ရတနာပုံနည်းပညာ မြို့သစ်) အနီးတွင် မတ်လ ၅ ရက်နေ့လယ်က လောင်ကျွမ်းခဲ့သော တောမီးကြောင့် ကျောင်းသားများ စားသောက်ခန်းနှင့် ထရန်စဖော်မာ တလုံး ဆုံးရှုံးသွားခဲ့ပြီး ကျောင်းသား အိပ်ဆောင်နံရံ အနည်းငယ် မီးကျွမ်းသွားကြောင်း သိရသည်

မီးကျွမ်းသွားသည့် စားသောက်ခန်းသည် ကျောင်းဝန်းအပြင်၌ တည်ရှိပြီး ကျောင်းသားများကို ညနေစာ ကျွေးမွေးသည့် နေရာဖြစ်၍ ပေ ၄၀၊ ပေ ၈၀ ခန့် ကျယ်ဝန်းသော အုတ်ညှပ် အဆောက်အအုံ ဖြစ်သည်။

အဆိုပါ ကျောင်းတွင် တက်ရောက်နေသည့် A.I.T (Asian Institute of Technology) ဒုတိယနှစ် ကျောင်းသားတဦးက “တောမီးက နေ့လယ် ၁၂ နာရီ လောက်ကတည်းက လောင်နေတာ။ ကြည့်နေရင်း တဖြည်းဖြည်း ကြီးလာတယ်။ စာသင် ဆောင်တွေနဲ့တော့ ဝေး ပါ တယ်။ ဒါပေမယ့် ကျောင်းသား အိပ်ဆောင်တွေနဲ့ တောမီးက နီးလာတယ်။ ကျောင်းသားတွေကအရေးကြီး စာရွက်စာတမ်းတွေနဲ့ ကိုယ်ပိုင် လက်ပ်တော့တွေကိုင်ပြီး ဘယ်ပြေးရမှန်း မသိ ဖြစ်နေတယ်” ဟု ပြောသည်။

မီးလောင်ရာ နေရာသို့ ပြင်ဦးလွင် မီးသတ်ဌာနမှ မီးသတ်ကားတစီး ရောက်လာကြောင်းနှင့် ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း ၎င်းက ဆိုသည်။

တောမီး လောင်ကျွမ်းနေစဉ် ကျောင်း အုပ်ချုပ်ရေးအဖွဲ့သည် ကျောင်းသားများအား စာသင်ဆောင် အပြင်ဘက်သို့ထွက်ကြရန် ညွှန်ကြားကြောင်း၊ သို့သော် အကြောက်လွန်နေသော ကျောင်းသားများကြောင့် ကစင့်ကလျား ဖြစ်နေကြောင်း၊အသက်အရွယ် ကြီးရင့်နေသော လုံခြုံရေး ၀န်ထမ်းများက ကျောင်းသားများကို စနစ်တကျ အကာအကွယ် မပေးနိုင်သဖြင့် ကျောင်းသားများမှာ အဆင်ပြေရာ မီးလွတ်ကင်းနိုင်မည့် နေရာများ၌ စုဝေး နေကြရကြောင်း သိရသည်။

အဆိုပါ တောမီး ကူးစက်လောင်ကျွမ်းသော မတ် ၅ ရက် (စနေနေ့) သည် MCC Training Institute (ရတနာပုံ) ၏ ပထမ နှစ်ဝက် စာမေးပွဲများ ရက်ခြား ကျင်းပနေစဉ်ကာလဖြစ်ပြီး စာမေးပွဲ မရှိသည့် ပိတ်ရက် ဖြစ်သည်။

ပြင်ဦးလွင် တောမီး စတင်လောင်ကျွမ်းချိန်မှစ၍ MCC Training Institute (ရန်ကုန်ရုံးချုပ်) သည် ကျောင်းသားများ၏ အုပ်ထိန်းသူ များထံ စိတ်မပူကြရန်နှင့် ကျောင်းသားများ အားလုံး မီးဘေးလွတ်ကင်းရာ၌ ရှိနေကြကြောင်း တယ်လီဖုန်းဖြင့် အကြောင်းကြား ပေးသည်ဟု သိရသည်။

“MCC ရုံးချုပ်က အကြောင်းကြားတာ ညနေ ၃ နာရီကျော်နေပြီ။ တောမီး မငြိမ်းသေးဘူး ဆိုတော့ မိဘတွေ စိတ်ပူတာပေါ့။ သားရဲ့လက်ကိုင်ဖုန်းနဲ့ အဆက်အသွယ်ရမှ စိတ်အေးသွားရတယ်” ဟု ကျောက်မြောင်းနေ ကျောင်းသားမိဘ တဦးက ပြောသည်။

တခြားသော ကျောင်းသား မိဘတဦးကလည်း “နိုင်ငံတကာ အသိအမှတ်ပြု ကျောင်းဖြစ်နေလို့ ငွေအများကြီး သုံးပြီး သားသမီးကို ပို့ထားတာပါ။ အဲဒီကျောင်းမှာ စည်းကမ်းပိုင်း၊ အုပ်ချုပ်ရေးပိုင်း တော်တော် အားနည်းတယ်လို့ ကလေးတွေဆီက ပြန်ကြားရတယ်။ အခုလို အရေးပေါ် အခြေအနေ ဖြစ်လာတော့လည်း ကလေးတွေကို စနစ်တကျ မထိန်းနိုင်ဘူး” ဟု ဆိုသည်။

အဆိုပါကျောင်းမှ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားများ အချင်းချင်း မကြာခဏ ခိုက်ရန် ဖြစ်ပွားလေ့ရှိကြောင်းလည်း ၎င်းက ဆိုသည်။

မတ်လ ၆ ရက် (တနင်္ဂနွေ) နေ့တွင် ကျောင်းသားများအား ပထမလပတ်၏ နောက်ဆုံးဘာသာရပ်ကို ဖြေဆိုစေပြီး ယနေ့မှစ၍ ကျောင်းကို နှစ်ပတ် ပိတ်လိုက်သည်ဟု သိရသည်။

အဆိုပါ တောမီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းကြည့်ရာ ရတနာပုံနည်းပညာမြို့သစ် ကျောင်းသားရေးရာဌာနက ကျောင်းဆောင်များ မီးသင့် ပျက်စီးမှု မရှိဟူ၍ ဖြေကြားသော်လည်း မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ မီးသတ်ဦးစီး ဌာနများကမူ ဧရာဝတီ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခြင်း မပြုပေ။

A.I.T သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် နိုင်ငံတကာ နည်းပညာ တက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံ MCC Training Institute(ရတနာပုံ) နှင့် သဘောတူ စာချုပ် ရေးထိုးကာ ပူးပေါင်း သင်ကြား နေခြင်းဖြစ်သည်။

သင်တန်းကာလ ၅ နှစ်ဖြစ်ပြီး ပထမနှစ် အဆင့် IDCS Diploma၊ ဒုတိယနှစ် အဆင့် IADCS Diploma၊ တတိယနှစ် အဆင့် B.Sc (Hons) Engineering များကို MCC Training Institute (ရတနာပုံ) တွင် တက်ရောက်သင်ကြား နိုင်သည်။

တနှစ်လျှင် သင်တန်းကြေး ကျပ် သိန်း ၃၀၊ နေထိုင်စားသောက်စရိတ် ၁၀ သိန်း၊ အထွေထွေစရိတ် အပါအ၀င် ကျပ် သိန်း ၅၀ ခန့် ကုန်ကျမည် ဖြစ်သည်။

စတုတ္ထနှစ်နှင့် ပဉ္စမနှစ် သင်တန်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက်ရောက် သင်ကြားရမည်ဖြစ်ကာ သင်တန်းကြေးနှင့် နေထိုင်စားသောက်စရိတ် တနှစ်စာ အမေရိကန် ဒေါ်လာ ၁ သောင်းခန့် ပေးသွင်းရမည်ဟု သိရသည်။ အဆိုပါ ၅ နှစ် သင်တန်းပြီးဆုံးပါက ၁၀၆ နိုင်ငံ အသိအမှတ်ပြု B.S.E (Bachelor of Science in Engineering) ဘွဲ့ ရမည် ဖြစ်သည်။

MCC Training Institute (ရတနာပုံ) အင်ဂျင်နီယာ စခန်းသွင်း ဘော်ဒါကျောင်းသည် မန္တလေးမြို့၏ အရှေ့မြောက် မိုင် ၄၀ အကွာ၊ ပြင်ဦးလွင်မြို့စွန် ရတနာပုံ နည်းပညာမြို့တော်နှင့် ကပ်လျက်တည်ရှိသည်။ ကျောင်းအုပ်ကြီးမှာ Mr.Chiris Harrison ဖြစ်ပြီး နိုင်ငံခြားသား သင်တန်းဆရာများ ခေါ်ယူ အသုံးပြုထားသည်။

သင်တန်းကြေးနှင့် စရိတ်ကြီးမြင့်မှုများကြောင့် ငွေကြေးပြည့်စုံသူများ၊ စစ်ဘက်ဆိုင်ရာ အရာရှ်ိကြီးများ၏ သားသမီးများသာ တက်ရောက် ပညာသင်ကြားနိုင်သည့် အင်ဂျင်နီယာ စခန်းသွင်းဘော်ဒါ ကျောင်းဖြစ်သည်။

လေယာဉ်ပျက်ကျ သေဆုံးသူများ ရုပ်အလောင်း ပြန်သယ်မည်

လင်းသန့် Monday, 07 March 2011

ရုရှားနိုင်ငံ၌ ပြီးခဲ့သည့် စနေနေ့က လေယာဉ်ပျက်ကျ၍ သေဆုံးသွားသော မြန်မာ လေတပ်အရာရှိ၂ ဦး၏ ရုပ်အလောင်း များကို ယခုရက်ပိုင်းအတွင်း မိသားစုများထံသို့ ပြန်လည် သယ်ယူလာမည်ဖြစ်ကြောင်း သိရသည်။

ထိုအရာရှိ ၂ ဦးမှာ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင် နှင့် ဗိုလ်မှူး ဇော်ထွန်းအောင်တို့ ဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုသည်။

မြန်မာပြည်အတွက်ဝယ်ယူထားသည့် Antonov-An148 အမျိုးအစား ရုရှားလုပ် အဆိုပါလေယာဉ်သည် ရုရှားနိုင်ငံ အနောက်ဘက် မော်စကိုမြို့တောင်ဘက် မိုင် ၃၇၀ ခန့်ရှိ Belgorod ဒေသ၌ အမောင်းသင်ရင်း ပျက်ကျသွားရာမှ ရုရှား နိုင်ငံသား လေယာဉ်ဝန်ထမ်း ၄ ဦးနှင့်အတူ မြန်မာလေတပ်အရာရှိ၂ ဦးလည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ အရေးပေါ် အခြေအနေများ ကိုင်တွယ်ဖြေရှင်းရေး ၀န်ကြီဌာနအား ကိုးကား၍ Itar-Tass သတင်း၌ ဖော်ပြထားသည်။

ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင်၏ မိသားစုဝင်တဦးက“တရားဝင်လာပြောတာက နောက်ကျတယ်၊ ဖုန်းတွေနဲ့ အရင်ဝင်လာတာပေါ့၊ ဒီမှာ ကြားတာနဲ့ သူ့အမေက ဆေးရုံတင်ထားလိုက်ရတယ်၊ ရုပ်အလောင်းတွေ ဒီရက် ပိုင်းတော့ ရောက်မယ်၊ ရက်တော့ အတိအကျမသိရသေးဘူး”ဟု ပြောသည်။

အငြိမ်းစား လေတပ် အရာရှိကြီးတဦးက မြန်မာ့လေတပ် အတွက် တရုတ်နှင့် ရုရှားတို့မှ ၀ယ်ယူခဲ့သည့် လေယာဉ်များ မကြာခဏ ပျက်ကျမှုများရှိသောကြောင့် ထူးချွန်သော လေသူရဲများ အသက်ပေး ဆပ်နေကြရသည်ဟု ဆိုသည်။

“တို့လေတပ်မှာက တပတ်ရစ် နှစ်ပတ်ရစ်တွေကို ပြန်မွမ်းမံပြီး အရောင်းခံရတဲ့ လေယာဉ်တွေနဲ့ လေသူရဲကောင်းတွေဆုံးရှုံး နေတာဆက်တိုက်ပဲ၊ အခု ဗိုလ်ထိန်လင်းအောင်က ထူးချွန်ပြောင်မြောက်တဲ့ လေသူရဲ တဦးပဲ၊ သူက စခန်းမှူးဖြစ်ဖို့အထိ ရည်မှန်းထားတာ”ဟု အဆိုပါ အရာရှိကြီးက ဧရာဝတီသို့ ပြောသည်။

ယခု ပျက်ကျသည့် လေယာဉ်ကို အကြိမ် ၃၀ ကျော် စမ်းသပ်ပျံသန်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်းလဲ သတင်းများတွင် ဖေါ်ပြ ထားသည်။ မြန်မာနိုင်ငံသို့ မောင်းနှင် သယ်ဆောင်လာရမည့် အစီအစဉ်အတွက် နောက်ဆုံးစမ်းသပ် ပျံသန်းမှုဟုလည်း သိရှိရသည်။ Antonov လေယာဉ်စက်ရုံ ကလည်း ပျက်ကျ သွားသည့် Antonov-An148 အမျိုးအစား လေယာဉ်များကို မြန်မာနိုင်ငံ တင်ပို့ရန်ရှိကြောင်း သတင်းများ၌ ဖော်ပြထားသည်။

အဆိုပါလေယာဉ်အမျိုးအစားသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဈေးကွက်သို့ ၀င်ရောက်လာပြီး လူရော၊ ကုန်ပါ တင်နိုင် သည့် အတွက် ရေပန်းစားလာသည့် အမျိုးအစားဖြစ်ကြောင်း၊ သို့သော် လေယာဉ် အင်ဂျင်နီယာ ပညာရှင်များကမူ စက်ပိုင်းဆိုင်ရာတွင် အားနည်းချက် ရှိကြောင်း ထောက်ပြထားသည်ဟု သိရသည်။

မြန်မာနိုင်ငံက ယင်း Antonov-An148 အပါအ၀င် တိုက်လေယာဉ်များ၊ စစ်လက်နက် ပစ္စည်းများ၊ ခဲယမ်းများနှင့် တခြား စစ်သုံးပစ္စည်းများကို မကြာခဏ ၀ယ်ယူခဲ့သည်။ မြန်မာအစိုးရ အနေဖြင့် စစ်လက်နက်ပစ္စည်းများကို အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားသော(Sanctions)ဥပဒေများကြောင့် ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား တို့မှ အဓိက ၀ယ်ယူနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်(လေ) အဆင့်မြှင့် တိုးချဲ့ရေးအတွက် ၁၉၉၅ ခုနှစ်ခန့်က စတင် စီစဉ် လာခဲ့သော်လည်း ကုန်ကျ စရိတ်မြင့်မားသောကြောင့်သော်လည်းကောင်း၊ ပညာတတ်များသောလေတပ်အတွက် ကျည်းတပ်အင်အားစုထက် အရေး ပေး မှု အားနည်းခဲ့သည်ဟုလည်း တပ်မတော်(လေ) အသိုင်းအ၀ိုင်းက ပြောသည်။

ထို့အပြင် ရုရှားနိုင်ငံ တက္ကသိုလ် ၁၁ ခုတွင် မြန်မာနိင်ငံမှ ကျောင်းသား ၂၈၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး အထူး သဖြင့် အဏုမြူ စီမံကိန်းနှင့် တာဝေးပစ် ဒုံးကျည်ဆိုင်ရာ သင်ခန်းစာများကို သင်ယူနေကြကြောင်း၊ လွန်ခဲ့သည့်နှစ် အနည်းငယ် ကတည်းက စတင်ပြီး ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော် အရာရှိငယ်များကို စေလွှတ်ပညာသင်စေခဲ့ရာ အဆို ပါ အစီအစဉ်များကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်းဦးသောင်း တို့က တာဝန် ယူထားကြောင်း သိရသည်။

ရုရှား နှင့် တရုတ် နိုင်ငံများမှ စစ်လက်နက်၊ ခဲယမ်း၊ လေယာဉ် အစရှိသည် ၀ယ်ယူရေးတွင် ယခု နောက်ပိုင်း၌ စစ် အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက အဓိက ဆောင်ရွက်ပေးနေကြောင်း နီးစပ်သူတဦးက ပြော သည်။

ကြံ့ဖွံ့ပါတီကတ် ပြုလုပ်ရန် စည်းရုံး

ဧရာဝတီ Monday, 07 March 2011

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်တချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကတ်သည် မှတ်ပုံတင်ထက် ပိုမို အသုံးဝင်သည်ဟု ပြောဆို၍ အဆိုပါကတ် ပြုလုပ်ရန် စည်းရုံးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ကွမ်းခြံကုန်း၊ သုံးခွ၊ လှည်းကူး၊ တိုက်ကြီး၊ ဒေါပုံမြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ လူငယ်များအား ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) နှင့် ကြံ့ဖွံ့ပါတီ ဝင်များက ၎င်းပါတီဝင်ကတ်သည် ခရီးသွားလာရာတွင် အဆင်ပြေပြီး နောင်တချိန် အခွင့်အရေးများစွာ ရရှိစေနိုင်သည့်အတွက် မှတ်ပုံတင်ထက် ပိုမိုအသုံးဝင်သော အဆိုပါကတ်ကို ပြုလုပ် ထားကြရန် ပြောဆို စည်းရုံးလျက်ရှိသည်။

̏တအိမ်တက် တအိမ်ဆင်းနဲ့ လူငယ်တွေကို လိုက်ပြောတယ်။ ကြံ့ဖွံ့ကတ်ရှိရင် မင်းတို့ ခရီးသွားတာကအစ မှတ်ပုံတင်တို့၊ ထောက်ခံစာတို့ ယူသွားစရာမလိုဘူး။ ဒီကတ်ပါရင် အားလုံး အဆင်ပြေတယ်။ နောက်နောင်မှာလည်း မင်းတို့လူငယ်တွေ အတွက်
အခွင့်အရေး အများကြီးရှိလာမယ်။ မင်းတို့ရဲ့ လမ်းတွေကိုလည်း အမြန်ဆုံး ခင်းပေးမယ် ဆိုပြီး လာစည်းရုံးတယ်” ဟု မြောက်ဒဂုံ ၄၉ ရပ်ကွက်အတွင်းရှိ လူငယ်တဦးက ပြောသည်။

တချို့သော ရပ်ကွက်များ အတွင်းတွင်လည်း ကြံ့ဖွံ့ပါတီများသည် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပေါင်းကာ လမ်းခင်းပေးမည်ဟု ဆိုပြီး တအိမ်တယောက် ကြံ့ဖွံ့ပါတီ ဝင်ခိုင်းနေကြောင်း၊ ကြံ့ဖွံ့ပါတီဝင်ထား သူများအား လမ်းမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စသည့် ရာထူး များပေးနေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီဝင်များသည် ရပ်ကွက်များအတွင်း လိုက်လံ စည်းရုံးရာတွင် တက္ကသိုလ် ကျောင်းသားများ၊ ဘွဲ့ရ လူငယ်များအား ရာထူး အခွင့်အာဏာများပေးမည်ဟု ဆိုကာ အဓိကထား စည်းရုံးလျက်ရှိသည်။

“အခု ကျနော်ဆိုရင် လမ်းထဲမှာ လမ်းမှူးအဆင့် ရနေပြီ။ ကျနော့် အဖေကိုတောင် သူတို့က ဥက္ကဋ္ဌ လုပ်ခိုင်းနေတာ။ ပြီးတော့ သူတို့ကပြောသေးတယ်၊ မင်းတို့တွေ အခုအချိန် ကတည်းက ကြိုးစားထား၊ နောင်တချိန်မှာ မင်းတို့ပဲ ဒီပါတီကို ဦးဆောင် ရမှာတဲ့” ဟု ကြံ့ဖွံ့ပါတီဝင်ထားသော GTC ဒုတိယနှစ် ကျောင်းသားတဦးက ပြောသည်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အထက်တန်း ကျောင်းသား ကျောင်းသူများ အကြားတွင်လည်း ကြံ့ဖွံ့ ပါတီဝင်သည့် ကိစ္စ ရေပန်းစားလျက်ရှိကြောင်း သိရသည်။

“ကျောင်းထဲမှာ ကြံ့ဖွံ့ကတ်ပြပြီး အနိုင်ကျင့်တဲ့ သူတွေတောင် ရှိတယ်။ အဲဒီကတ်က ကျောင်းတွေမှာ ခေတ်စားနေတာ။ သူငယ်ချင်း အချင်းချင်း စနောက်တာတောင် ငါက ကြံ့ဖွံ့နော် ဘာမှတ်နေလဲ ဆိုပြီးပြောကြတယ်။ တချို့လည်း အဲဒီကတ် အားကိုးနဲ့ ငါတို့ရှင်းပေးမယ် ဆိုတာမျိုးတောင် ဖြစ်နေကြတယ်” ဟု ဒဂုံတက္ကသိုလ်တွင် ဓာတုဗေဒ ဘာသာရပ် နောက်ဆုံးနှစ် တက်ရောက်နေသော ကျောင်းသား တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီ ဝင်ရန်အတွက် စနေ၊ တနင်္ဂနွေ အစိုးရ ရုံးပိတ်ရက် များတွင် ရပ်ကွက်အတွင်း တအိမ်တက် တအိမ်ဆင်း လိုက်လံ၍
လိုင်စင် ဓာတ်ပုံများ ရိုက်ကူးပေးလျက် ရှိကြောင်း ဓာတ်ပုံဆိုင်များမှ သိရသည်။

“ဟိုတနေ့ကဆို ကြံ့ဖွံ့ကတ်မှာ ထည့်မလို့ ဆိုပြီး ဓာတ်ပုံတွေ လာကူးတယ်။ လူ ၄၀၀၀ စာလောက်ရှိမယ်။ ဒါတောင်မှ နောက်ထပ် လူတွေ ရှိသေးတယ်၊ ထပ်ကူးဦးမှာ၊ ဈေးလျှော့ပေးပါ ဆိုပြီး ပြောသွားတယ်” ဟု လှည်းတန်းဈေး အနီးရှိ ဓာတ်ပုံကူးဆိုင် တဆိုင်က ပြောသည်။

တိုင်ကြားသူ ရေလုပ်သားများကို ကျောက်ဖြူ ရေလုပ်ငန်း ဦးစီးဌာနမှ ခေါ်ယူ စစ်ဆေး

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရေလုပ်သား ၄၀ ကျော်ကို ရေလုပ်ငန်း ဦးစီးဌာနမှ သူတို့ တိုင်ကြားချက်နှင့် ပတ်သက်ပြီး ယမန်နေ့က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

ရေလုပ်သားများထံမှ ပင်လယ်ပြင် ငါးဖမ်းကွက် လေလံရသူက ဒေသအတွင်းrS ရဲများနှင့် ပူးပေါင်းပြီး မတရားသဖြင့် ငွေကြေးများကောက်ခံသည်သာမက ညှဉ်းပမ်းနှိပ်စက်မူများကိုပါ ပြုလုပ်နေသဖြင့် အထက်ကို လက်မှတ်ထိုး တိုင်ကြားမှ ထိုသို့ ခေါ်ယူ စစ်ဆေးခြင်း ဖြစ်ကြောင်း ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

“ သူတို့ ခေါ်ယူတာကတော့ စုစုပေါင်း ရေလုပ်သားတွေကိုယ်စား တိုင်ကြားသူ ၅ ဦးကို ခေါ်ယူ စစ်ဆေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျေးရွာ အုပ်စု ၄ စုက လူကြီးတွေကတော့ သူတို့ ၅ ဦးနဲ့ လုံလောက်မှာ မဟုတ်ဘူးဆိုပြီး ရပ်မိရပ်ဖတွေ အပါအ၀င် လူပေါင်း ၄၀ ကျော်လိုက်သွားခဲ့ပါတယ်။ ဟိုမှာ အားလုံး ၀ိုင်းပြီး ဖြေရှင်းလိုတဲ့ အတွက် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခုလိုက်ပါသွားသော ကျေးရွာသားများမှာ စနဲအုပ်စု၊ အ၀တောင်အုပ်စု၊ အလယ်ဒွိန် အုပ်စုနှင့် အ၀ပြေ ကျေးရွာအုပ်စုမှ ရေလုပ်သားများ ဖြစ်ကြသည်။

“ သူတို့ကို နေ့လည် တစ်နာရီမှာ စစ်ဆေးပါတယ်။ ခုချိန်ထိ ရွာကို ပြန်မရောက်သေး တဲ့အတွက် ဘယ်လို စစ်ဆေးတယ်ဆိုတာ မသိရသေးပါဘူး။ သူတို့က ခုလို မရှိ ဆင်းရဲသားတွေကို အနိုင်ကျင့် ခေါင်းပုံဖြတ်မူတွေကို လုပ်တဲ့ ပင်လယ်ပြင် ငါးဖမ်းကွက် တင်ဒါရတဲ့သူကို တိုင်ကြားတာကနေ ခုလို ခေါ်ယူ စစ်ဆေးတဲ့ အထိ ဖြစ်လာရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

၂၀၁၁- ၂၀၁၁ ခုနှစ် အတွက် အလယ်ဒွိန် ငါးဖမ်းကွက်အား ငါးဝယ်ယူခွင့်တင်ဒါအား ရရှိထားသူ ဦးစံမြင့် ဆိုသူမှ တင်ဒါစဉ်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ကာ စနဲရဲစခန်းနှင့် မြဒေးကျွန်း ရဲကင်းမှ ရဲသားများကိုခေါ်ယူပြီး ဒေသခံရေလုပ် သားများအား သူ့ ၏ အ၀ယ်ဒိုင်သို့ ဖမ်းဆီးခေါ်ယူကာ ရေလုပ်ငန်းသုံး ပစ္စည်းများကိုသိမ်းဆည်းပြီး သူလိုချင်သော ငွေကြေးများကို တောင်းခံခြင်း၊ ငွေရရှိ သူအား ပြန်လွတ်ကာ၊ ငွေအဆင်မပြေသော သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်ပြီး ငွေရအောင် တောင်းခံခြင်းများ ပြုလုပ် နေသဖြင့် ကျေးရွာ ရေလုပ်သား ၅ ဦးက လက်မှတ် ရေးထိုးကာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ရေလုပ်ငန်း ဦးစီးဌာနသို့ တိုင်ကြားခဲ့သည်။

၎င်းပြင် အဆိုပါ တိုင်ကြားလွှာ မိတ္တူများကို အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမူး အမ်းမြို့၊ ဗျူဟာမူး - အမှတ် (၃၄) စစ်ဗျူဟာ ကျောက်ဖြူမြို့၊ ဥက္ကဌ - ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ကျောက်ဖြူမြို့၊ ခရိုင် ရဲတပ်ဖွဲ့ မှူး၊ ဥက္ကဌ၊မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ ကျောက်ဖြူမြို့ သို့ ပေးပိုခဲ့သည်။

“ သူက မရှိဆင်းရဲတဲ့ တစ်နေ့ ငါးဖမ်း တစ်နေ့စားနေရတဲ့ ငါးဖမ်းသမား တွေဆီကလည်း လက်လှော် ငါးဖမ်းလှေ တစီးကို သုံးသောင်းနေ ငါးသောင်းကျပ်ထိ တောင်းပါတယ်။ ဟွန်ဒါစက်ထိုင်တဲ့ ငါးဖမ်းလှေတွေဆိုရင် တသိန်းထိ တောင်းပြီး မပေးနိုင်ရင် စက်တွေကို ရဲတွေနဲ့ ပေါင်းပြီး သိမ်းတယ်။ ဒဏ်ရိုက်တယ်။ အဲသလို လုပ်နေတဲ့ အတွက် အုပ်စု လေးစုက လူထု အနေနဲ့ မခံရပ်နိုင် ဖြစ်ရာကနေ အထက်ကို တိုင်ကြားခဲ့ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

စာရေးတိုင်ကြားသူ ၅ ဦးမှာ ဦးထွန်းလှ၊ ဦးထွန်းခင်၊ ဦးမောင်ကြွင်းကျန်၊ ဦးမောင်ယုတ်နှင့် ဦးကျော်စိုးမိုးတို့ ဖြစ်ကြသည်။

ရခိုင် ရေလုပ်သားများမှာ ပင်လယ်ပြင်တွင် ငါးများ ရှားပါး လာသဖြင့် ဘ၀ ၀မ်းရေးအတွက် အခက်အခဲများ ဖြစ်လာသလို ဂတ်စ်ရှာဖွေမူနှင့် ပိုက်လိုင်းများ ရေထဲချနေမူ အတွက် ငါးဖမ်းဆီးရာတွင် ကန့်သတ်မူများ ရှိလာသည့် အပြင် အစိုးရမှ ငါးဖမ်းကွက်များကို အပိုင်းလိုက်သတ်မှတ်ပြီး စီးပွားရေး သမားများကို တင်ဒါပေးကာ ငွေကြေးများ အတင်းကောက်ခံနေသဖြင့် ယခုအခါ အထူး အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်း ရရှိသည်။

လွှတ်တော်လုပ်ငန်းစဉ်များ မတ်လအတွင်း အပြီးသတ်ဖွယ်ရှိ

စည်သူ Monday, 07 March 2011

နေပြည်တော်တွင် လတ်တလော ကျင်းပနေသော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် စုံညီအစည်းအဝေးများ၌ လွှတ်တော် ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မတ်လအတွင်း အပြီးသတ် ဆောင်ရွက်သွားဖွယ်ရှိကြောင်း သိရသည်။

“အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဆောင်ရွက်စရာတွေ အားလုံး မတ်လ အတွင်း ပြီးပြတ်အောင် လုပ်မယ်လို့ ကြားတယ်၊ နောက် ဘယ်တော့ လွှတ်တော် ပြန်ခေါ်မယ်ဆိုတာ ဘယ်သူမှ အသေအချာ မသိရဘူး”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

ယင်း လွှတ်တော်များကို အရေးတကြီး လိုအပ်မှသာ ပြန်ခေါ်ဖွယ် ရှိသည်ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီး တဦးကလည်း ပြောဆိုသည်။

၎င်းက“ပြည်သူ့လွှတ်တော်ကော အမျိုးသားလွှတ်တော်ကော တိုင်းဒေသကြီးလွှတ်တော်တွေမှာပါ အဖွဲ့ဝင် ၁၅ ဦးပါ ကော်မတီ ၄ ခု ဖွဲ့စည်းမယ်။ အဲဒီ ကော်မတီတွေကပဲ နောင်မှာ အလုပ်လုပ်သွားမယ်။ ဒီလို ပြည်ထောင်စုလွှတ်တော်ကြီးထပ်ခေါ်ဖို့ မဖြစ်နိုင်တော့ဘူး။ တိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့ ကာလဆိုရင်သာ ပြန်ခေါ်ဖို့ ရှိတော့မယ်။ ကော်မတီ ၄ ခုက လွှတ်တော် ကိုယ်စားပြု ကော်မတီ သဘောမျိုး ဖြစ်သွားမယ်”ဟု ဆိုသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦး သတ်မှတ်ထားရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်း ကော်မတီ၊ ငွေစာရင်း ကော်မတီ နှင့် လွှတ်တော်အခွင့်အရေး ကော်မတီ တို့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ကျန်ကော်မတီကိုလည်း ရက်ပိုင်းအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်(ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး)နှင့် နီးစပ်သူတဦးက ပြောကြားသည်။

ယင်း ကော်မတီလေးခု ဖွဲ့စည်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးများအား ဌာနသတ်မှတ်ခြင်း၊ ဒုတိယ ၀န်ကြီးများရွေးချယ် ခြင်း များ ပြီးစီးပါက ယခုအကြိမ်လွှတ်တော်အစည်းအဝေး ပြီးဆုံးဖွယ်ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြောသည်။

“လက်ရှိအစိုးရအနေနဲ့က ဒီလိုလွှတ်တော်ကြီး ခဏခဏခေါ်ဖို့ လုပ်ချင်ပုံမရဘူး။ အဲဒါကြောင့် ကော်မတီတွေဖွဲ့ပြီး လုပ်တာ။ သူတို့က လူတွေအများကြီးနဲ့ အုတ်အုတ်ကျက်ကျက် မလုပ်ချင်ဘူး”ဟု ပြည်သူ့လွှတ်တော် အမတ်တဦးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၄ ဥပဒေပြုရေး အခန်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပခြင်း ဥပဒေ ပုဒ်မ ၇၈ ၌ ပြည်ထောင်စုလွှတ်တော် ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို ပြည်ထောင်စု လွှတ်တော် နာယက က ခေါ်ယူ ကျင်းပရမည်ဟု ဖော်ပြသည်။

ပုဒ်မ ၇၉ တွင် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော် နာယက က တနှစ်လျှင် အနည်းဆုံး တကြိမ် ခေါ်ယူကျင်းပရမည်။ ပုံမှန် အစည်းအဝေး တကြိမ်နှင့် တကြိမ်အကြား အရှည်ကြာဆုံး ကာလသည် ၁၂ လ ထက် မပိုစေရ ဟု ပါရှိသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပခြင်းနှင့် ပတ်သက်ပြီး ဥပဒေ ပုဒ်မ ၁၂၆ ၌ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဌ က တနှစ်လျှင် အနည်းဆုံး တကြိမ် ခေါ်ယူ ကျင်းပရမည်။ ပုံမှန် အစည်းအဝေး တကြိမ်နှင့် တကြိမ် အကြား အရှည်ကြာဆုံး ကာလသည် ၁၂ လ ထက်မပိုစေရ ဟု ဖော်ပြပါရှိသည်။

အမျိုးသား လွှတ်တော်နှင့် ပတ်သက်၍လည်း ဥပဒေ ပုဒ်မ ၁၅၄ (က) အမျိုးသား လွှတ်တော် သက်တမ်း စတင်သည့် နေ့ရက် သည် ပြည်သူ့ လွှတ်တော် သက်တမ်း စတင်သည့် နေ့ရက်ဖြစ်သည်။ (ခ) အမျိုးသား လွှတ်တော် ၏ ပထမ အကြိမ် ပုံမှန် အစည်း အဝေးကို ယင်း လွှတ်တော်၏ သက်တမ်း စတင်သည့် နေ့မှ ၇ ရက်အတွင်း ကျင်းပရမည်ဟု ဆိုသည်။

ပုဒ်မ ၁၅၅ ၌ အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပခြင်းကို ပုဒ်မ ၁၂၄ မှ ၁၃၅ အထိပါ ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် ဖော်ပြထားသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင် ကျင်းပ သည့် နေ့ရက်မှ ၅ နှစ် ဖြစ်သည်။ အမျိုးသား လွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီ ဖြစ်သည် ဟု ဖော်ပြထားသည်။

မြန်မာဘက်မှ မြေ ၁၅ ဧကကို ဘင်္ဂလားဒေခ်ျ့သို့ ပြန်ပေး

ထွန်းထွန်း

ဘင်္ဂလား-မြန်မာ နယ်စပ်မျဉ်း တိုင်းတာရေးကို များမကြာမှီက ပြုလုပ်ခဲ့ရာ မြန်မာဘက်မှ သူ့နိုင်ငံထဲ ပါဝင်နေသည့် မြေ ၁၅ ဧကကို ဘင်္ဂလာဒေခ်ျ့သို့ ပြန်လည် လွဲပြောင်း ပေးအပ်ခဲ့ကြောင်း ဒေသထုတ် ဘင်္ဂလီ သတင်းစာများက ဖေါ်ပြသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က စပြီး ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ပြုလုပ်သော တရားဝင် နယ်စပ်မျဉ်း ပိုင်းခြား သတ်မှတ်စဉ် မြန်မာဘက်က ထိုသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ယခုလ ၃ရက်နေ့ထုတ် ကော့ဘဇား ခရိုင်ထုတ် သတင်းစာများက ဖေါ်ပြသည်။

နှစ်နိုင်ငံအကြား ကီလိုမီတာ ၈၈ ရှည်လျှားသည့် နယ်စပ် မျဉ်းကြောင်းကို နှစ်နိုင်ငံအကြား စစ်ဆေးနိုင်ခဲ့ပြီး မြန်မာထဲသို့ ၀င်ပါနေသည့် မြေဧက ၁၅ ဧကကို ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယခု တိုင်းတာ ခြင်တွယ်ပြီးစီး ခဲ့သည့်နေရာမှာ ဘင်္ဂလား-မြန်မာနယ်နိမိတ်ချင်းထိစပ်နေသည့် တောင်ပြိုနှင့် လိမ္မော်ဆရီ အကြားတွင်ရှိသည့် ကျောက်တိုင်အမှတ် (၅၁/၅၃/၃၄/၃၅) တို့ ဖြစ်ကြောင်း သိရသည်။ တောင်ပြိုနှင့် လိမ္မော် ဆရီမှာ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တွင်ရှိပြီး ဘင်္ဂလားဒေ့ခ်ျ့ နိုင်ငံနှင့်ထိစပ်နေ သည့် နယ်မြေများ ဖြစ်ကြသည်။

ထိုသို့ မြန်မာဘကမှ မြေများကို ပြန်ပေး အပြီး နယ်စပ် မှတ်တိုင် ၁၄ အနီးတွင် သစ်သားဖြင့် ဆောက်လုပ် ထားသော နစက အမာခံ စခန်းတခုပါ မြန်မာဘက်က ဆုတ်ခွာ ပေးလိုက်ရ ကြောင်း သတင်းများက ရေးသား ဖေါ်ပြသည်။

မကြာခင် အချိန် အတောအတွင်း တိုင်းတာရန် ကျန်ရှိနေသည့် နယ်စပ် ကျောက်တိုင် အမှတ် (၅၀/၅၅) အထိ ဆက်လက် တိုင်းတာ သွားမည် ဖြစ်ကြောင်း နတ်ကျောက် ဆော်ရီ အခြေစိုက် ဘီဂျီဘီ အမှတ် ၁၅ တပ်ရင်း တာဝန်ရှိသူများက ပြောသည်။

နှစ်နိုင်ငံနယ်စပ် တိုင်းတာရေးကို ဘင်္ဂလားဒေ့ခ်ျ စစ်တပ်မှ ဗိုလ်မှူး ဇော်ဂအာဟာဆင် ဦးဆောင်သည့်အဖွဲ့မှ မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ပူးပေါင်း တိုင်းတာ ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

နေပြည်တော်ဒီဇိုင်း

အောင်သူငြိမ်း

တခါက ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ သင်တန်းတခုတက်ခဲ့တာ အမှတ်ရသေးတယ်။ ကျနော်တို့က မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုတာ၊ ကျနော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာတို့..ဘာတို့.. စသဖြင့် ပြောကြသလို၊ ကျနော်တို့က တိုင်းရင်းသားတွေကို ဘယ်လောက်အထိ ကိုယ်စားပြုပြောဆိုတယ်ဆိုတာတွေ ပြောကြပြီး၊ ကိုယ့်ပါတီမူဝါဒတွေကို ပြောပြကြတယ်။ သင်တန်းလာပေးတဲ့ တခြားနိုင်ငံတခုက ပါတီကိစ္စတွေ လုပ်ဆောင်နေသူကတော့ ရှင်းရှင်းပဲ ပြန်ပြောပြတယ်။ မူဝါဒတွေဆိုတာ စာရွက်ပေါ်ရှိရုံနဲ့ မပြီး၊ အလုပ်နဲ့ သက်သေပြဖို့ လိုပါတယ်တဲ့။ "အမျိုးသမီးအခွင့်အရေးကို ကျနော်တို့ ပါတီက လေးစားပါတယ်ဆိုပြီး ပြောမနေနဲ့တဲ့။ အလုပ်နဲ့ သက်သေပြတဲ့။ ခေါင်းဆောင်မှုမှာ အမျိုးသမီး ဘယ်နှယောက် ရှိသလဲတဲ့။ တိုင်းရင်းသားအရေးကို ကိုယ်စားပြုပါတယ်၊ ထောက်ခံပါတယ်၊ ပြောမနေနဲ့တဲ့။ အလုပ်နဲ့သက်သေပြ။ ခေါင်းဆောင်မှုထဲမှာ တိုင်းရင်းသား ဘယ်နှယောက်ပါသလဲ။ အဲသလို တကယ်ဖွဲ့စည်းထားတာ၊ အလုပ်နဲ့ သက်သေပြနိုင်တာက ပိုထိရောက်ပါတယ်တဲ့"


မြန်မာ့နိုင်ငံရေးတွင် ပျောက်ဆုံးနေသော ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ

အဲဒီတော့ ဒီကနေ့ မြန်မာနိုင်ငံ အစိုးရအဖွဲ့သစ် ဝန်ကြီးအဖွဲ့ ကက်ဘိနက်ထဲမှာ အမျိုးသမီးတွေ ပါမလာတာက ပြောစရာ ဖြစ်လာပါတယ်။

နိုင်ငံတကာမှာ ဆွေးနွေးငြင်းခုန်လာကြတာ ကြာပါပြီ။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြောဆိုလာကြတာ ကြာပါပြီ။ အမျိုးသမီးတွေဟာ အစိုးရရေးရာ မူဝါဒဆုံးဖြတ်ခွင့်တွေမှာ ပါဝင်သင့်တယ်။ နေရာရသင့်တယ်ဆိုတာ ပြောဆိုဆွေးနွေးလာခဲ့ကြတယ်။ ဒီလိုပြောဆိုရတာ အခြေခံအကြောင်းတွေ ရှိပါတယ်။ တကယ်ဆိုရင် အမျိုးသမီးတွေက လူဦးရေရဲ့၊ တနည်းပြောရင် မဲဆန္ဒရှင်တွေရဲ့ တဝက်နီးပါးကို ကိုယ်စားပြုထားကြသူတွေ ဖြစ်ပါတယ်။

အခုပြီးခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာလည်း အစိုးရရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တရားဝင် စာရင်းဇယားတွေအရ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းအနက် ပြည်သူ့လွှတ်တော်အတွက်ဆိုရင် ၂၂.၄ သန်း၊ အမျိုးသားလွှတ်တော်အတွက် ၂၂.၂ သန်း မဲပေးခဲ့ကြတယ်လို့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်။ အမျိုးသမီး မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက် ရာခိုင်နှုန်းရှိပြီး၊ အမျိုးသမီး မဲဆန္ဒရှင် မည်မျှက မဲပေးခဲ့ကြတယ်လို့ ခွဲခြားဖော်ပြထားတာ မတွေ့ရဘူး။ သေချာတာကတော့ အမျိုးသမီးမဲဆန္ဒရှင်တွေဟာ မြန်မာနိုင်ငံ လူဦးရေ ဖွဲ့စည်းပုံအရ တဝက်နီးပါး၊ သို့မဟုတ် တဝက်ထက်များတာမျိုး ဖြစ်နိုင်ပါတယ်။

အလားတူပဲ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့ နေရာမှာလည်း အမျိုးသမီး ကိုယ်စားလှယ် မည်ရွေ့မည်မျှဆိုတာ ထုတ်ပြန်ကြေညာခဲ့တာမျိုး မရှိဘူး။ ရွေးချယ်ခံမယ့် မဲဆန္ဒနေရာတွေအတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃, ဝ၆၉ ဦး ပြိုင်ဆိုင်တဲ့နေရာမှာ (ပြည်သူ့လွှတ်တော် ၉၆၉ + အမျိုးသားလွှတ်တော် ၄၇၉ + တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ၁၆ဝ၁ ဦး) အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်က မည်ရွေ့မည်မျှဆိုတာ ဖော်ပြမထားဘူး။ အဲဒါအပြင် ကျနော်သိချင်နေတဲ့ အခု မဲနေရာအများစု အနိုင်ရရှိခဲ့သူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၁,၁၆၃ ဦး ပြိုင်ဆိုင်တဲ့နေရာမှာ မည်ရွေ့မည်မျှကို အမျိုးသမီးတွေကို တင်သွင်းတယ်ဆိုတာ မသိခဲ့ရဘူး။ မပြည့်စုံတဲ့ သတင်းတွေအရ အမျိုးသမီး ကိုယ်စားလှယ်လောင်းက ၁ဝ ဦးလောက်ပဲ ရှိမယ်လို့ထင်တယ်။

ဒါပေမဲ့ အခုကြေညာတဲ့ အနိုင်ရရှိသူ အမျိုးသမီး လွှတ်တော်အမတ်တွေအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၃၂၆ ဦးအနက် ၁၄ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၆၈ ဦးအနက် ၆ ဦးဆိုပြီး တွေ့ရတယ်။ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ဘက်ကတော့ အမျိုးသမီးကိုယ်စားလှယ် တယောက်တလေမှ တက်လာတာ မတွေ့ရဘူး။ (တကယ်ဆိုရင် ဆေးတပ်က အမျိုးသမီး အရာရှိတွေကို ရွေးချယ်မယ်ဆိုရင်လည်း ဖြစ်နိုင်တယ်။) ခြုံပြီးတွက်ရမယ်ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော် အမတ် ၆၅၆ ဦး (၆၆ဝ-၄) အနက် အမျိုးသမီးကိုယ်စားလှယ် ရာခိုင်နှုန်းက ၃.ဝ၄ % ပဲ ရှိတာ တွေ့ရတယ်။ အခု အမျိုးသမီးအမတ် ၂ဝ ဦးမှာတောင်မှ အနိုင်ရပါတီက ဘယ်နှဦး၊ အနိုင်ရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုသူ အမျိုးသမီးက ဘယ်နှဦးဆိုတာ အချိုးချကြည့်ရင် ပိုလို့စိတ်ဝင်စားစရာ ကောင်းတာတွေ တွေ့ရနိုင်သေးတယ်။ စစ်အစိုးရက အာဏာမလွှဲခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၄၈၅ မှာ အမျိုးသမီးအမတ်က ၁၅ ဦးပဲ နိုင်တယ်ဆိုတော့ ရာခိုင်နှုန်းအရ ၃.ဝ၉ % ပဲ ရှိတာ တွေ့ရတယ်။ အခု ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့တော့ သိပ်မခြားနားလှပေဘူး။

လက်ရှိ သမ္မတက တင်သွင်းတဲ့ အစိုးရသစ်ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို တွေ့ရတဲ့ အခါကျတော့ အမျိုးသမီးကိုယ်စားပြုမှု သုည (ဝ) ဖြစ်နေတာ တွေ့ရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုမှာ အမျိုးသမီး ဘယ်လောက်ပါဝင်သလဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်မှုကို လူသိရှင်ကြား ထုတ်ပြန်ထားတာ မဟုတ်လေတော့ မသိရသေးဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမျိုးသမီး ကိုယ်စားလှယ် မည်ရွေ့မည်မျှ ပြိုင်ခဲ့သလဲ.. မည်မျှ အနိုင်ရအမတ် ဖြစ်ခဲ့သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ တွက်ချက်ထုတ်ကြည့်ဖို့တော့ ကောင်းလှတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးကို လေးစားပါတယ်ဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့လည်း သက်သေပြဖို့ လိုသေးတယ်။ (စကားချပ်။ တိုင်းရင်းသားအရေးလည်း အလားတူပါပဲ။ သမ္မတက တင်သွင်းတဲ့ အစိုးရသစ် ဝန်ကြီးအဖွဲ့ ၃၃ ဦးကို လေ့လာကြည့်တော့ ဒုသမ္မတ စိုင်းမောက်ခမ်း (ရှမ်းပြည်နယ်၊ မဲဆန္ဒ နယ်အမှတ် ၃) နဲ့ ဦးအုန်းမြင့် (ဗခ ဟောင်း) ဖားကန့်၊ ဦးအေးမြင့် (ဗခ ဟောင်း) မော်လမြိုင် ၃ ဦးသာပဲ တိုင်းရင်းသား ပြည်နယ်တွေက ယှဉ်ပြိုင်ထားသူဆိုတာ တွေ့ရတယ်။ ကျန်တဲ့ ဝန်ကြီး ၃ဝ က ပြည်မမဲဆန္ဒနယ်တွေက စစ်တပ်ကို ကိုယ်စားပြုတင်တာ၊ (မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း.. စသဖြင့်) က တင်ထားသူတွေ ဖြစ်နေတာ တွေ့ရတယ်။)

အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချနိုင်သလား၊ ခေါင်းဆောင်နိုင်သလား။

ယေဘုယျအားဖြင့်တော့ အမျိုးသမီးတွေကို နိုင်ငံခေါင်းဆောင်၊ ဒါမှမဟုတ် ဦးဆောင်တဲ့နေရာမှာ ထားဖို့ဆိုတဲ့ကိစ္စဟာ သီအိုရီ ၂ ခု အပေါ် အခြေခံ စဉ်းစားပြောဆိုကြတာ ဖြစ်တယ်။ ပထမစဉ်းစားချက် သီအိုရီကတော့ အမျိုးသမီးတွေကို နေရာသာပေးလိုက်၊ သူတို့က မုဆိုးစိုင်သင် လုပ်ရင်းနဲ့ သင်ယူသွားလိမ့်မယ်။ အမျိုးသမီးတွေလည်း ယောက်ျားတွေလိုပဲ စဉ်းစားဆုံးဖြတ်တတ်တယ်၊ အရည်အချင်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဒုတိယ စဉ်းစားချက်ကတော့ အမျိုးသမီးတွေကို သေချာ ခွန်အား အာဏာ အရည်အချင်း မြှင့်တင်ပေး။ empowerment လုပ်။ ပြီးမှသာ နေရာပေးဆိုတဲ့ စဉ်းစားချက် ဖြစ်ပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေရဲ့ အားကောင်းချက်က သူတို့က အစဉ်အလာအရ မိသားစုကို ပြုစုစောင့်ရှောက်လာခဲ့ရသူတွေ ဖြစ်လေတော့ လူမှုရေးဆိုင်ရာ မူဝါဒချမှတ်ရေးတွေမှာ အားကောင်းတယ်။ လူမှုရေးကဏ္ဍကို ပိုလို့အလေးထားကြတယ်ဆိုတာ တွေ့ရတယ်လို့ ပြောပါတယ်။

တကယ်တော့ အမျိုးသမီးတွေကို နိုင်ငံဦးဆောင်မှု အခန်းကဏ္ဍမှာ မြင့်မြင့်မားမား နေရာပေးရေးဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့လည်း အများကြီးဆိုင်တယ်လို့ ထင်မိပါတယ်။ (အောက်မှာ အပြည်ပြည်ဆိုင်ရာ ပါလီမန် လွှတ်တော်အမတ်များ သမဂ္ဂရဲ့ စီမံချက်ဖြစ်တဲ့ "ပါလီမန်တွင်းရှိ အမျိုးသမီးများ" Women in Parliament ဆိုတဲ့ စီမံချက်က အချက်အလက်တွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ အချို့ လူမှုအဖွဲ့အစည်းတွေက ရှေးရိုးစွဲဆန်၊ မဟာဖိုဝါဒ ရှိကြပါတယ်။ ဂျပန်လိုနိုင်ငံမျိုးမှာ အမျိုးသမီးအမတ် နည်းတာကို တွေ့ရပါလိမ့်မယ်။ အမေရိကန်မှာကတော့ အရင်းရှင်စီးပွားရေးစနစ် သဘော၊ အရည်အချင်းရှိသူ ဦးစားပေးပြိုင်ဆိုင်တဲ့ သဘောကြောင့် အမျိုးသမီးတွေ နေရာရမှု အားနည်းတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာက ကွန်မြူနစ်/ ဆိုရှယ်လစ် အယူအဆ ရှိကြတဲ့ နိုင်ငံတွေမှာတော့ အမျိုးသမီး လွတ်မြောက်ရေး အယူအဆကြောင့် အမျိုးသမီးတွေ နေရာကောင်းကောင်း ပေးထားတာ တွေ့ရပါလိမ့်မယ်။ တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံ လွှတ်တော်တွေကို ကြည့်ရင် တွေ့ရပါလိမ့်မယ်။ နိုင်ငံတခုမှာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာရတာ တိုင်းပြည် ချမ်းသာကြွယ်ဝမှု၊ စီးပွားရေး/လူမှုရေး ဖွံ့ဖြိုးမှုနဲ့လည်း မဆိုင်လှပါဘူး။ ဥပမာ အရှေ့တီမောလို နိုင်ငံမျိုးမှာ အမတ်စုစုပေါင်း ၈၇ မှာ အမျိုးသမီး ၂၂ ရှိတာ (၂ဝဝ၅ စာရင်း) တွေ့ရပါလိမ့်မယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ လာအိုနိုင်ငံမှာလည်း အမတ်စုစုပေါင်း ၁ဝ၉ မှာ အမျိုးသမီး ၂၅ ဦး ရှိတာ တွေ့ရပါလိမ့်မယ်။

တခါ အသွင်ကူးပြောင်းရေးကာလ ဖြတ်သန်းခဲ့တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံတကာ အဖွဲ့အစည်း၊ ကုလသမဂ္ဂ စတဲ့ အင်အားစုတွေရဲ့ ပံ့ပိုးမှုနဲ့အတူ နိုင်ငံသစ်ချင်တဲ့ အနေအထားမှာ အမျိုးသမီးတွေကို အထူးနေရာပေးခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ ဥပမာ - မျိုးဖြုတ်သတ်စစ်ပွဲတွေ ကြုံခဲ့တဲ့နိုင်ငံ ရဝမ်ဒါဆိုရင် အမတ် ၈ဝ မှာ အမျိုးသမီး လွှတ်တော်အမတ်က တဝက်နီးပါး နေရာရထားပါတယ်။

တကယ်တော့ နိုင်ငံကို တည်ထောင်ကြသူ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်အပေါ် အများကြီး မူတည်နေပါတယ်။ ထိုင်းနိုင်ငံက ယခင်ဝန်ကြီးချုပ်ဟောင်း တက်ဆင်လက်ထက်မှာတောင် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက် MDGs တွေ အကောင်အထည်ဖော်ရေး စဉ်းစားကြတော့ သူတို့က အတန်ဖွံ့ဖြိုးပြီးလို့၊ ထောင်စုနှစ် ရည်မှန်းချက် အတော်များများလည်း ပြည့်မီနေပြီး ဖြစ်တော့ကာ၊ သူတို့က MDG Plus (ထောင်စုနှစ် ရည်မှန်းချက်တွေထက် အပို) ရည်မှန်းချက်တွေအဖြစ် ၂ဝဝ၄ ခုနှစ်မှာ ရည်မှန်းအိမ်မက်ခဲ့ကြပါသေးတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ အကန့်အသတ်တွေ ရှိနေသေးပေးမယ့် အဲဒီအိပ်မက်တွေထဲမှာ "နိုင်ငံလွှတ်တော်ထဲ ရှိနေတဲ့ အမျိုးသမီး အရေအတွက်ကို ၂ဝဝ၂-၂ဝဝ၆ အတွင်း ၂ ဆ တိုးတက်လာစေရေး၊ ဒေသဆိုင်ရာ အစိုးရတွေ (မြို့ပိုင်၊ ခရိုင်ပိုင်) နေရာတွေနဲ့ ထိပ်တန်း အုပ်ချုပ်ရေး ရာထူးတွေမှာ အမျိုးသမီးအရေအတွက် ၂ ဆ တိုးလာစေရေး" ချမှတ် လုပ်ဆောင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ခဝတ၊ မဝတ ဥက္ကဋ္ဌတွေထဲမှာ အမျိုးသမီး ဘယ်နှဦး ရှိပါသလဲ။ အခု အသစ်ပေါ်ထွက်လာတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး ကဏ္ဍတွေမှာလည်း အမျိုးသမီးမြို့ပိုင်၊ နယ်ပိုင်တွေ ဘယ်လောက်ရှိလာမှာလဲ။ ဒီပြဿနာရဲ့ ရေသောက်မြစ်ကတော့ မြန်မာနိုင်ငံကတော့ စစ်ရေး-လုံခြုံရေး အသားပေးဝါဒ၊ တို့ယောက်ျားတွေကသာ စွမ်းနိုင်တယ်ဆိုတဲ့ မဟာဖိုဝါဒထဲက မထွက်နိုင်ကြသေးဘူး ဆိုနိုင်သလို၊ တဖက်မှာလည်း အမျိုးသမီးတွေ အခန်းကဏ္ဍ မြှင့်တင်ပေးဖို့ ဘယ်လောက် ပျက်ကွက်နေတယ် ဆိုတာလည်း တွေ့ရပါလိမ့်မယ်။

စီဒေါနဲ့ ကျား-မတန်းတူမှု အကောင်အထည်ဖော်ရေး

မြန်မာနိုင်ငံက အမျိုးသမီးများအပေါ် နည်းပေါင်းစုံနဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုများ အဆုံးသတ်စေရေး နိုင်ငံတကာ သဘောတူညီချက် CEDAW ကို ၁၉၉၇ ခုနှစ်ကတည်းက သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယေဘုယျအားဖြင့် လူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ကြုံရလေ့ရှိတာ၊ နစ်နာနေကြတာဖြစ်တဲ့ ပြဿနာတွေက လုပ်သားနေရာချမှုမှာ ပါဝင်မှု ရာခိုင်နှုန်းနည်းပါတယ်။ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ နေရာမရနိုင်တာ၊ အလုပ်ရပြန်ရင်လည်း လုပ်ခနည်း၊ အချိန်ရှည် အလုပ်မျိုး ဖြစ်တတ်ပါတယ်။ အဆင့်မြင့် ရာထူးရာခံတွေအတွက်ဆိုရင် အမျိုးသမီးတွေ ပါဝင်မှုက ပိုနည်းနေတတ်ပါတယ်။ လိင်ကွဲပြားမှုအပေါ် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေလည်း ကြုံရတတ်ပါတယ်။ အဲဒါအပြင် သူတို့ကိုယ်သူတို့ ကာကွယ်ခုခံမှု မလုပ်နိုင်အောင် ခွန်အား အာဏာလည်း နည်းနေတတ်ကြပါတယ်။

ဒီနေရာတွေမှာ ဖြစ်တတ်တာက ရာထူးခန့်ထားရေး ကော်မတီမှာ ဦးဆောင်နေတာ ယောက်ျားတွေချည်း ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံ ရာထူးဝန်ချုပ်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ပေးရေး အဖွဲ့ဆိုတာက စစ်ဗိုလ်ဟောင်းတွေ၊ ယောက်ျားတွေချည်း ဦးဆောင်တာ ဖြစ်ပါတယ်။ တခါ မြန်မာနိုင်ငံ အစိုးရဖွဲ့စည်းပုံမှာက အမျိုးသမီးတွေက နစ်နာတယ်ထင်လို့ရှိရင် တိုင်ကြားနိုင်တဲ့ အွန်ဘာ့မင့်ရုံး Ombudsman လို၊ ကျား-မ လိင်ကွဲပြားမှု တန်းတူရေးရုံး Gender Equality Office/ Balancing Committee လိုမျိုးလည်း မရှိပါဘူး။ အဲဒီတော့ လူမှုအသိုင်းအဝိုင်းက လက်ခံထားချက်၊ လက်တွေ့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒါမှမဟုတ်ရင်လည်း တချို့နိုင်ငံတွေမှာတော့ အစိုးရဝန်ထမ်းတွေက သမဂ္ဂတွေ ဖွဲ့ပိုင်ခွင့် ရှိကြပြီး၊ နစ်နာရင် စုပေါင်းအရေးဆိုတာမျိုး လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အလုပ်သမားသမဂ္ဂတွေလည်း မရှိပြန်ပါဘူး။

ဒါဆိုရင် အမျိုးသမီးတွေ အရည်အသွေး မြှင့်တင်ရေးအတွက် အစိုးရက အစီအစဉ်ချ လုပ်ဆောင်နေပါသလား။ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေလည်း အစိုးရဆီမှာ မရှိနေပြန်ပါဘူး။ တကယ်တော့ အမျိုးသမီးတွေကို တကယ်နေရာ ပေးချင်တယ်ဆိုရင် တည်ရှိနေတဲ့ အကန့်အသတ်-အတားအဆီးတွေကို တဖက်က လျှော့ချပေးဖို့ လိုအပ်သလို၊ တဖက်ကလည်း သူတို့ စိတ်ဝင်စားမှုနဲ့ အရည်အသွေးကို မြှင့်တင်ပေးနေရမှာပါ။ ဒီနေရာမှာ CEDAW ကော်မတီက မြန်မာနိုင်ငံ တည်ဆဲဥပဒေတွေထဲမှာ CEDAW နဲ့ အညီ မြန်မာနိုင်ငံ ရာဇဝတ်ဥပဒေ၊ တရားမဥပဒေ၊ တည်ဆဲဥပဒေတွေကို စိစစ်ပြင်ဆင်ဖို့ အကြံပေးထားတာ ကြာပါပြီ။ ဦးထွန်းထွန်းဦးနဲ့ ကျန် အမျိုးသား ၆ ဦး ဦးဆောင်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကိစ္စတွေကို စိစစ်ကြမှာလား၊ ရှေ့နေချုပ်တွေက ဒီကိစ္စတွေ ဆောင်ရွက်ကြမှာလား... ဆိုတာ စဉ်းစားကြည့်တော့ ဦးစားပေးအစီအစဉ်မှာ ရှိဟန်မတူပါဘူး။

ဒါတင်မကပါဘူး။ လူမှုအဖွဲ့အစည်းကို တကယ်ပြောင်းလဲချင်တယ်ဆိုရင် လုပ်ဆောင်စရာ ကိစ္စတွေက အများအပြား ရှိနေပါသေးတယ်။ ပညာရေးကဏ္ဍမှာ လိင်ကွဲပြားမှုအပေါ် အလေးထားတဲ့ ပညာရေးသင်ရိုးညွှန်းတန်းတွေ ဖြစ်လာစေရေး၊ အစိုးရဌာနတွေနဲ့ လုပ်ငန်းခွင်တွေမှာ လိင်ကွဲပြားမှုအပေါ် အလေးထားတတ်ဖို့ Gender sensitivity education သင်တန်းတွေပေးဖို့ လိုအပ်နေပါသေးတယ်။ အမျိုးသမီးတွေဘဝ တကယ်မြင့်တက်လာအောင်လည်း အပြုသဘော ဆောင်ရွက်ချက်တွေ affirmative actions တွေ လိုအပ်နေပါတယ်။ နေပြည်တော် ဒီဇိုင်းအသစ်က ဒီလိုစဉ်းစားချက်တွေ ရှိပါရဲ့လား။ မေးခွန်းထုတ်စရာပါ။

တကယ်တော့ နိုင်ငံရေးဆိုတာ အာဏာကို ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်ကြတာချည်း မဟုတ်ပါဘူး။ အတူတကွ နိုင်ငံကို တည်ဆောက်ကြရတာပါ။ တိုင်းရင်းသားနဲ့ ဗမာတွေနဲ့မှ မဟုတ်။ ကျားနဲ့ မ တန်းတူရည်တူ လက်တွဲပြီး တည်ဆောက်ဖို့လည်း လိုအပ်နေကြောင်းပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,7th,2010

( 33 )Shared corruptions” with Maldives worth hundreds of millions, reports Democratic Voice of Burma

( 32 )မေးခွန်းနှင့် အဆိုများ ဆွေးနွေးတော့မည်

( 31 )A Myanmar Times closure would be bad news

( 30 )အဓမ္မ လုပ်အားပေး ပပျောက်ရေး ILO ဆက်လက်ဆောင်ရွက်မည်

( 29 )Karen refugees face uncertain future in Thai border camps

( 28 )ထိုင်းနယ်စပ်မှ မြန်မာသို့ တရားမဝင် သကြားတင်သွင်းမှု ပိတ်ပင်

( 27 )Myanmar destroys 6,083 hectares of poppy plantation

( 26 )Myanmar 'Developing Scud Missiles with N.Korean Assistance'

( 25 )မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်

( 24 )The ILO and forced labour in Burma

( 23 )သနပ်ပင် မယက ရုံး ပြိုကျ

( 22 )The Burmese farmers’ plight

( 21 )Overhaul of Burma sanctions urged

( 20 )အဆိပ်ပြင်းမြွေများကြောင့် ကျေးရွာများတွင် လူ၊ တိရိစ္ဆာန် သေဆုံးမှုရှိ

( 19 )In the past four years, 65,000 Burmese refugees have resettled

( 18 )လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင်တွင် ကရင်နီပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပါဝင်

( 17 )Myanmar, Malaysia boost business ties

( 16 )ဖြတ်လေးဖြတ်စီမံချက် ပြန်စဖို့ စစ်အစိုးရ လေးလပတ်အစည်းအဝေး ဆုံးဖြတ်

( 15 )Warden refuses to accomodate Myanmerese monks in hostel

( 14 )ရန်ကုန်မြို့မှာ ဓာတ်ဆီမှောင်ခိုလုပ်ငန်း တကျော့ပြန်လာနေ

( 13 )Myanmar to launch first global education exhibition

( 12 )အဓမ္မ မြေယာသိမ်းမှု အရင်ကထက် ပိုများလာ

( 11 )Myanmar democracy group slams military fund

( 10 )ပျက်ကျလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း တွေ့ရှိ

( 9 )Private sector urges rice ties

( 8 )မြန်မာ့ဒီမိုကရေစီရေး ညီလာခံ ဖို့ဒ်ဝိန်းမြို့မှာ ကျင်းပ

( 7 )Burma fails to act to narcotics industry

( 6 )တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း

( 5 )Harsh reality of life in the lucky country

( 4 )ထိုင်းနိုင်ငံ တပ်ခရိုင် မှ မြန်မာသံဃာတော်များ ဆက်လက်နေထိုင်ခွင့် ရရှိ

( 3 )Free Burma Rangers: a US military man's dream

( 2 )လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံတ၀န်း ခရီးသွားလုပ်ငန်းမှာ ထိခိုက်

( 1 )Shan Migrant Workers in Thailand

Sunday, March 6, 2011

“လူမျိုးတစ်ခု၏ စာပေသည် ထိုလူမျိုး၏ အသက်သွေးကြောဖြစ်ကြောင်း” မောင်မယ် သစ်လွှင်များကို ဒေါက်တာ ကျော်သိန်းပြောကြား

သင်းသဇင်ခိုင်

လူမျိုးတစ်ခု၏ စာပေသည် ထိုလူမျိုး၏ အသက်သွေးကြောပင် ဖြစ်ကြောင်းနှင့် ထိုစာပေ ယဉ်ကျေးမူ ထွန်းကားပါမှ အဆိုပါ လူမျိုးတိုးတက် စည်ပင်နိုင်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မီတီ နာယက ဒေါက်တာကျော်သိန်းမှ ၂၀၁၀-၂၀၁၁ ခုနှစ် မောင်မယ်သစ်လွှင် ရခိုင် ကျောင်းသားများကို ပြောဆိုလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ပြောကြားမူကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ကမာရွတ် မြို့နယ် City Lion ဟိုတယ်တွင် ကျင်းပပြုလုပ်သော ၂၀၁၀-၂၀၁၁ ပညာသင်နှစ် ရန်ကုန်ရောက် ရခိုင် ကျောင်းသူ ကျောင်းသားများ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

အခမ်းအနားကို တက်ရောက်ခဲ့သူ မောင်မယ်သစ်လွှင် တစ်ဦးဖြစ်သူ ကိုသိန်းကျော်လိုင်မှ “ ဆရာက အဖွင့်အမှာ စကားပြောကြားခဲ့တဲ့ အထဲမှာ စာပေရဲ့ တန်ဖိုးကြီးမားပုံ၊ လူမျိုးတစ်မျိုးအတွက် စာပေဟာ အသက်သွေးကြော ဖြစ်တယ်။ စာပေ ယဉ်ကျေးမူ ဂုဏ်မြှင့်မှ လူမျိုးဂုဏ်မြင့်တယ်ဆိုတာတွေကို ပြောပြသွားပါတယ်” ဟု ပြောသည်။

၂၀၁၀-၂၀၁၁ ခုနှစ် ရန်ကုန်ရောက် ရခိုင်ကျောင်းသား ကျောင်းသူများ မောင်မယ် သစ်လွှင်ကြိုဆိုပွဲကို အဆိုပါနေ့ နံနက် ၉နာရီတွင် ရခိုင် စည်တော်တီးကာ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများ အပါအ၀င် လူပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့သည်။

“ ကျွန်တော်တို့ အနေနဲ့လည်း ရခိုင်စာပေရေးသား ဖေါ်ထုတ်ရေးကို တတ်သိ ပညာရှင်တွေနဲ့ ကော်မီတီ တစ်ရပ် ဖွဲ့စည်းပြီး အမြန်ဆုံး လုပ်ကိုင်သွားသင့်တယ်လို့ မြင်ပါတယ်။ ရခိုင်စာပေ ဖေါ်ထုတ်ရေးကို အပြောသက်သက်နဲ့ ခရီးဆက်လက်တာ အခုဆိုရင် ရာစုနှစ်နဲ့ ချီပြီး ကြာလာပါပြီ။ ရခိုင် စာပေ အက္ခရာ အထင်အရှား ရှိနေပေမယ့် စာပေအအေရးအသား မပေါ်ပေါက်တာဟာ အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပြီး အားလုံး လက်ခံနိုင်တဲ့ အရေးအသား တစ်ရပ် ပေါ်ပေါက်ဖို့ ၀ိုင်းဝန်းကြိုးစားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ကိုသိန်းကျော်လိုင်မှ သူ့အမြင်ကို ပြောကြားသည်။

အခမ်းအနားတွင် ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မီတီ ဥက္ကဌ ဒေါက်တာ ခင်မြင့်မြင့် (အနောက်ပိုင်းတက္ကသိုလ်၊ မြန်မာစာဌာန)မှလည်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ် ပေါင်းစုံမှ ရခိုင် ကျောင်းသူ ကျောင်းသားများက မိမိတက္ကသိုလ် အလိုက် ရခိုင်ရိုးရာ အကများဖြင့် ကပြ တင်ဆက်ကြပြီး ညနေ ၃ နာရီတွင် အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပင်လုံမှ ပင်လုံသို့ … ပင်လုံမှ လွတ်လပ်ရေးသို့

ဂါမဏိ

တိုင်းရင်းသား ခေါင်းဆောင်များရဲ့ ရှေ့ဆောင်မှုနဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူပြီး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဆော်သြလိုက်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အားတက်သရော ထောက်ခံပါဝင်ကာ ၂၁ ရာစု ပင်လုံညီလာခံလို့ သတ်မှတ်ပေးခဲ့ပါတယ်။


၁၉၄၇ ပင်လုံညီလာခံရဲ့ ပင်မအနှစ်သာရက ဗမာနဲ့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေ အတူတကွ လွတ်လပ်ရေးယူဖို့နဲ့ ရှမ်း၊ ကချင်၊ ချင်းနယ်မြေ ၃ ခုကို ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေကနေ တိုးချဲ့ပြီး နောင်မှာ နယ်မြေ ၃ ခုတင်မက တိုင်းရင်းသားအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး ပေးဖို့ပါ ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ ပထမပိုင်းဖြစ်တဲ့ အတူတကွ လွတ်လပ်ရေးယူဖို့သာ အကောင်အထည်ပေါ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ပေးရေးက ပျက်ပြယ်သွားခဲ့ပါတယ်။

အဓိကပြဿနာက ပင်လုံစာချုပ် သဘောတူညီချက်ဟာ ပင်လုံဥပဒေ (Law) အဆင့်ကို ရောက်မလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ကလိမ်ကကျစ် လုပ်သူတချို့ကြောင့် ပင်လုံ သဘောတူစာချုပ်ကနေ အခြေခံဥပဒေအဖြစ် ရောက်မလာခဲ့တာပါ။ ဒါကြောင့်လည်း မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာဟာ ပြည်တွင်းစစ်မီးအထိ ကြီးထွားပေါက်ကွဲခဲ့ရပါတယ်။

ဒါပေမဲ့ အင်မတန် ကြီးကျယ်ထင်ရှားတဲ့ ပင်လုံစာချုပ်ကို လုံးဝလက်လွတ်စပယ် ပယ်ဖျက်ဖို့ မလွယ်တဲ့အတွက် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈-၆ဝ ခုနှစ်လောက်အထိတော့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ မဟုတ်တောင် အတော်ကြီး ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသား အားလုံးဆိုင်ရာ ဥပဒေဖြစ်မလာတဲ့အတွက် ကျန်တဲ့ တိုင်းရင်းသား အားလုံးကလည်း ပင်လုံအရသာ မခံစားခဲ့ရပါဘူး။ ဒါကြောင့် ၁၉၄၈-၄၉ ခုနှစ်ကစလို့ ပင်လုံစာချုပ်ပါ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကင်းလွတ်ခဲ့တဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ထွက်လာခဲ့ပြီး ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အတိုင်းအတာ ကြီးကြီးမားမား ခံစားနေရလို့ သူပုန်မထခဲ့ပါဘူး။

ဒါပေမဲ့ ပင်လုံစာချုပ်-ပင်လုံ စိတ်ဓာတ်ဟာ ပင်လုံဥပဒေအဖြစ် အခိုင်အခန့် မဖြစ်ခဲ့တဲ့အတွက် အာဏာရ လူမျိုးကြီးဝါဒီတွေဟာ တစတစနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေကို လှိုက်စားဖြိုဖျက်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ်မှာ ရှမ်းလက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၁ ခုနှစ်မှာ ကချင်လက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၄ ခုနှစ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေး ပေါ်လာရုံမက ၁၉၆၁ ခုနှစ်မှာပဲ ဖက်ဒရယ်မူ တောင်းဆိုတဲ့ တောင်ကြီး လူမျိုးပေါင်းစုံကွန်ဖရင့် ကျင်းပရတဲ့ အခြေဆိုက်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဟာ ပြည်မ၊ ရှမ်းပြည်၊ ကချင်နဲ့ ချင်း တောင်တန်းဒေသတွေရဲ့ အာဏာပိုင်တွေအကြား သဘောတူချုပ်ဆိုတာဖြစ်လို့ ဥပဒေမဖြစ်သေးပေမယ့် အာဏာသက်ရောက်မှု တစုံတရာ ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတကြိမ် ၂ဝ၁၁ ခုနှစ်မှာလည်း အာဏာသက်ရောက်မှု ရှိဖို့ဆိုရင် အာဏာရှိသူတွေကြားမှာ ဆွေးနွေးသဘောတူညီမှု ချမှတ်ဖို့ လိုပါတယ်။ အာဏာမရှိသူတွေ ဆွေးနွေးသဘောတူ ချမှတ်ရင်တော့ ပင်လုံစာချုပ်အဆင့် မရောက်ဘဲ ဒုတိယမြောက် ဗိုလ်အောင်ကျော်လမ်း ကြေညာချက်သာ ဖြစ်သွားပါလိမ့်မယ်။ (ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ကို NLD နဲ့ UNLD တို့က ၁၉၉ဝ ခုနှစ်မှာ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ဖူးတယ်။) နယ်စပ်မှာ လုပ်ခဲ့တဲ့ မာနယ်ပလော၊ မယ်သရောထနဲ့ သူမွဲကလိုး စာချုပ်တွေလို မှိန်ပျောက်သွားဖို့လည်း များပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၁၉၈၉ ခုနှစ်မှာ ပင်လုံနဲ့ ပတ်သက်လို့ ပြောခဲ့ရာမှာ လူထုက နှင်းအပ်တဲ့ အာဏာရထားတဲ့ အစိုးရကပဲ လုပ်နိုင်တဲ့ ညီလာခံလို့ ပြောခဲ့ဖူးပါတယ်။
xxx

၂ဝ ရာစုတုန်းက လုပ်ခဲ့တဲ့ ပင်လုံစာချုပ်ဟာ ၂၁ ရာစုမှာ ပြင်ဆင်ဖို့ လိုနေပြီလား၊ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်လို့ ၂၁ ရာစုနဲ့ ၂ဝ ရာစု ဘာတွေကွာသလဲဆိုတာလည်း ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ အချက်များအနက် အတူတကွ လွတ်လပ်ရေးယူရေးဆိုတဲ့ အချက်ကိုတော့ အတူတကွ အာဏာရှင်စနစ် ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးလို့ အခု ၂၁ ရာစုမှာ အစားထိုးပြင်ဆင်ဖို့ လိုတာကလွဲပြီး ဒုတိယပင်မအချက်ဖြစ်တဲ့ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရေးကတော့ ဘာမှ ပြင်ဆင်စရာ၊ လျှော့ပေါ့စရာ၊ ဖြည့်စွက်စရာတွေမလိုဘဲ စာချုပ်အဆင့်ကနေ အများဆိုင်ရာ ဥပဒေအဆင့် ရောက်ဖို့သာ အဓိက လိုအပ်နေပါတယ်။ ဥပဒေအဆင့် ရောက်ဖို့ ဆိုတာကလည်း အာဏာပြဿနာက သော့ချက်ဖြစ်နေပါတယ်။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံလုပ်ရင် ၂ဝ ရာစု ပင်လုံစာချုပ်ကို ၂၁ ရာစု ပင်လုံဥပဒေ ဖြစ်အောင်လုပ်ဖို့က အဓိက လုပ်ငန်းတာဝန် ဖြစ်ပါလိမ့်မယ်။

၂ဝ ရာစု ပင်လုံညီလာခံလုပ်ချိန်၊ ပင်လုံစာချုပ် ချုပ်ချိန်ဟာ နယ်ချဲ့စနစ်အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစု ပင်လုံညီလာခံ လုပ်ချိန်ကတော့ အာဏာရှင်စနစ်တွေ အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်နေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုစလားဗီးယား-ဆားဘီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရတ်နဲ့ အခုနောက်ဆုံး ဆူဒန်နိုင်ငံတွေထဲက တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးလာတာဟာ ၂ဝ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံလို့ နာမည်ခံထားတဲ့အတွက် ဒီ ၂၁ ရာစု ထူးခြားချက်ကို အသိအမှတ်မပြုလို့ မဖြစ်ပါဘူး။

xxx

၂၁ ရာစုမှာ တိုင်းရင်းသား ပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ် ရှိနေပါတယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ ခွဲထုတ်ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘောရစ်ယဲ့လ်ဆင်လမ်း၊ နောက်တခုက (ယူဂိုစလားဗီးယားနိုင်ငံထဲက ပြည်နယ်တွေ ခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယား လူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ်လမ်း ဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘောရစ်ယဲ့လ်ဆင်လမ်းက အနာအကျင်သက်သာပြီး သွေးမြေမကျ ငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပထမတခုကတော့ "ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်ရဲ့ လမ်းကတော့ မြန်မာပြည်မှာ အရင်ကလည်း ကျင့်သုံးခဲ့ဖူး၊ အခုလည်း ကျင့်သုံးနေတဲ့ သွေးချောင်းစီး သေကြေပျက်စီးတဲ့လမ်း ဖြစ်ပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖိတ်ခေါ်တဲ့ လမ်းဖြစ်ပါတယ်"။ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ မြန်မာပြည် တိုင်းရင်းသားပြဿနာ ဖြေရှင်းရေးအတွက် ဗမာလူမျိုးကြီးထဲက ယဲ့လ်ဆင်လိုလူမျိုး ပေါ်လာဖို့ လိုနေပါပြီ။ မီလိုဆီဗစ်တွေ အလိုမရှိပါ။

ဘောရစ်ယဲ့လ်ဆင်လမ်းကို မရောက်နိုင်သေးခင်မှာ ရှေ့ပြေး သို့မဟုတ် ကြားကာလအဆင့်အဖြစ် အဆင်အပြေဆုံး ဖြေရှင်းနည်း ဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေး ဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက် ရောက်တာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့မခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရထားတာဟာ နောင် မြန်မာပြည်ရဲ့ တိုင်းရင်းသား ပြည်နယ်များ လေ့လာအတုယူစရာ ဖြစ်နေပါတယ်။

တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းကတော့ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင် ပေါ်နေတာ အားလုံး အသိပါပဲ။ ဒါပေမဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေကတော့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံ မဟုတ်တဲ့ တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ် ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ (နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကလွဲလို့) အံ့သြလောက်အောင် ပေးထားပါတယ်။ ဟောင်ကောင်မှာ တရုတ်ကွန်မြူနစ် အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး၊ တရုတ်တပြည်လုံးကို ပိတ်ဆို့ထားတဲ့ အင်တာနက်ဆင်ဆာ ကင်းလွတ်နယ်မြေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လွတ်လပ်သော အာရှအသံ ရုံးဖွင့်ခွင့် ထပ်ဆင့်လွှင့်စခန်း ထားရှိခွင့် ရထားတဲ့ နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်း ဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်း ဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဗဟိုအစိုးရ လုံးဝနီးနီး စွက်ဖက်ခွင့် မရှိတဲ့ နယ်မြေဖြစ်ပါတယ်။

ဒါကြောင့်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်၌က ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စား လိုလားတဲ့အကြောင်း ပြောနေသလို UWSA ဝ’ တိုင်းရင်းသားတွေကလည်း စိတ်ဝင်စား အားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။

xxx

နအဖကတော့ ၂ဝဝ၃ အမျိုးသားညီလာခံမှာ တိုင်းရင်းသား ၁၃ ဖွဲ့က အပျော့ပြောင်းဆုံး အဆိုပြုထားတဲ့ တိုင်းရင်းသား အခွင့်အရေးကိုတောင် လုံးဝလက်မခံခဲ့တာ ဖြစ်တဲ့အတွက် အခုအဆိုပြုထားတဲ့ ၂၁ ရာစုပင်လုံကို ခွဲထွက်ခွင့် ပါသည်ဖြစ်စေ၊ ခွဲထွက်ခွင့် မပါသည်ဖြစ်စေ လက်ခံမှာ မဟုတ်ပါဘူး။ (၂ဝ၁ဝ ရွေးကောက်ပွဲမှာတောင် ကြံ့ဖွတ်မဟုတ်ရင် သူ့ကို ဘယ်လောက်ဖားဖား ခေါ်မသုံးတာကို တွေ့ခဲ့ပြီးပါပြီ။ ကိုယ့်ဘက်က ဘယ်လိုစေတနာထား ပျော့ပြောင်းသည်ဖြစ်စေ နအဖဘက်ကတော့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ၂၁ ပင်လုံကို အကောင်အထည်ဖော်ရာမှာ မိမိဘက်က လူထုကို စည်းရုံးပြီး၊ အဆင့်မြင့်ကို တက်လှမ်းနိုင်ဖို့ ပြင်ထားသင့်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ၂၁ ရာစုပင်လုံနဲ့ ၉ဝ ရွေးကောက်ပွဲရလဒ် ပြဿနာကို အတွေးရှင်း၊ အမြင်ရှင်း လက်တွေ့ရှင်းဖို့ လိုပါတယ်။ အာဏာပြဿနာဟာ အရင်းခံဖြစ်တယ်၊ ထိပ်တန်းဦးစားပေး ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါ။

ဒီကနေ့ကာလမှာ လက်ငင်းအရေးတကြီး လိုအပ်နေတဲ့ တိုင်းရင်းသားရေး အကျိုးပြုချက်အဖြစ် ၂၁ ရာစုပင်လုံထက် စာရင် "တိုင်းရင်းသား ငြိမ်းအဖွဲ့တွေနဲ့ ငြိမ်းမဟုတ်တဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတဲ့ "နအဖတပ်တွေ၊ ထိုးစစ်ဆင်မယ့်တပ်တွေ ထိုးစစ်ရပ်စဲ နောက်ပြန်ဆုတ်အောင် တောင်းဆိုဖိအားပေးရေး၊ စစ်အစိုးရရဲ့ နယ်ခြားတပ် ဝါးမျိုရေး၊ ကျွန်ဇာတ်သွင်းရေး စီမံကိန်းကို ဆန့်ကျင်ရပ်တည်နေတဲ့ ဝ’ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမေရိကန်နဲ့ အင်တာပိုက ဝရမ်းထုတ်ထားတာ၊ ငြိမ်းအဖွဲ့တွေအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးရေး တောင်းဆိုဆော်သြ လှုပ်ရှားတာက တိုင်းရင်းသား ချစ်ကြည်ရေး၊ ညီညွတ်ရေးနဲ့ နားလည်မှုရှိရေးတွေအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။

ကျောင်းသားနှစ်ဦးအရက်တိုက်ပြီး မြန်မာစစ်သား စုဆောင်းခံရ

KNG

ကျောင်းသား (၂) ဦးအား အရက်တိုက် ယစ်မူး စေပြီး အတင်း အဓမ္မ မြန်မာ စစ်သား စုဆောင်းမှုတစ်ခု ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်ထဲ လွန်ခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့ သည်ဟု ဒေသခံများ ပြောသည်။

အထက်တန်း ကျောင်းသား နှစ်ယောက်မှာ ၁၄ နှစ် အရွယ်နှင့် ၁၅ နှစ်အရွယ် ၉တန်းနှင့် ၁၀တန်း တက်နေကြ သည့် ပူတာအိုခရိုင်၊ ဆာခွမ်ဒမ်း ကျေးရွာ သားဖြစ် သည်ဟု ၎င်းကျောင်းသား နှစ်ဦးနှင့် နီးစပ် သူများက ဆိုသည်။

“သူတို့လေး တွေခု ငိုနေကြတယ်။ အိမ်ပြန်ချင်နေကြတယ်။ ဒါမဲ့ မြန်မာ စစ်တပ်က ခွင့်မပြုဘူး။ မိဘတွေ ကလည်း ဘာမှ မတတ် နိုင်ဘူး။” ဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။


နှစ်ယောက်လုံးကို စစ်တပ် ထဲမှပြန်ခေါ် ထုတ်နိုင်ရန် ကြိုးစားခဲ့ မိပြီးနောက် ကလေး မိဘများ ပို၍ဒုက္ခ ရောက်ရပြီး အတူနေ ဒေသခံ ရွာသား များမှာလည်း ကျောင်းသား မိဘများ၏ တောင်းဆို သည်ကို မလိုက်လျောသည့် ဒေသခံမြန်မာ စစ်တပ်အပေါ် ဒေါသထွက် နေကြဟု သိရသည်။

အဓမ္မစစ်သားစုဆောင်းခံနေရသည့်ကျောင်းသားနှစ်ဦးအား မြန်မာပြည်အလယ်ပိုင်း မြန်မာစစ်စခန်းသို့ ပို့လွှတ်သွားရန် သိရှိရကြောင်း ဒေသခံများပြောနေကြသည်။

“စစ်တပ်ကပြောတာကတော့ သူတို့က ကလေးတွေကို အတင်းတိုက်တွန်းတာမဟုတ်ဘူး။ ကလေးတွေဖာသာ ဆုံးဖြတ်ကြတာ။” ဟု ဒေသခံက ဆက်ပြောပြသည်။

ပူတာအိုဒေသသည် ဝေးလံခေါင်ဖျားသည့်အတွက် အခြားအဖွဲ့အစည်းများထံမှ အကူအညီများရရှိရန် ခက်ခဲပါသည်။

“ဘယ်ဌာနဆိုင်ရာ၊ ဘယ်ရဲဌာနကမှ ကူညီဖို့မရှိဘူး။” ဟု ဒေသခံတစ်ဦးပြောသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (SPDC) က နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)နှင့် လက်တွဲကာ ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်မည့်အစား ကလေးစစ်သားစုဆောင်းနေသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (International Human Rights Watch) ၏ ၂၀၁၁ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပဋ္ဋိပက္ခထဲပါဝင်ကြတဲ့ အဖွဲ့တွေအားလုံးဟာ ကလေးစစ်သားစုဆောင်းလေ့ကျင့်ပေးနေဆဲဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ILO အဖွဲ့နဲ့ ကလေးစစ်သားပပျောက်ရေးသဘောတူထားတာတောင်မှ ကလေးစစ်သားတွေသုံးနေဆဲဖြစ်တယ်။” ဟု လူအခွင့်အရေးစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရနှင့် ဂျင်နီဗာအခြေစိုက် အိုင်အလ်အိုအဖွဲ့ သဘောတူညီမှုရရှိပြီးနောက် ၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ILO ဆက်ဆံရေးအရာရှိတစ်ဦး ထားရှိခဲ့သည်။

“မြန်မာစစ်တပ်မတော်ကြည်းဟာအစီရင်ခံစာပြုစုတဲ့ကာလာအတွင်းမှာပဲ ကလေးစစ်သားစုဆောင်းနေတာတွေ ဆက်လက်ပြီးတိုးတက် နေပါတယ်ဆိုတဲ့သတင်း ILO ကရရှိထားပါတယ်။” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက လုံခြုံရေးကောင်စီသို့ ၂၀၁၀ ခုနှစ် ဧပြီ ၁၃ ကတင်ပြခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၉ ဧပြီအထိ ကလေးစစ်သား ၂၆၅ ဦးအား မြန်မာစစ်တပ်က မိဘထံပြန်လည်အပ်နှံခဲ့သည်ဟု ယင်းအစီရင်ခံစာတွေ ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတွင် စုစုပေါင်း ကလေးစစ်သား ၇၀၀၀၀ ခန့်ရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများကဆိုသည်။

မြန်မာလေယာဉ်မှူး ၂ ဦး ရုရှတွင် လေယာဉ်ပျက်ကျသေဆုံး

မဇ္ဈိမသတင်းဌာန

ရုရှနိုင်ငံတောင်ပိုင်းတွင် စနေနေ့က လေယာဉ်တစီးပျက်ကျရာ မြန်မာလေယာဉ်မှူး ၂ ဦးအပါအဝင် လေယာဉ်ပေါ်ပါသူ ၆ ဦးလုံးသေဆုံးကြောင်း ရုရှသတင်းဌာန RIA Novosti သတင်းတရပ်တွင် ပါရှိသည်။

Belgorod မြို့မှ ၁၆၅ မိုင်အကွာ Garbuzovo ကျေးရွာနေအိမ်ပန်းခြံအတွင်း ပျက်ကျသွားသည်။


မြန်မာစစ်အစိုးရက ခရီးသည် ၁ဝဝ အထိစီးနင်းနိုင်သော An-148 အမျိုးအစား လေယာဉ်နှစ်စီး ရုရှားမှ မှာထားပြီး ပထမတစင်းကို ဤလအတွင်း မြန်မာနိုင်ငံ ပို့ရမည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti က ဆိုသည်။

လေယာဉ်ပျက်ကျခါနီး ရွာပေါ်သို့မကျအောင် မြန်မာလေယာဉ်မှူးတဦးက လမ်းကြောင်း ပြောင်းပေးသွားခဲ့သည်ဟု ရုရှသတင်းဌာန LifeNews မှ သတင်းစာဆရာတဦးက မဇ္ဈိမသို့ ပြောသည်။

လေယာဉ်ပျက်ကျစဉ်က မြေပြင်တွင် ပျက်ဆုံးဆုံးရှုံး သေဆုံးမှု မရှိကြောင်း သိရသည်။

မြန်မာ့အရေးကို လစ်ဗျားလောက် အရေးမထားတဲ့ ကုလသမဂ္ဂ

ထက်အောင်

၂၀၁၁ ခုနှစ်ဟာ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုတွေနဲ့ စတင်ခဲ့ပြီး ကမ္ဘာ့သတင်း မီဒီယာတွေက “စံပယ်တော်လှန်ရေး” လို့ လျင်လျင်မြန်မြန်ပဲ ကင်ပွန်းတပ်ခဲ့ကြတယ်။ ဒါပေမယ့် မြောက်အာဖရိက က စတင်တဲ့ ဒီမိုကရေစီလှိုင်းဟာ လစ်ဗျားနိုင်ငံဆီ ကူးစက်လာတဲ့အခါမှာတော့ လူထုလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ သင်းပျံ့တဲ့ အနံ့အသက်ဟာ စတင်ပျောက်ဆုံးခဲ့ပါတော့တယ်။

ဖေဖော်ဝါရီလလယ် ရောက်ချိန်မှာတော့ လစ်ဗျားရဲ့ အိမ်နီးချင်း တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေမှာ အစိုးရခေါင်းဆောင်တွေကို ဖြုတ်ချနိုင်ခဲ့တဲ့ အောင်မြင်တဲ့ လူထုဆန္ဒပြပွဲတွေရဲ့ အရှိန်အစော်က ၁၉၆၉ ခုနှစ်မှာ အာဏာသိမ်းပြီး တိုင်းပြည်ကို ယနေ့အထိ အာဏာရှင်တဦးအနေနဲ့ အုပ်ချုပ်နေတဲ့ မွမ်မာ မူဟာမက် အယ်လ် ကဒါဖီ အုပ်ချုပ်မှုကို တော်လှန်ဖို့ လစ်ဗျားပြည်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြလာကြပါတယ်။

အာရပ်ကမ္ဘာရဲ့ အခြားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့မတူဘဲ လစ်ဗျားက ဆန္ဒပြ ပြည်သူတွေဟာ သူတို့ရဲ့အာဏာရှင် ကဒါဖီရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရပြီး ကဒါဖီဟာ သူ့ကိုသစ္စာခံတဲ့ လစ်ဗျားစစ်တပ်ရဲ့ အစိတ်အပိုင်းတချို့၊ သူငှားရမ်းထားတဲ့ ကြေးစားစစ်သားများသာမက ဗုံးကြဲစစ်လေယာဉ်ကိုတောင်မှ အသုံးပြုပြီး လက်နက်မဲ့ ဆန္ဒပြည်သူတွေကို ချေမှုန်းနေပါတယ်။


ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ အထူးအစည်းအဝေးတရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ခေါ်ယူ ကျင်းပခဲ့ပြီး လစ်ဗျားအစိုးရဟာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် (Commission of Inquiry - CoI) စေလွှတ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်မဲမရှိ တညီတညွှတ်တည်း တောင်းဆိုလိုက်ပါတယ်။

အဲဒီတောင်းဆိုချက် ထွက်ပေါ်လာပြီး နောက်တနေ့မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကောင်စီရဲ့သမိုင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ကို တညီတညွတ်တည်း ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ လစ်ဗျားအစိုးရဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crime against Humanity) ကို သူ့ပြည်သူတွေအပေါ် ကျူးလွန်ခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးရန် နယ်သာလန်နိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးအပ်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

မကြာသေးခင် ကာလတွေအတွင်း နိုင်ငံတကာအရေးအရာ ကိစ္စတွေမှာ ကုလသမဂ္ဂရဲ့ ၀င်ရောက်ဆောင်ရွက်ခဲ့တဲ့သမိုင်းမှာ ရှားပါးတဲ့လုပ်ရပ်အဖြစ် လုံခြုံရေးကောင်စီရဲ့ အင်းအားကြီးနိုင်ငံ ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ်နဲ့ ရုရှားနိုင်ငံတို့ဟာ ကဒါဖီးအစိုးရကို အရေးယူတဲ့ကိစ္စမှာ တညီတညွတ်တည်း ရပ်တည်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ICC ဟာ လစ်ဗျားအစိုးရက လူသားများအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုမျိုး ကျူးလွန်ခြင်း ရှိမရှိ စုံစမ်းစစ် ဆေးရေးကော်မရှင် ဖွဲ့သင့် မဖွဲ့သင့်ကို အမြန်ဆုံး စဉ်းစားဆုံးဖြတ် လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ICC ရဲ့ ရှေ့နေ Luis Moreno-Ocampo က ရာဇ၀တ်မှုကျူးလွန်တဲ့ ဘယ်လို နိုင်ငံခေါင်းဆောင်မျိုးမှ ဥပဒေရဲ့ကင်းလွတ်ခွင့် မရရှိစေရဘူး၊ ယခုကိစ္စကို နှောင့်နှေးမှုမရှိဘဲ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရက်စက်ဖိနှိပ်တဲ့ အစိုးရတရပ်ကို အခုလို ရက်ပိုင်းအတွင်း ထိထိရောက်ရောက် ကိုင်တွယ်ဆက်ဆံခဲ့တာဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အင်းအားကောင်းကောင်းနဲ့ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဘာကြောင့်များ အစွယ်ကျိုးနေရပါသလဲ။

အဖြေက အလွန်ရိုးရှင်းပါတယ်။ လစ်ဗျားအစိုးရကို အရေးယူတဲ့အခါမှာ လုံခြုံရေးကောင်စီမှာ ရရှိခဲ့တဲ့ ညီညွတ်မှုမျိုး မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်တဲ့အခါမှာ ဘယ်တုန်းကမှ မရရှိခဲ့ပါဘူး။

စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ ဒီမိုကရေစီထူထောင်ဖို့ မြန်မာပြည်သူတွေ လမ်းမတွေပေါ်ထွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ အခါတိုင်းမှာ စစ်အစိုးရရဲ့ စစ်တပ်အင်းအားသုံးပြီး လူမြင်ကွင်း လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် နှိမ်နှင်းခံခဲ့ကြရပါတယ်။
မြန်မာပြည်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေ မျှော်လင့်ရမယ့် အရာတွေကတော့ လမ်းမတွေပေါ်မှာ ပစ်သတ်ခံရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာ၊ လူသားရဲ့ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ နှစ်ပေါင်းများစွာ ထောင်ဒဏ်အပြစ်ပေးတာ၊ ဒါမှမဟုတ် နယ်စပ်ဒေသတွေကို ထွက်ပြေးပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံရတာတွေပဲ ဖြစ်ပါတယ်။

၂၀၀၇ နှစ်မှာ လောင်စာဆီနဲ့ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်ခဲ့တာကြောင့် ပြည်သူတွေရဲ့ဘ၀ရပ်တည်ရေး ခက်ခဲလာချိန်မှာ ပြည်သူတွေရဲ့ လူမှုဒုက္ခကို ကူညီဖို့ ဗုဒ္ဓဘာသာရဟန်းတော်များ ဦးဆောင်ပြီး သံဃာထုတရပ်လုံးက ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကာ စစ်အစိုးရကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရက စစ်တပ်အင်အားသုံးပြီး ဆန္ဒပြ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။
အလားတူ ၂၀၀၃ ခုနှစ်မှာ ပါတီရဲ့စည်းရုံးရေးခရီးစဉ်နဲ့ အထက်မြန်မာပြည်က ဒီပဲယင်းမြို့ကိုသွားစဉ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်တော်ယာဉ်တန်းကို စနစ်တကျကြိုတင်စီမံပြီး အရပ်ဝတ်လူရမ်းကားအုပ်စုက ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့လို့ ဒီမိုကရေစီလိုလားသူ အယောက် ၇၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

မြန်မာစစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ တိုင်းပြည်ရဲ့ အစွန်အဖျားက တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခကို အကြောင်းပြုပြီး ကျေးရွာပေါင်း ၃၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနည်းစု တိုင်းရင်းသားလူမျိုး ၅ သိန်းခန့်ဟာ တောတောင်တွေထဲမှာ ပုံးအောင်းနေရတာနဲ့ နယ်စပ်ဒေသကို ထွက်ပြေးလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ယနေ့အထိ ခိုလှုံနေကြရပါတယ်။

ဒီလို စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အထွေထွေညီ လာခံနဲ့ လူ့အခွင့်အရေးကောင်စီတို့က ၁၉၉၀ ခုနှစ်များ အစောပိုင်းကာလ ကတည်းက နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်ချက်များ ချမှတ် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရဟာ ၎င်းတို့ကိုယ်တိုင် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေကနေ ယနေ့တိုင် ဥပဒေရဲ့ကင်းလွတ်ခွင့်ကို ရရှိခံစားနေကြပါတယ်။

လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် မရှိခဲ့တဲ့အတွက် မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေဟာ တနှစ်ထက်တနှစ် တိုးတက်လာတာမရှိဘဲ ပိုလို့ ဆိုးရွားလာနေပေမယ့် နိုင်ငံတကာ ဥပဒေတွေဟာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုမှ အကျိုးမသက်ရောက်နိုင်ပါဘူးလို့ ၎င်းတို့ကို ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။

၂၀၁၀ ခုနှစ်အစောပိုင်းမှာတော့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ သူ့ရဲ့ မြန်မာပြည်ဆိုင်ရာ အခွင့်အရေးအစီရင်ခံစာမှာ ယခင်ကနဲ့ မတူဘဲ ထူးထူးခြားခြား မြန်မာပြည်က ဖြစ်နိုင်ခြေရှိတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေအတွက် CoI တရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း တောင်းဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီကရော လုံခြုံရေးကောင်စီကပါ သူ့ရဲ့တောင်းဆိုချက်ကို ယနေ့အချိန်အထိ အရေးယူ တုန့်ပြန်ဆောင်ရွက်တာ မရှိခဲ့ပါဘူး။

ယခုလောလောဆယ် ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို Asian Legal Resource Center (ALRC) က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သီးခြားအစီရင်ခံစာ တစောင်တင်သွင်းခဲ့သလို ALRC ရဲ့ မြန်မာ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေသုံးသပ်ချက်တချို့ကိုလည်း မတ်လ ၃ ရက်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ALRC က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း ဂျပန်အစိုးရကိုယ်စားလှယ်က မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များကို မေးမြန်းခဲ့တဲ့ မေးခွန်းတချို့ကို ရည်ညွန်းထားပါတယ်။

“မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စနစ်တကျ အခွင့်အရေး ချိုးဖောက်မှုပြဿနာသည် နိုင်ငံတကာ လူအဖွဲ့အစည်းစံနှုန်းများနှင့် နိုင်ငံတကာဥပဒေများကို လိုက်နာကျင့်သုံးရန် ငြင်းဆန်နေသည့် ပြဿနာထက် မြန်မာနိုင်ငံရဲ့ ဥပဒေများ သို့မဟုတ် မည်သည့် ဥပဒေ ဖြစ်စေကာမူ ဥပဒေတရပ်ရပ်၏ စံနှုန်းတွေကို လိုက်နာကျင်သုံးရန် ငြင်းဆန်နေသည့် ပြဿနာဖြစ်ပါသည်” လို့ ဂျပန် အစိုးရရဲ့ ကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။

ALRC ရဲ့ ကြေညာချက်ထဲမှာ လူ့အခွင့်အရေးကောင်စီရဲ့ အားနည်းချက်ကိုလည်း ထောက်ပြဝေဖန်ထားပါတယ်။ ကြေညာချက်မှာ “မြန်မာနိုင်ငံဥပဒေများနှင့် မြန်မာပြည်တွင်း ဖြစ်ပွားနေသော လက်တွေ့ဖြစ်ရပ်များအကြား ကွာဟချက်သည် အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်သော လုပ်ရပ်များ၏ နောက်ဆက်တွဲ ရလဒ်သက်သက်မျှ မဟုတ်ပါ။ ယင်းသည် မူဝါဒဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး မြန်မာနိုင်ငံက နာတာရှည်လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အခြေခံကျသည့် အကြောင်းတရားတခု ဖြစ်ပါသည်။ သို့သော် ဤအချက်ကို လူ့အခွင့်အရေးကောင်စီက မည်သည့်အခါကမျှ ပြည့်ပြည့်၀၀ လက်ခံအသိအမှတ်ပြုခြင်း မရှိခဲ့ပါ” ဟု ဖော်ပြထားသည်။

ဒါ့အပြင် ကံမကောင်း အကြောင်းမလှစွာပင် မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုကို မည်သည့်အခါမှ မရရှိခဲ့ပါ။ ရလဒ်အနေနဲ့ စစ်အစိုးရက ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နိုင်ငံတကာဥပဒေ ယန္တရားတရပ်ရပ် ရှိမနေခြင်းဘဲ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လစ်ဗျားခေါင်းဆောင် ကဒါဖီလို လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို ဗုံးကြဲနှိမ်နှင်းမှု မလုပ်ခဲ့လို့ပါလား။ ဒါမှမဟုတ် သွေးစွန်းခဲ့တဲ့လမ်းမတွေကို စစ်အစိုးရက အောင်အောင်မြင်မြင် ဖုံးကွယ်ထားနိုင်ခဲ့လို့ပါလား။ ဒါမှမဟုတ် မြန်မာစစ်တပ်အတွင်း အကွဲအပြဲ မဖြစ်ခဲ့လို့ပါလား။

လစ်ဗျားနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အစိုးရကိုယ်တိုင်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပြင်းထန်မှုရော ကျယ်ပြန့်မှုပါ ကွာခြားပေမယ့် မြန်မာပြည်က တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေတွေအပေါ် ကုသသမဂ္ဂအနေနဲ့ ပြည်သူတွေဘက်က တသံတည်း တညီတညွတ်တည်း ရပ်တည်ထောက်ခံပေးဖို့ကိုလည်း မြန်မာပြည်သူတွေ ရရှိခဲ့သင့်တာ ကြာပါပြီ။

Plane crash in central Russia kills six, two of them Myanmar pilots

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,6th,2010

( 19 )When the people are enemies of the state

( 18 )Plane crash in central Russia kills six, two of them Myanmar pilots

( 17 )အစိုးရ ဘတ်ဂျက်ကိစ္စ စီအာပီပီ ဆွေးနွေး

( 16 )Myanmar to enforce ban on illegal ivory business

( 15 )6 killed in Russian plane crash

( 14 )ကာကွယ်ရေး အသုံးစရိတ် များပြားသည့် အပေါ် အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် ကန့်ကွက်

( 13 )Migrant Networks Fight Back

( 12 )ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ဆွေးနွေးဖို့လိုကြောင်း ထိုင်းဝန်ကြီး ပြောကြား

( 11 )Myanmar democracy group slams military fund

( 10 )တောင်ကိုရီးယားကျောင်းသားတွေ မြန်မာ့အရေး ဆွေးနွေး

( 9 )Than Shwe, the Trembling Dictator

( 8 )NLD ဗဟိုနဲ့ ပဲခူးတိုင်း မြို့နယ်အလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေး

( 7 )A jumbo case of depression

( 6 )ဒေါ်အောင်ဆန်းစုကြည် အကြောင်း အမေရိကန်မဂ္ဂဇင်းမှာ ရေးသားဖော်ပြ

( 5 )Two Burmese among six killed in Russian plane crash

( 4 )နွေရာသီ ပဲခူးမှာ သောက်ရေရရှိရေး NLD ကူညီမည်

( 3 )Burmese Parliament roundup

( 2 )မြန်မာဝယ်မည့် လေယာဉ် ရုရှမှာ ပျက်ကျ၊ မြန်မာ နှစ်ဦး သေဆုံး

( 1 )Cut from a different cloth

Saturday, March 5, 2011

ဘတ်ဂျက်ဥပဒေအပေါ် အန်အယ်ဒီဝေဖန်

မျိုးသန့်

ပြည်သူ့ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရာတွင် ပြည်သူ့လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်းသုံးစွဲမှသာ ဥပဒေအင်္ဂါရပ်နှင့် ကိုက်ညီမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောကြာနေ့တွင် ဝေဖန်လိုက်သည်။

အများပြည်သူသို့ မကြေညာသော်လည်း အစိုးရသည် နိုင်ငံတော် ဘဏ္ဍာရေး အရ၊အသုံးဆိုင်ရာ ဥပဒေနှင့် အချုပ်အခြာအာဏာ တည်မြဲရေး အသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေကို ဖေဖော်ဝါရီလအတွင်း ပြဋ္ဌာန်းခဲ့သည့်အပေါ် NLD က တုံ့ပြန်ခြင်းဖြစ်သည်။

“ပြည်သူ့ ဘဏ္ဍာငွေကို ဥပဒေနှင့်အညီ ခွဲဝေ သုံးစွဲရန် ကိစ္စမှာ ပြည်သူ့လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်းမှသာ ဆီလျော်မည်ဖြစ်သည်။ နိုင်ငံတော်၏ အရသုံးဆိုင်ရာ ဥပဒေအရ တပ်မတော်ရေးရာနှင့် ကာကွယ်ရေး အသုံးစရိတ်အတွက် ခွဲဝေလျာထားမှုမှာ လွန်မင်းစွာ များပြားနေကြောင်း တွေ့ရှိရပါသည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍဖြစ်သော ပညာရေးနှင့် ကျန်းမာရေးအတွက် ဘဏ္ဍာငွေ ခွဲဝေလျာထားသည့် ပမာဏမှာ အလွန်အမင်းနည်းပါးကြောင်းမှာ မြင်သာသည့် အချက်ဖြစ်ပါသည်” ဟု NLD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထို့ပြင် နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေ ပြဋ္ဌာန်းခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့ဆန္ဒ သဘောထားမပါဘဲ သုံးစွဲခွင့် ပြုထားသည့် သဘောဖြစ်၍ မသင့်လျော်ဟုလည်း ဆိုသည်။

NLD ကြေညာချက်မှာ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP သဘောထားနှင့်ပါ ကိုက်ညီသဖြင့် လက်ခံကြောင်း CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

CRPP အဖွဲ့ဝင်များနှင့် NLD ဗဟိုအလုပ်အမှုဆောင်ဝင်များသည် ဗဟန်း အဖွဲ့ချုပ်ရုံး၌ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ တွေ့ဆုံကာ၊ ဧရာဝတီမြစ်ကြောင်းတလျှောက် သစ်တောပြုန်းတီးမှုများ၊ ထိခိုက်ဆုံးရှုံးမှုများ ဆွေးနွေးခဲ့ကြသေးသည်။

“ဧရာဝတီမြစ်ကြောင်း မြစ်ကောတာ၊ မြစ်ကြောင်းမှာ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေ ထိခိုက်လာတယ်။ ဒါတွေဟာ ဧရာဝတီမြစ်ကြောင်း တလျှောက်သာမက မြစ်ဝကျွန်းပေါ်အထိ ထိခိုက်နိုင်တယ်၊ ထိခိုက်လာနိုင်တဲ့ အလားအလာတွေကို တွေ့ရတယ်။ ဒါတွေကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် လေ့လာသွားဖို့ ရှိတဲ့ အကြောင်းတွေကို ဆွေးနွေးကြပါတယ်” ဟု ဦးအေးသာအောင်က ပြောဆိုသည်။

ထို့ပြင် ကျင်းပနေဆဲ လွှတ်တော်များတွင် ဆွေးနွေးချက်များနှင့် ပြုလုပ်လာသည့် ဥပဒေများကို ထောက်ပြဝေဖန်မှုများ ပြုလုပ်သွားရန်ပါ ဆွေးနွေးခဲ့ကြသည်။

“လွှတ်တော်မှာ အထူးသဖြင့်ပေါ့။ ပြည်သူကို ကိုယ်စားပြုပြီးတော့ ပြောမယ့်ဆိုမယ့် သူတွေ၊ အထူးသဖြင့် ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ် အများစု ဖြစ်နေတာတွေ၊ စစ်တပ်ကိုယ်စားလှယ်တွေ ပါနေတာတွေကြောင့် ဒီလွှတ်တော် အဆင့်ဆင့်ဟာ ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ပြည်သူ့အကျိုးကို လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ လွှတ်တော်ကိုယ်စားပြု ကော်မတီကပဲ လွှတ်တော်အဆင့်ဆင့်မှာ ပြုလုပ်လာတဲ့ ဥပဒေတွေ၊ ဆွေးနွေးချက်တွေကို ဝေဖန်သွားမယ်။ အခုလည်းပဲ ဒီ ဥပဒေနှစ်ရပ်ကို CRPP အနေနဲ့ ထောက်ပြဝေဖန် သုံးသပ်ချက်တွေ လုပ်ခဲ့တယ်” ဦးအေးသာအောင်က ဆိုသည်။

ဆွေးနွေးပွဲသို့ NLD အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးဝင်း၊ CRPP ဘက်မှ အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ဦးနိုင်ထွန်းသိန်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြသည်။