Monday, June 20, 2011

ဓာတ်အားပေး စက်ရုံ လောင်ချာနှင့် အပစ်ခံရ

ကျော်ခ | တနင်္လာနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၁

ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ အား တနင်္ဂနွေမနက် အစောပိုင်းတွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့များက လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောသည်။

တောင်ငူမြို့ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ သောက်ရေခပ်ချောင်းပေါ်၌ တည်ရှိသော ဆောက်လက်စ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မနက် ၅ နာရီခန့်တွင် လောင်ချာများနှင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

လက်သည်ဖြစ်ကြောင်း မည်သည့်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

“မနက်ပိုင်း ၅ နာရီလောက်က လက်နက်ကြီး ပေါက်ကွဲသံတွေ တဝုန်းဝုန်းနဲ့ ဒီတောင်ငူမြို့ကနေ ကြားရတယ်” ဟု
မြို့ခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

သောက်ရေခတ်မှာ ကွန်ကရစ်တမံ အမျိုးအစားဖြစ်ပြီး၊ အလျား ၁၂၅၃ ပေနှင့် အမြင့် ၃ဝ၈ ပေရှိကာ ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၆ဝ၄ သန်း ထုတ်လုပ်နိုင်ကြောင်း အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဖော်ပြထားသည်။

ယင်းနယ်မြေသည့် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ ၂ နယ်မြေဖြစ်ပြီး၊ တပ်ရင်း ၅ ၏ လှုပ်ရှားနယ်မြေ ဖြစ်သည်။

No comments:

Post a Comment