Thursday, March 1, 2012

လုံခြုံရေးကြောင့် ဆင်ဘိုမြို့ နယ်တွင် ဆယ်တန်း စာမေးပွဲ အခက် အခဲရှိနေ

သျှမ်းသံတော်ဆင့်


လာမည့် မတ်လ ၁၂ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများ စတင်စစ်ဆေးမည် ဖြစ်ပြီး ကချင် ပြည်နယ် ဆင်ဘိုမြို့တွင် စာစစ်ဋ္ဌာနအတွက် လုံခြုံရေးမရှိသဖြင့် ကျောင်းသားများ စာမေးပွဲဖြေဆိုရန် အခက်တွေ့နေ ကြောင်း ဒေသတွင်းလာသည့် သတင်း များအရ သိရသည်။

ဆင်ဘိုမြို့နယ်အတွက် သီးခြားစာစစ်ဋ္ဌာနတစ်ခု ယခုနှစ်မှ စတင်ခွင့်ပြုလိုက်ရာ အဆိုပါမြို့နယ် စာစစ်ဋ္ဌာနသို့ လာ ရောက် မည့် ပညာ ရေးဝန်ထမ်းများအတွက် စစ်တပ်မှ လုံခြုံရေးမပေးနိုင်သဖြင့် ကျောင်းသားများ စာမေးပွဲဖြေဆိုရန် အခက်တွေ့ နေခြင်း ဖြစ်ကြောင်း ဒေ သခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ခါတိုင်းနှစ်တွေက မြစ်ကြီးနားမြို့ စာစစ်ဋ္ဌာနနဲ့တွဲဘက်ထားတာပေါ့ ကျောင်းသားတွေလည်း မြစ်ကြီးနားမှာ သွား ဖြေရတာ ဒီနှစ်က ဆင် ဘိုမြို့နယ်ကို ပညာရေးဝန်ကြီးဋ္ဌာနက သီးခြား စာစစ်ဋ္ဌာနအဖြစ် ခွင့်ပြုလိုက်တယ် သက်ဆိုင်ရာ ၀န်ထမ်းတွေ လာရောက်မဲ့ခရီးစဉ်ကို မပ ခတိုင်းက လုံခြုံရေးမပေးနိုင်ဘူးဆိုပြီး ပယ်ချထားတယ် ဒီကကျောင်းသားတွေ ဖေါင်တင်ထား တာက ဆင်ဘိုမြို့နယ်မှာဆိုတော့ လာမဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘယ်မှာသွားဖြေရမလဲ မသိဘူး ဖြစ်နေတယ်” ဟု သူက ဆိုသည်။

KIA နှင့် အစိုးရတပ်များ ဆင်ဘိုမြို့နယ်အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေသဖြင့် နယ်မြေလုံခြုံမှုမရှိကြောင်း သိရသည်။

လတ်တလော ဆင်ဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူ ဦးရေ စုစုပေါင်း ရ၈ ယောက်ရှိကြောင်း သိ ရသည်။

No comments:

Post a Comment