Narinjara News
မင်းဆက်ခိုင် (နိရဉ္စရာ) ရခိုင်ပြည် နယ် အ နောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဘင်္ဂလာမှ တင်သွင်း အသုံးပြု နေသော တရားမဝင် လက်ကိုင် ဖုံးများ အား ဖမ်းဆီး ရန် အ တွက် အာဏာ ပိုင်များ က မကြာ ခဏ အရပ် သားများ နေအိမ် များအား စစ်ဆင် ရေးများ ပြုလုပ် ရှာဖွေ ခဲ့ရာမှ ယခုအခါ အစိုးရ ဌာန ဆိုင်ရာ ဝန်ထမ်း များ၏ နေအိမ် များသို့ တက်ရောက် ရှာဖွေ မှုများ ပြုလုပ်လာ ကြောင်း သတင်း ရရှိ သည်။
များမကြာမီ ရက်အနည်းငယ်က ရုံးတွင်းသတင်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားသည်ဟု ဆိုကာ ရယက ဝန်ထမ်း၊ ခယက ဝန်ထမ်း၊ ဆက်သွယ်ရေး ဝန်ထမ်းများနှင့် တခြား ဝန်ထမ်းများ၏ နေအိမ်များသို့ နစက အာဏာပိုင် များက တက်ရောက်ပြီး လက်ကိုင်ဖုံးများကို ရှာဖွေခဲ့သည်ဟု အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တဦးက ယခုကဲ့သို့ ပြောသည်။
“အရင်ကဆို ဒီလို အစိုးရ ၀န်ထမ်းတွေရဲ့ အိမ်တွေကို တက်ရောက် ရှာဖွေမူမျိုးတွေ မရှိခဲ့ပါဘူး။ အခု သူတို့ ၀န်ထမ်းတွေဘက်ဆီကို ဦးလှည့်လာပြီး တက်ရောက်ရှာဖွေမှု တွေကို ပြုလုပ်လာတာကို တွေ့ရပါတယ်။ ၀န်ထမ်းတွေကိုလည်း နောက်ဆုံးမှာ သူတို့ စိတ်မချတဲ့ သဘော ဖြစ်လာပါတယ်။ သူတို့ အဓိကထား ရှာတာဖွေတာကတော့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသုံး မိုဘိုင်းဖုံးတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ ဖြစ်ပါတယ်။”
အဓိကအားဖြင့် ယခုတလော မောင်တောခရိုင် အာဏာပိုင်များ၏ မတရား လုပ်ဆောင်ချက်များကို ပြည်ပ ရေဒီယိုနှင့် သတင်းမီဒီယာများတွင် ဖေါ်ပြခဲ့ သဖြင့် မောင်တောခရိုင် တာဝန်ရှိသူများ အနေဖြင့် အထူး ဒေါသထွက်နေကြသည်ဟု သူက ယခုကဲ့သို့ ဆက်ပြောသည်။
“အခုတလောဆို မောင်တော ခရိုင်ဥက္ကဌ သတင်းတို့ တခြားမောင်တောခရိုင် အတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို ရေဒီယို၊ သတင်းမီဒီယာတွေမှာ ခဏခဏ ဖေါ်ပြ လာကြ တယ်ဆိုတော့ ဒီမှာရှိတဲ့ အာဏာပိုင်တွေက အလုပ်ဖြုတ်ခံရမှာ ကြောက်တယ်လေ။ ပြီးတော့ အရင်က မိုဘိုင်းစစ်ဆင် ရေးလုပ်ခဲ့တာတွေမှာလည်း သက်ဆိုင်ရာ အစိုးရ ထိပ်တန်း အရာရှိတွေ အနေနဲ့ လာဒ်ပေး လာဒ်ယူ လုပ်ခဲ့တာတွေ အများကြီး ရှိတယ်။ ခုလို သတင်းမျိုးတွေ အပြင် ပေါက်ကြားရင် ပိုပြီး ပြဿနာ တက်နိုင်တဲ့ အတွက် ဝန်ထမ်းတွေကိုင်တဲ့ ဘင်္ဂလာက လက်ကိုင်ဖုံးတွေကို ဖမ်းဆီးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။”
မောင်တောမြို့တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ တင်သွင်းလာသော လက်ကိုင် မိုဘိုင်ဖုံးများကို ငွေကြေး အကုန်အကျ သက်သာပြီး ဆက်သွယ်ရေး လွယ်ကူသောကြောင့် အရပ်သားများသာမက အစိုးရ ၀န်ထမ်းများပါ တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြ သည်ဟု ရွှေဇား ကျေးရွာ ဒေသခံတဦးက ပြောသည်။
ယခုအခါ မောင်တောမြို့တွင် ဌာနဆိုင်ရာအကြီးအကဲများ၏ ခြစားမှုများ မတရား လုပ်ဆောင်ချက်များအား စောင့်ကြည့်လေ့လာနေသော လျို့ဝှက်အဖွဲ့တဖွဲ့ ရှိပြီး ထိုအဖွဲ့မှ မောင်တောခရိုင်မှ လူကြီးများ မတရား လုပ်ဆောင်နေမူများကို ပြည်ပ သတင်းဌာနများသို့ သာမက ပြည်တွင်း သတင်း ဌာနများသို့ပါ သတင်း ပေးပို့နေသည် ဟု အဆိုပါ ဒေသခံက ပြောသည်။
မြန်မာနိုင်ငံမှ စီဂျီအမ်အေ ဖုံးတလုံး မောင်တောတွင် တန်ဖိုးမှာ ကျပ် ၁၆ သိန်းနှင့် သိန်း ၂၀ အကြားရှိပြီး ဘင်္ဂလာမှ တင်သွင်းလာသော လက်ကိုင်ဖုံးတလုံးမှာ ကျပ်ငွေ တသိန်းခန့်သာ ရှိသဖြင့် ရခိုင် လူထု အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင်သည်ဟု သိရှိရသည်။
No comments:
Post a Comment