Monday, November 1, 2010

နအဖထိပ်သီးကြီးပို့လိုက်သော ဘုရားဆင်းတုတော် သျှမ်းနာမ်နှိမ်ဟု ဒေသခံများယုံကြည်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းသို့ နအဖထိပ်သီးကြီး ဗိုလ်သန်းရွှေနှင့်ဇနီးပေးပို့လှူဒါန်းလိုက်သော ဘုရား ဆင်းတုတော်ကို သျှမ်းဝတ်စုံဝတ် တရုတ်အမျိုးသားများသွားရောက်ကြိုဆိုခိုင်းမှုအပေါ် တရုတ်နှင့် နအဖ စစ်အုပ်စု ပူးပေါင်း၍ သျှမ်းနာမ်နှိမ် သည်ဟု ဒေသခံများယူဆယုံကြည်နေကြကြောင်းမြောက်ပိုင်းသတင်း ရပ်ကွက်က သိရသည်။

“ဗိုလ်သန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ ပို့လိုက်တဲ့ ဘုရားဆင်းတုတော် အခုလ ၁၇ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်က နမ့် ခမ်းကိုရောက်လာတယ်။ သွားကြိုရတဲ့လူတွေကလဲ တရုတ်လူမျိုးတွေချည်းဘဲ။ ထူးခြား တာက ပင်နီသျှမ်းဝတ်စုံဆင်တူ တွေ ချည်းဝတ်သွားကြတယ်။ ကျနော်တို့ကတော့ တရုတ်နဲ့ ဗမာနဲ့ သျှမ်းနာမ် နှိမ်တယ် လို့ ယူဆတာဘဲ” - ဟု ရွှေလီရောက် နမ့်ခမ်းဒေသခံ ကုန်သည်တဦးကပြောပြသည်။

ကျောက်ဖြူဘုရားဆင်းတုတော်အား ရွှေရောင်ဆေးသုတ်ကာ စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးတို့ နေပြည်တော်မှပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆင်းတုတော်ကို ခယ်လွယ်စော ဘုန်းကြီးကျောင်းသို့ ပင့်ဆောင်စံမြန်း တော်မူရန်ဟုဆိုသော်လည်း နောက်ဆုံး ဒက္ခိဏာရုံကျောင်းသို့ ပင့်ဆောင်ခဲ့သည်ဟု သိရသည်။

“ဘာကြောင့်လဲတော့ မသိဘူး၊ နမ့်ခမ်း ကုန်းကုလားရပ်ကွက်က ဒက္ခိဏာရုံ ကျောင်းကို ပို့လိုက်တယ်။ အဲဒီ ကျောင်းထိုင် ဆရာတော်က ပလောင်လူမျိုး။ နမ့်ခမ်းက စစ်အာဏာပိုင်တွေနဲ့ ရင်းနှီးကျွမ်းဝင်တယ် ” ဟု လည်း အဆိုပါ ကုန်သည်က ဆက်ပြောပြသည်။

လွန်ခဲ့သော ၂ နှစ်ကလည်း နမ့်ခမ်းမြို့လယ်ရှိ သမိုင်းဝင်ကျားဖြူစေတီတော်ကြီးအား နအဖစစ်အာဏာပိုင် များကရွှေရောင် ဆေးသုတ်ခဲ့သဖြင့် မူလယဉ်ကျေးမှုအမွေအနှစ်ကို သဘာဝအတိုင်းမထားဘဲတမင် အရောင် ပြောင်း ဖျက်ဆီးသည်မှာလည်း နာမ်နှိမ်ခြင်းတမျိုးဖြစ်ကြောင်း ဒေသခံများယူဆကာ မကျေ မနပ်ဖြစ်နေကြ သည်ဟု နမ့်ခမ်းမှ ရပ်မိရပ်ဖတဦးကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌လည်း ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံပုံတူ စေတီတွင် ထောင်သောင်းချီ ဘုရားဖူးဗမာလူမျိုးများ ပြည့်နှက်ပြွတ်သိပ်နေသည်ကိုတွေ့ရ ကြောင်း တာချီလိတ်သို့ လာ ရောက်အလုပ်လုပ်နေသူ တောင်ကြီးသား တဦးကလည်းပြောပြသည်။

No comments:

Post a Comment