Tuesday, September 1, 2009

ဖုန်ကြားရှင်း ထောက်ခံအဖွဲ့အား နအဖ အာဏာပိုင် လိုက်လံဖမ်းဆီး

သျှမ်းသံတော်ဆင့်

ဖုန်ကြားရှင်း အုပ်စုအား ထောက်ခံ သည်ဟု စွပ် စွဲ သတ်မှတ် ခံရသော လားရှိုးမြို့ ပေါ်ရှိ ကိုးကန့်တိုင်းရင်းသား နေအိမ် များ အား စစ်အစိုးရ အာဏာ ပိုင်များ အိမ်တက်ဆင်း လိုက်လံ ရှာ ဖွေစစ်ဆေး ကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက် ပြောပါ သည်။

“သူတို့မသင်္ကာတဲ့ ကိုးကန့် နေအိမ်တွေ တစ်အိမ်တက် ဆင်းရှင်း လိုက်စစ်တယ်။ နေ့ ည မရွေးဘူး။ မနေ့တုန်းက လားရှိုး ရပ်ကွက် ၇ လုန်လော့ က ကိုးကန့်ရုံးတာဝန်ခံ ယန်ကျီးမင် နေအိမ်ကို သွားစစ်ပြီး သူ့မိန်းမ ကိုထပ်ဖ မ်းသွား တယ်၊ ပစ္စတို သေနတ် ၂ လက်နဲ့ လက်ပစ်ဗုံး ရတယ်တဲ့” - ဟု လွယ်ယို့ ကုန်သည် တဦး က ပြောပါသည်။

ကိုးကန့်အရေး အခင်း စဖြစ် ကတည်းက လိုက်လံ ဖမ်းဆီး မှုရှိနေ ကြောင်း၊ ဖုန်ကြားရှင်း အုပ်စု၏ လားရှိုးရုံး တာဝန်ခံ ယန်ကျီးမင် အား လည်း လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဖမ်းဆီး သွားကြောင်း ပြောပါသည်။

ဖုန်ကြားရှင်းအုပ်စု ရှုံးနှိမ့်ရခြင်းနှင့်ပတ်သက်၍ မူဆယ်အခြေစိုက်ကိုးကန့်ကုန်သည်တဦးက အကြောင်းရင်း ၃ ရပ်အပေါ် အခြေခံကြောင်း -(၁) ၆/၈/၀၉ မတိုင်ခင်က ဖုန်ကြားရှင်းသည် ဥက္ကဌ အာဏာသုံးပြီး ၎င်း၏ ဒုဥက္ကဌ ပိုင်ဆုံချိန် ၊ လျူကော်ရှီး နှင့် ထိပ်ပိုင်းအရာရှိ ၄ ဦးအား ရာထူးမှဖြုတ်ချခြင်း၊ (၂) ၎င်းင်းတို့အုပ်စုက စစ်အစိုးရ၏နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်လက်ခံရန် ဆန္ဒရှိသည်ကိုတွေ့ရသဖြင့် ရာထူးမှဖယ်ရှားခြင်း၊ (၃)ပိုင်ဆုံချိန်အုပ်စုကလည်း ကိုးကန့်နယ်မြေဒေသ၏ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍ အားလုံးကို ဖုန်ကြားရှင်းက ၎င်း၏ သားသုံးဦး အား လွဲအပ်ပေးခြင်းတို့ကြောင့် မကျေမနပ်ဖြစ်ပြီး လားရှိုးရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်ထံ ဖုန်ကြားရှင်းတို့အုပ်စု လက်နက်စက်ရုံနှင့် မူးယစ်ဆေးဝါးချက်ရုံရှိသည်ဟုနာမည်ရောင်းစားလံကြုပ်အကြောင်းကြားခဲ့ သောကြောင့် ဖြစ်သည်ဟု ဆို၏။

သီးခြားအတည်မပြုသေးသည့်သတင်းအရ လာမည့် ၂/၉/၀၉ ရက်နေ့တွင် စစ်အုပ်စု၏ရဲချုပ်ခင်ရီ၊ ဒုရဲချုပ် ဇော်ဝင်း နှင့် ပြည်ထဲရေးဝင်ကြီး ဗိုလ်ချုပ်မောင်ဦးတို့အဖွဲ့ ကိုးကန့်အုပ်ချုပ်ရေးကော်မတီသစ်ဖွဲ့စည်းရေးအတွက် လားရှိုးနှင့် ကိုးကန့် မြို့တော် လောက်ကိုင်သို့သွားရောက်မည်ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment