ယမန်နေ့က ကော့ဘဇားမြို့တွင် ပြုလုပ် ခဲ့သော ဘင်္ဂလာ - မြန်မာ တပ်မှူး အဆင့် နယ်ခြား အစည်း အဝေးမှာ နစက အရာရှိ များ၏ ကတိပြု ၀န်ခံချက် အများ အပြားနှင့် အတူ အောင်မြင် စွာ ပြီးဆုံး သွားခဲ့ သည်ဟု သိရသည်။ အဆိုပါ အစည်း အဝေးကို ယမန် နေ့နံနက် ၁၁ နာရီမှ နေ့လည် ၃ နာရီထိ ကော့ဘဇားမြို့ Sea Place ဟိုတည်တွင် ကျင်းပခဲ့ပြီး မြန် မာဘက်က နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ဦးဆောင်သော ကိုယ်စားလှယ် ၁၅ ဦး တက်ရောက် ဆွေးနွေး ခဲ့သည်။
ဘင်္ဂလာဘက်က စစ်တကောင်းတိုင်း ဘင်္ဂလာရိုင်ဖယ် တပ်မှူး ဒီတရူ အာလမ် ချော်ဒူရီ ဦးဆောင်သော ကိုယ်စားလှယ် ၂၂ ဦင်္း အစည်း အဝေးတွင် တက်ရောက်ခဲ့သည်။
ဘင်္ဂလာဒေခ်ျက အရာရှိများ၏ အပြောအရ မြန်မာ နစက အရာရှိများ အနေဖြင့် ဘင်္ဂလာဘက်က တင်ပြမူများ အပေါ် အပြုသဘော တုန့်ပြန်မူများ ရှိခဲ့ပြီး ဘင်္ဂလာတာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်များကို ဖြည့်စွမ်းပေးရန် ကတိပြု ၀န်ခံခဲ့သည်ဟု ပြောသည်။
ထိုအထဲတွင် လတ်တလော မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့သို့ အကြီးအကျယ် ၀င်ရောက်နေသော မြန်မာ မူဆလင်များကို မ၀င်ရောက်နိုင်အောင် ရပ်တန့်ရန် နစကများက သဘောတူညီခဲ့ပြီး ဒုက္ခသည် စခန်း (၂) ခုတွင် ရှိနေသော မူဆလင် ဒုက္ခသည် ၂၇၀၀၀ ကိုလည်း ပြန်လည် လက်ခံယူရန်လည်း ကတိပြုခဲ့သည်ဟု သိရသည်။
နယ်စပ်တွင် တည်ဆောက်နေသော တာရိုးများ တည်ဆောက်နေမူနှင့် ခြံစည်းရိုးကာရံနေမူမှာ နေပြည်တော်မှ လာသော စီမံကိန်း ဖြစ်နေသဖြင့် သူတို့ အနေနှင့် မည်သို့မှ မတတ်နိုင်ကြောင်းနှင့် သို့သော်လည်း အဆိုပါ ခြံစည်းရိုးကာရံနေမူမှာ ဘင်္ဂလာဒေခ်ျ့ကို တစုံတရာ ထိခိုက် နစ်နာမည် မဟုတ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်ဟု အစည်းအဝေးအပြီး ထွက်ပေါ်လာသော သတင်းများ အရ သိရသည်။
၎င်းအပြင် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရေး ကိစ္စ၊ ပို့ကုန်သွင်းကုန် မြှင့်တင်ရေး ကိစ္စ၊ မှောင်ခိုကုန်သွယ်မူ တိုက်ဖျက်ရေး ကိစ္စနှင့် နယ်စပ်တလျောက်တွင် ဖြတ်ကျော်ဝင်ရောက် ဓါးပြ ဂိုဏ်းများ နှိမ်နှင်းရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ယခုပြုလုပ်သော နယ်စပ် တပ်မှူများ အလံတင် အစည်းအဝေးမှာ လွန်ခဲ့သောနှစ် နိုဝင်္ဘာလက ပေါ်ပေါက်ခဲ့သော ရေပြင်ပိုင်နက် အငြင်းပွားမူ နောက်ပိုင်း ပထမဆုံး အကြိမ် ပြုလုပ်သော အစည်းအဝေး ဖြစ်ပြီး အဓိကအားဖြင့် နှစ်နိုင်ငံအကြား လက်ခံ သဘောတူနိုင်မည့် နယ်စပ် အရေးကိစ္စများကိုသာ အလေးပေး ဆွေးနွေးခဲ့သည်ဟု သိရသည်။
No comments:
Post a Comment