Saturday, August 1, 2009

မြောက်ပိုင်းတိုင်းတိုင်းမှူးခရီးစဉ်တွင် ရက်သတ္တတပတ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့

သတင်းနှင့်မီဒီယာ ကွန်ယက်။

မြစ်ကြီးနားမြို့မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက ကချင်လွတ်မြောက် ရေးအဖွဲ့ ထိန်း ချုပ်ရာ တရုတ် - မြန်မာ နယ်စပ်ရှိ လိုင်ဇာသို့ ယနေ့မနက်ပိုင်းက ထွက်လာစဉ် လမ်းခရီး၌ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည်။

မပခ တိုင်းမှူးခရီးစဉ် ကားတန်း၏ ရှေ့ပြေးလမ်းကြောင်းရှင်းသည့် အဖွဲ့မှကားနံပတ် (၁/ခ၃ဝ၈၅ )စစ်ရောင် ဖိုးဝှီးကားသည် နန့်ဆန်ယန်ကျေးရွာအနီး ကုန်းအဆင်းတွင် မြစ်ကြီးနားမြို့သို့ ဦးတည်မောင်းလာသည့် ဟိုင်း လတ်စ် ကားနှင့် အမြီးပိုင်းတိုက်မိပြီး ခရီးသည်တင်ကား တိမ်းမှောက်ကာ လူသုံးဦး ဒဏ်ရာရရှိသွားသည်ဟု နန့်ဆန်ယန် ဒေသခံတဦးက ပြောသည်။

“ဟိုင်းလတ်စ်ကားကဘေးကိုကွေ့လိုက်တော့ အမြီးပိုင်းကိုချိတ်မိပြီး ကားကနှစ်ပတ်လောက် လိမ့်သွား တာတဲ့။ ဒဏ်ရာရတာ သုံးယောက်၊ တယောက်ကတော့ လည်ပင်အရိုးထိသွားတယ်။ သူကတော့ ဒဏ် ရာ ပြင်းတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ပွန်းပဲ့သွားတယ်။”

ပြီးခဲ့သည့်(၂၄)ရက် သောကြာနေ့တွင်လည်း မခပတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၏ ဝိုင်းမော် အခြေစိုက် ခလရ(၅၈) တပ်ရင်းသို့ ထွက်လာစဉ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှေ့ပြေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားက တိုက်မိ သဖြင့် မိုင်းနားကျေးရွာ၊ ရပ်ကွက်(၁)၊ လဝမ်ကထောင်နေ အသက်(၄၅)နှစ်အရွယ် အမျိုးသမီး တဦး ပွဲချင်းပြီး သေဆုံးသွားပြီး သုံးဦး ဒဏ်ရာရရှိသည်ဟု ဝိုင်းမော် ဒေသခံ တဦးက ပြောသည်။

“ဒေါ်ကျောင်းဖဒိုင်နွယ်နဲ့ သူ့အဖေါ် သုံးယောက်နဲ့ လမ်းဖြတ်ဖို့ လုပ်နေတုန်း ကားက ဝင်တိုက် သွား တာ။ သူက ပွဲချင်းပြီး သေသွားတယ်။ အခုသူ့ရဲ့ (၁ဝ)နှစ်အရွယ် သမီးလေးကျန်ထား တယ်။ သူ့အ တွက် ငွေနည်းနည်းပါးပါးလေး လာပေးတယ်လို့တော့ ကြားရတယ်။ အရပ်သား အချင်ချင်း ယာဉ် တိုက်မှုဖြစ်ရင်တောင် တဘက်လူကျေနပ်အောင် လုပ်ပေးရတာလေ။ အခုက တိုင်းမှူးနဲ့ သက်ဆိုင်တဲ့ ကားတန်းက ဖြစ်တာ ပိုပြီးတောင် ကျေနပ်အောင် လုပ်ပေးသင့်တယ်၊ အခုလို ဖြစ်တာကို ဒီမှာ ဘယ် သူမှ မကျေနပ်ကြဘူး။”

ဒဏ်ရာရှိသူများကို မြစ်ကြီးနားဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည်။

လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ်အတွင်း မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့် လက်ထက်တွင်လည်း မြစ်ကြီးနား မှ ဗန်းမော်သို့ မော်တော်ယာဉ်တန်းဖြင့် ထွက်လာစဉ် ရှေ့ပြေးအဖွဲ့ကားတန်းက နန့်ဆန်ယန်ကျေးရွာအတွင်း ဆိုင် ကယ်စီးလာသည့် ဒေသခံ အမျိုးသမီးတဦးအား တိုက်မိ၍ သေဆုံးသွားခဲ့သေးသည်။


No comments:

Post a Comment