Sunday, August 26, 2012

ဘင်္ဂလီတချို့အား ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးသို့ပို့

စိုးမင်

စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ ဘင်္ဂလီတချို့အား ရွှေပြည်သစ်မှန်လုံကားသုံးစီးဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးသို့ စစ်တပ်မှဦး ဆောင် ကာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဘင်္ဂလီများကို ကျောက်တော်မြို့နယ်သို့ ၃၆ ဦး၊ မြောက်ဦးမြို့သို့ ၅၂ ဦးနှင့် မင်းပြားမြို့နယ်သို့ ၆၉ ဦး အသီးသီးပို့ဆောင်ခဲ့ ကြောင်း သ တင်းရရှိသည်။

" ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာပေါ့ စစ်တပ်က အဲဒီဘင်္ဂလီတွေကို ရွှေပြည်သစ်မှန်လုံကား သုံးစီးနဲ့ကျောက်တော်မြို့၊မြောက်ဦးမြို့၊ မင်း ပြားမြို့တွေကိုပို့လိုက်တယ်။ " ဟု စစ်တွေဒေသခံတစ်ဦးက ယခုကဲ့သို့ ပြော သည်။

၎င်းဘင်္ဂလီများမှာ ပဋိပက္ခမဖြစ်မီကာလကတည်းက စစ်တွေမြို့သို့ ခရီးသွားရောက်ရှိနေခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ နေရပ်အား ပြန် လည်ပို့ဆောင်ရခြင်းဖြစ်ကြောင်း စစ်တပ်မှ ပြောဆိုခဲ့သည်ဟု သိရသည်။

မြောက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ အမည်မဖော်လိုသူတစ်ဦးက " ပဋိပက္ခမဖြစ်မီ အ ချိန်ကတော့ ဘင်္ဂလီတွေ လဝကမှ ခရီးသွား ခွင့်လက်မှတ်တွေယူပြီး ခရီးသွားတာတွေရှိခဲ့တယ်။ ဒါပေမယ့် အခု စစ်တပ်က ပြန်ပို့လာတဲ့ ဘင်္ဂလီအရေအတွက်ထက် ပိုပြီးနည်း တယ်။ " ဟု ထောက်ပြပြောဆိုခဲ့သည်။

ယခုကဲ့သို့ ပြန်ပို့လာသည့် ဘင်္ဂလီများမှာ ခရီးသွားလက်မှတ်ထုတ်ပေးထားသည့် အရေအတွက်ထက် များပားနေခြင်းကြောင့် ဒေသခံများ အ ကြား မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ခရီးသွားလက်မှတ် ထုတ်ပေးထားသည့် အရေအတွက်ထက် စစ်တပ်မှပို့ဆောင်လာသော ဘင်္ဂလီ အရေ အတွက်မှာ ပို၍ များပြား ကြောင်း ကျောက်တော်မှ နိုင်ငံရေးသမားများကလည်း အတည်ပြုပြောကြားသည်။

No comments:

Post a Comment