Thursday, March 1, 2012

ရခိုင်က တရုတ်ဓာတ်​ငွေ့​ပိုက်လိုင်း​ရပ်ရန် ကမ္ဘာတလွှား​တောင်း​ဆို

အေး​နိုင်

မြန်မာ နိုင်ငံ ရခိုင်ပြည် နယ်က​နေ တရုတ် နိုင်ငံ ထဲကို သွယ်တန်း ​ဖောက်လုပ်​ နေတဲ့​ ​ရေနံနဲ့​ သဘာဝ ဓာတ်​ငွေ့​ ပိုက်လိုင်း​ စီမံ ကိန်း​ကို ဆိုင်း​ငံ့​ ထား​ဖို့​ အဖွဲ့​ အစည်း​ ၁၃၀ ​လောက်က မြန်မာ သမ္မတ ဦးသိန်းစိန် ကို ​တောင်း​ဆို လိုက်ပါ တယ်။

ဒီ​တောင်း​ ဆိုတဲ့​ အဖွဲ့​တွေ ထဲမှာ နိုင်ငံ​ ပေါင်း​ ၂၀ က လူအခွင့်​ အ​ရေး​ အဖွဲ့​ တွေနဲ့​ သဘာဝ ပတ် ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ အဖွဲ့​တွေ ပါဝင် ပြီး​ ဒီသမ္မတ ဦး​သိန်း​စိန်က ကချင် ပြည်နယ် မြစ်ဆုံ​ရေ ကာတာကို ဆိုင်း​ငံ့​ သလို ဒီဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​ ကိုလည်း​ ရပ်နား​ဖို့​ လှုပ် ရှား​ တာလို့​ ဦး​ဆောင်သူ ကိုဝင်း အောင်က ​ပြောပါတယ်။

“ဒီစီမံကိန်း​ ကရတဲ့​ အကျိုး​ အမြတ်​ တွေရယ် အရင်း ​အမြစ်​ တွေကို ကျ​နော်တို့​ နိုင်ငံမှာ လိုအပ်​ နေတဲ့​ စွမ်း​အင် လိုအပ် ချက်ကို မဖြည့်​ဆည်း​ ပေး​တဲ့​ အပြင် လက်တ ဆုပ်စာ စစ်အုပ် စုရဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံ ဥပ​ဒေ​ အောက်မှာ ဒီပိုက်ဆံ​ တွေကို ကြိုက်သ လို သုံး​နိုင် တယ်ဆိုတဲ့​ အ​နေ အထား ​တခုမှာ ပြဌာန်း​ ထား​တာ ​တွေ့​ရ တယ်။ ဒါ​ကြောင့်​ ​လော​လော ဆယ် ​ဒေသ ခံ​တွေ အတွက် အကျိုး ​မရှိတဲ့​ ဒီစီမံကိန်း ​ကို ရပ်နား​ ထား​ဖို့​ ​တောင်း​ဆို တာပါ။”

ဒီစီမံကိန်း​က ​ဒေသခံ​တွေရဲ့​ မိရိုး​ဖလာ လုပ်​နေတဲ့​ လယ်​တွေကို သိမ်း​ဆည်း​ပြီး​ နစ်နာ​ကြေး​ တချို့​ပေး​ပေမယ့်​ အလုပ်အကိုင်​ပျောက်ကုန် တာရယ်၊​ ​ဒေသံ​တွေဟာ စီမံကိန်း​လုပ်ငန်း​မှာ ​ကျောက်သယ်၊​ အုတ်သယ်အလုပ်​တွေပဲရတာ။ ဒီစီမံကိန်း​က​နေရလာမယ့်​ အ​မေရိကန်​ဒေါ် လာ ၃၀ ဘီလျံခန့်​ရှိတဲ့​ ​ငွေ​တွေကိုလည်း​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ အစိုး​ရပဲ လိုသလို သုံး​နိုင်ပြီး​ ​ဒေသခံ​တွေအတွက် အကျိုး​ခံ စား​ ခွင့်​ မပါတာ​တွေကိုလည်း​ ​ရွှေဂတ်စ်ရပ်တန့်​ရေး​ လှုပ်ရှား​သူ ​တွေက ​ထောက်ပြပြီး​ ဆန့်​ကျင်ကန့်​ကွက်ကြပါတယ်။

မတ် ၁ ရက်​နေ့​ကို ကမ္ဘာလုံး​ဆိုင်ရာ လှုပ်ရှား​မှု​နေ့​ အဖြစ် သတ်မှတ်ထား​ပြီး​ ဒီစီမံကိန်း​ရပ်တန့်​ဖို့​ တိုက်တွန်း​တဲ့​ လှုပ်ရှား​မှု​တွေကို ရန်ကုန်၊​ စစ်​တွေ၊​ ​ကျောက်ဖြူမြို့​ ​တွေမှာ လုပ်တယ်လို့​ သိရပါတယ်။ ဒါ့​ပြင် ထိုင်း​နိုင်ငံ ဘန်​ကောက်နဲ့​ ချင်း​မိုင်မြို့​တွေက တရုတ်သံရုံး​တွေ​ရှေ့​မှာ စီမံ ကိန်း​ရပ်ဖို့​ ​တောင်း​ဆို ဆန္ဒပြခဲ့​ပါတယ်။ ဂျပန်၊​ မ​လေး​ရှား​၊​ အိန္ဒိယ၊​ ဘင်္ဂလား​ဒေ့​ရှ်နဲ့​ ဥ​ရောပနိုင်ငံ​တွေမှာလည်း​ အလား​တူ လှုပ်ရှား​ဖို့​အစီ အစဉ်​တွေ ရှိ​နေပါတယ်။

ရန်ကုန်မြို့​ သာ​ကေတမြို့​နယ်က တိုင်း​ရင်း​သား​ကျေး​ရွာမှာလည်း​ ဒီစီမံကိန်း​ ရပ်ဆိုင်း​ရေး​ လှုပ်ရှား​မှုကို မနက် ၉ နာရီမှာ လုပ်​ဆောင်ခဲ့​ရာ မှာ လှုပ်ရှား​သူ​တွေက ‘ငါတို့​သဘာဝဓာတ်​ငွေ့​၊​ ငါတို့​အ နာဂတ်’ ဆိုတဲ့​ စာတမ်း​ပါ တီရှပ်​တွေ ဝတ်ဆင်​ဝေငှပြီး​ ပြုလုပ်ခဲ့​ပါတယ်။

သာ​ကေတက ​ရွှေဂတ်စ်လှုပ်ရှား​သူ​တွေကို တိုင်း​ရင်း​သား​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​ရုံး​က​နေ မြို့​နယ်အုပ်ချုပ်​ရေး​မှုး​ရုံး​ကို ရဲက​ခေါ်​ဆောင်ပြီး​ ဒီလှုပ်ရှား​မှုကို ​နောက်​နောင်မလုပ်ဖို့​ ခံဝန်လက်မှတ်ထိုး​ခိုင်း​ပြီး​ ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

လှုပ်ရှား​မှုလုပ်ပြီး​ လက်မှတ်ထိုး​ခဲ့​ရသူ မမာက “လက်မှတ်ထိုး​ရတာက အခုလုပ်တဲ့​ စာရွက်​ဝေတာတို့​၊​ တီရှပ်ဝတ်တာတို့​ဟာ သူတို့​သတ် မှတ် ထား​တဲ့​ ဥပ​ဒေနဲ့​ဆို ငြိတယ်။ ဒီလိုဖြစ်တဲ့​ အတွက် တကယ်လို့​ အ​ရေး​ယူမယ်ဆိုရင် အ​ရေး​ယူနိုင်တယ်။ ဒါကို သိရှိပါတယ်ဆိုတာ လက်မှတ်ထိုး​ခိုင်း​တာပါ” လို့​ ​ပြောပါတယ်။

ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့​မှာလည်း​ စီမံကိန်း​ရပ်​ရေး​လှုပ်ရှား​မှုလုပ်ရာမှာ တူညီဝတ်စုံ ဝတ်တဲ့​ လူ ၆၀ ​လောက်လိုက်ပါတဲ့​ ​မော်​တော်ကား​ရဲ့​မျက်နှာစာမှာ ​ရွှေဂက်စ် လှုပ်ရှား​မှု စာတမ်း​ကို ကပ်ပြီး​ ဘုရား​ဘက်ကို သွား​ရောက်ခဲ့​ကြတယ်။

No comments:

Post a Comment