Friday, October 21, 2011

သမ္မတသစ် ပိတ်ပင် ထားသော လောင်းကစား ဝိုင်းများ ပြန်လည်ဖွင့်လှစ်

မွေခေါဝ်


ထိုင်းနယ်စပ် တာချီ လိတ်မြို့၌ ပိတ်ပင် ထားသော ရပ်ကွက်တွင်း လောင်းကစား ဝိုင်းများ ဂိမ်းဆိုင်များ ပြန်လည် ဖွင့်လှစ် ပြီဖြစ် ကြောင်း တာချီလိတ် ဒေသခံ များ ပြောပြချက် အရ သိရှိရပါသည်။

“အိမ်တွေမှာ ဖွင့်တဲ့ လောင်းကစား ဝိုင်းတွေ ဂိမ်းဆိုင်တွေ ပြန်ဖွင့်ပြီ။ ၃၆ ကောင်တော့ မရောင်းရ သေးဘူး။ ဂိမ်းဆိုင်တွေ ဖွင့်ရင် ရပ်ကွက် ထဲမှာ ဆူညံ သံတွေ ပြန်ထွက် လာတော့ မယ်။ ကောင်းကောင်း မွန်မွန် အိပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု တာလော့ ရပ်ကွက် သားတစ်ဦးက ပြောပါသည်။

ရပ်ကွက်တွင်း လောင်းကစားဝိုင်းများ ယခုလဆန်းပိုင်း၌ ပြန်လည်ဖွင့်လှစ်၍ လောင်းကစားဝိုင်း ဂိမ်းဆိုင်များ၏ အမျိုး အစားအလိုက် တစ်လလျှင် ထိုင်းဘတ် ၂ သောင်းမှ ၈ သောင်းအထိ ဒေသခံအာဏာပိုင်များထံ ပေးဆောင်ရသည်ဟု ဆို၏။

“ကာစီနိုရုံအကြီးစားတွေတော့ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက တိုးတိုးတိတ်တိတ် ပြန်ဖွင့်နေတာ။ ကာစီနိုတွေ ဂိမ်း ဆိုင်တွေ ပိတ်လိုက်တော့ အာဏာပိုင်တွေရဲ့ ငွေဝင်ပေါက်လဲ ပိတ်သွားတယ်။ ဝင်ငွေမရှိတော့ ဧည့်သည်တွေ လာရင် ဧည့်ခံကျွေးမွေးဖို့ လက်ဆောင်ပေးဖို့ မလွယ်ကြဘူး။ ဒါကြောင့်လဲ ဒေသခံအာဏာပိုင် တွေ လုပ်စားဖို့ ပြန်ပြီးပေးဖွင့်တာ ဖြစ်နိုင်တယ်” ဟု ဆန်ဆိုင်းတိုင်း ရပ်ကွက်သားတစ်ဦးကလည်း ပြောပါသည်။

တာချီလိတ်တွင် ရီဂျီးနား ဟိုတယ်။ အားလိုးဝါးဟိုတယ်၊ မဲခေါင်ဟိုတယ်နှင့် ရွှေတြိဂံနယ် မိုင်းဖုန်းရှိ ပါရာဒိုက်စ် ဟိုတယ် တို့တွင် ကာစီနိုရုံအကြီးစားများရှိရာ တရုတ်လောပန်း၊ ထိုင်းနှင့် လောနိုင်ငံမှ လောပန်းများ သွားရောက်ကစားကြသည်။

“အရင်တုန်းက King Romans Casino မှာ အရမ်းစည်ပြီး ဒီတာချီလိတ်က ကာစီနိုတွေ သိပ်မစည်ဘူး။ King Romans Casino ပြဿနာဖြစ်ပြီးနောက် ဒီဘက်မှာ နည်းနည်းပါးပါး ပြန်စည်လာတယ်” ဟု အဆိုပါဆန်ဆိုင်း တိုင်း ရပ်ကွက်သား က ပြောပါသည်။

သမ္မတသစ်အမိန့်ဖြင့် နေပြည်တော်မှ အာဏာပိုင်များ လာရောက်စစ်ဆေးမပြုမည်ဟုဆိုကာ တာချီလိတ်ရှိ ကာစီနိုများ ဂိမ်းဆိုင်များကို ယခုနှစ် ဂျူလိုင်လဆန်းပိုင်း၌ ပိတ်ခိုင်းထားခဲ့သည်။

No comments:

Post a Comment