Monday, June 20, 2011

လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းတွင် မိုင်းခွဲခံရ

ကျော်ခိုင်

မနေ့​ညက ကချင်ပြည်နယ် လွယ်ဂျယ်နဲ့​ မိုး​မောက်အကြား​က တံတား​နဲ့​ လမ်း​တွေ မိုင်း​နဲ့​ ထပ်ပြီး​ အခွဲခံခဲ့​ရလို့​ လမ်း​ကြောင်း​ လုံး​ဝပြတ်​တောက်သွား​ပြီး​ ယာဉ်​တွေ သွား​မရ​တော့​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အခုလ (၁၅) ရက်​နေ့​က လွယ်ဂျယ်နဲ့​ မိုး​မောက်အကြား​က တံတား​ (၃) ခု မိုင်း​ခွဲ ဖျက်ဆီး​ခံခဲ့​ပြီး​ ​နောက်တရက်မှာလည်း​ တံတား​နဲ့​ လမ်း​ဘေး​ ကမ်း​ပါး​ယံ သုံး​နေရာကို မိုင်း​ခွဲဖျက်ဆီး​ခံခဲ့​ရတာ​ကြောင့်​ ကုန်ကား​ကြီး​များ​ သွား​လာလို့​ မရဘဲ ခရီး​သည်တင် ကား​ငယ်​လေး​တွေသာ ဝါး​တွေနဲ့​ ယာယီတံတား​ထိုး​လို့​ ဖြတ်သန်း​နေရပါတယ်။

မ​နေ့​ညကလည်း​ မိုင်း​ခွဲခံရလို့​ ဒီ​နေ့​မှာ​တော့​ ကား​ငယ်​တွေလည်း​ သွား​လို့​ မရ​တော့​တဲ့​အ​ကြောင်း​ လွယ်ဂျယ်​ဒေသခံတဦး​က အခုလို ​ပြောပါတယ်။

“မ​နေ့​ညက ​လေး​လုံး​ပြန်ခွဲပြန်တယ်။ စိန်လုံနား​မှာရယ်၊​ ​ယောရုံနား​မှာ တံတား​တွေပဲ။ ​နောက်တချက်က အ​ကွေ့​နေရာ၊​ ​မြေကြီး​ကို ဖြိုတာ။ ကား​ အ​သေး​တွေက​တော့​ လွန်ခဲ့​တဲ့​ ​နေ့​တွေက သွား​လို့​ ရ​သေး​တာကိုး​။ အခုက လုံး​ဝ သွား​လို့​ မရ​အောင် ပြန်ခွဲပြန်တာ။ တခြား​နေရာ​တွေ ပြန်ခွဲတာ။ အဲဒီ​နေရာ မဟုတ်​တော့​ဘူး​။ ခွဲတာက လုံး​ဝသွား​လို့​ မရ​တော့​ဘူး​။”

လွယ်ဂျယ်-မိုး​မောက် လမ်း​ပိုင်း​ဟာ လွယ်ဂျယ်-ဗန်း​မော် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်​ရေး​ လမ်း​ကြောင်း​ရဲ့​ အစိတ်ပိုင်း​လည်း​ဖြစ်တာမို့​ မိုင်း​ခွဲမှု​တွေစတင်ခဲ့​တဲ့​ အခုလ (၁၅) ရက်​နေ့​ကတည်း​က နယ်စပ် ကုန်သွယ်​ရေး​တွေ ရပ်တန့်​နေပြီး​ ကုန်ကား​တွေ တရုတ်ပြည်ဘက်မှာ ​သောင်တင်​နေပါတယ်။

အခုအခါ လမ်း​ကြောင်း​ပြတ်​တောက်သွား​တဲ့​အတွက် ကုန်သည်​တွေအကုန်လုံး​ဘာမှ လုပ်လို့​မရ​တော့​ဘူး​လို့​ အဆိုပါ လွယ်ဂျယ်​ဒေသခံက ​ပြောပါတယ်။

“လွယ်ဂျယ်ဘက်က ကုန်သည်​တွေလည်း​ ကား​နဲ့​ ကုန်နဲ့​ ပုံသွား​ပြီ။ ဘာမှ လုပ်လို့​ မရ​တော့​ဘူး​။ လမ်း​ကြော ပြတ်သွား​ပြီ။ နယ်စပ်ကုန်သွယ်​ရေး​ လား​ရင်း​ဘက် အခြမ်း​ထဲမှာ ပုံထား​တယ်ကား​။ ကုန်သည်ကြီး​များ​အသင်း​ပေါ့​၊​ အရပ်သား​ကုန်သည်​တွေည်း​ ​သောင်တင်​နေကြတယ်။ ကုန်ကား​ကြီး​တွေက​တော့​ လား​ရင်း​မှာပဲ ​သောင်တင်​နေကြတယ်။ (၁၅) ရက်က​နေ အခုက (၂ဝ)ဆို (၅) ရက်ရှိပြီ​ပေါ့​။”

ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) နဲ့​ မြန်မာစစ်တပ်​တွေအကြား​ ဇွန် (၉) ရက်​နေ့​က တိုက်ပွဲ​တွေ ပြန်ဖြစ်လာပြီး​နောက်ပိုင်း​ ​ကေအိုင်အိုအဖွဲ့​က ဇွန် (၁၅) ရက်ကစလို့​ ကချင်ပြည်နယ် ​နေရာအနှံ့​မှာ အဓိကကျတဲ့​ လမ်း​ကြောင်း​တွေကို မိုင်း​ခွဲဖျက်ဆီး​တာ​တွေ ဆက်တိုက်လုပ်လာ​နေခဲ့​တာ ဖြစ်ပါတယ်။

No comments:

Post a Comment